Tuesday, March 26, 2013

ဦးကိုကိုကြီး ပြောသည့် သဘောထား ကြီးသော မြန်မာ လူမျိုးများ

နီလာမြင့် (ဒိန်းမတ်)
RB News
26.3.2013
 
ဦးကိုကိုကြီး ကဲ့သို့ လူအများက လေးစား ရသော ခေါင်းဆောင် များ၏ သွန်သင် ဆုံးမမှု့များ ကြောင့် မြန်မာ လူမျိုးများ၊ ရခိုင် လူမျိုး များသည် ယခုထက် ပို၍ သဘောထား ကြီးလာစရာ ယဉ်ကျေး လာစရာ ရှိသည်။ ကမ္ဘာ ပေါ်တွင် မြန်မာ ဖြစ်ရတာ၊ ရခိုင် ဖြစ်ရတာ၊ ဗုဒ္ဓ ဘာသာ ဖြစ်ရတာ ဂုဏ်ယူ စရာ ဖြစ်လာ လိမ့်မည်။ 
၈၈ ကျောင်းသား ခေါင်းဆောင် ဦးမြအေး 
မိထ္တီလာ၌ ဖြစ်ခဲ့သော အကြမ်းဖက် မှုသည်လည်း ဘင်္ဂလား ဒေ့ရှ်ဖက်မှ ပြိုဆင်း လာမည့် အန္တရာယ် ကို ကြောက်၍ ဖြစ်တာလား? ဒါဆို ဒီကိစ္စ ကိုလည်း ဗုဒ္ဓ ဘာသာဝင် များဖက်မှ ရခိုင် ကိစ္စ ကဲ့သို့ နားလည် လက်ခံ ပေးလိုက်ပါ။ ဦးမြအေး သိအောင် ပြောလိုက်မည် (တကယ်တော့ ဦးမြအေး သိပြီးသားပါ။ မသိချင် ယောင် ဆောင်နေတာပါ­) 
ဘယ်ဘင်္ဂလီ များမှ မြန်မာ နိုင်ငံသို့ ၀င်မလာပါ။ ဘင်္ဂလီ များသည် အမေရိကား၊ ဥရောပ၊ မလေးရှား၊ ဂျပန် ကဲ့သို့သော နိုင်ငံ များသို့သာ သွားပါသည်။ ဘင်္ဂလား ဒေ့ရှ် နိုင်ငံသည် မြန်မာ နိုင်ငံထက် ချမ်းသာသည်။ လူ့အခွင့် အရေးရှိသည်။ ဘင်္ဂလား ဒေ့ရှ် တစ်တာကာသည် မြန်မာငွေ ၂၀ ကျပ် ကျော်ရသည်။ သူတို့ထက် ဆင်းရဲသော၊ လူ့အခွင့် အရေးမရှိသော မြန်မာ များပင် ငတ်နေသော မြန်မာ နိုင်ငံသို့ ဘယ်ဘင်္ဂလီ များမှ သူတို့၏ ဥစ္စာ ပစ္စည်းများ မတရား အသိမ်း အပိုက် ခံရရန် သူတို့၏ အမေ၊ နှမများ အစော်ကား ခံရရန် ဘယ်ဘင်္ဂလီ များမှ မလာပါ။ မြန်မာ ပြည်မှ ရိုဟင်ဂျာ များပင် ၁၉၆၀ နောက်ပိုင်း မြန်မာ ပြည်မှ ထွက်ခွာ လာခဲ့ရာ ကမ္ဘာ့ နိုင်ငံ အသီးသီးတွင် ယခုမြန်မာ ပြည်၌ ရှိသော ရိုဟင်ဂျာများ ထက်ပင် ပိုများ ပါသည်။ ထို့ကြောင့် ရိုဟင်ဂျာ လူမျိုးများ၏ တိုးပွား နှုန်းမှာ အခြား လူမျိုး များထက် ဆုတ်ယုတ် နေပါသည်။ ရိုဟင်ဂျာများ၏ သန်းခေါင် စာရင်းတွင် လူအယောက် ၅၀ ကျော်ရှိသည် ဆိုခြင်းမှာ ၁၉၇၀ နောက်ပိုင်း ရိုဟင်ဂျာ များအား သန်းခေါင် စာရင်း အသစ်ထုတ် မပေးတော့ပါ။ 
သို့ပါ သောကြောင့် အသစ် မွေးဖွား လာသော ရိုဟင်ဂျာ များသည် အဖိုး အဖွား သန်းခေါင် စာရင်း၌ သာ ဆွေစဉ် မျိုးဆက် ထည့်နေရ သောကြောင့် လူဦးရေများ နေရခြင်း ဖြစ်ပါသည်။ တကယ်တမ်း ပြန်စစ်မည် ဆိုလျှင် ယင်းသန်းခေါင် စာရင်း၏ ငါးပုံတပုံပင် မြန်မာပြည်၌ မရှိတော့ပါ။ အများစုမှာ မြန်မာ အစိုးရနှင့် ရခိုင်များ၏ နှိပ်စက်မှုများ၊ ချုပ်ချယ် မှုများ၊ ပညာ သင်ကြားခွင့် မရှိမှု များကြောင့် နိုင်ငံခြား တိုင်းပြည် များသို့ ထွက်ခွာ သွားကြပြီး ဖြစ်ပါသည်။ ယခု ရခိုင် ပြည်၌ ကျန်ရှိ နေသော ရိုဟင်ဂျာ အများစုမှာ သက်ကြီး ရွယ်အိုများ၊ မိန်းမများ၊ နိုင်ငံခြား တိုင်းပြည်များသို့ သွားခွင့် မသာသေးသော လူငယ် လူရွယ်များ နှင့်ခလေး များသာ ဖြစ်ပါသည်။ 
ဤသည်ကို မြန်မာ အစိုးရက သိလျက်နှင့် ၀ါဒ ဖြန့်နေ ခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ အစိုးရအား၊ ရခိုင်များအား ပြောချင် သည်မှာ ဟစ်တလာသည် ဂျူးများအား မျိုးဖြုတ် သတ်ဖြတ် ခဲ့သော်လည်း မျိုးပြုတ် မသွားပါ။ ပို၍ပင် တိုးတက် လာပါသည်။ ကမ္ဘာ ကြီးအား ချုပ်ကိုင် ထားနိုင် ပါသည်။ ရိုဟင်ဂျာ လူမျိုးများအား မျိုးဖြုတ် သတ်ဖြတ် သော်လည်း မျိုးပြုတ်မည် မဟုတ်ပါ။ ပို၍ပင် တိုးတက် လာပါ လိမ့်မည်။ သင်တို့ ပြောသော လူမြို၍ လူမျိုး မပျောက်ပါ။ သင်တို့သာ ကမ္ဘာ့ အလယ်တွင် ရှက်ဖွယ် ဖြစ်လာ ပါလိမ့်မည်။

No comments:

Post a Comment