Sunday, April 28, 2013

ဖော ယာဉ် ရှပ်တန်းကျိုးပြီး ချောက်ထဲထိုးကျသဖြင့် လူ(၆)ဦးသေ၊ (၂၃)ဦးဒဏ်ရာရ

နေပြည်တော်၊ ဧပြီ ၂၈

၂၇-၄-၂၀၁၃ ရက်နေ့ ၁၇၃၀ အချိန် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ သီပေါ-လားရှိုး ကားလမ်းအတိုင်း သီပေါမှလားရှိုးသို့ နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ရေပြာရိုးရပ်ကွက်နေ ဘိုဟိန်း(၂၃)နှစ် မောင်းနှင်
သော ၁င/xxxx ဖောယာဉ်သည် လမ်းဖောက်လုပ်သားများအား တင်ဆောင်၍ နေပြည်တော် မှ လောက်ကိုင်သို့ ပို့ဆောင်ရန် မောင်းနှင်လာစဉ် လားရှိုးမြို့နယ်၊ ခေးနင်း အေးရှားဝေါလ်နှင့် တန့်ယန်းလမ်းခွဲအနီး ရေကျော်ကုန်းအဆင်း မိုင်တိုင်အမှတ်(၁၆၅/၄)အရောက်တွင် ယာဉ်၏ယာဘက် ရှပ်တန်းကျိုးပြီး လမ်း၏ယာဘက်ရှိ ၁၀ ပေနက်သော ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသော ဇေယျာသီရိမြို့နယ်၊ ဇီးကုန်းအုပ်စု၊ ဗောဓိမြိုင် ရွာနေ နေအောင်(၂၅)နှစ်ပါ ၆ ဦးမှာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး ရွှေတောင်မြို့နယ်၊ ကျွဲတလင်းအုပ်စု၊ သရက်ကုန်းကျေးရွာနေ ဦးကျော်အေး(၅၇)နှစ်ပါ (၂၃)ဦးတွင် ဒဏ်ရာအသီးသီး ရရှိခဲ့သဖြင့် သေဆုံး/ဒဏ်ရာရရှိသူများအား လားရှိုးပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ ဘိုဟိန်းအား လားရှိုးအမှတ်(၁)ရဲစခန်း ယာဉ်(ပ)၁၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။


No comments:

Post a Comment