Sunday, March 10, 2013

ကြားဖြတ်သတင်း - ရခိုင်များမှ ရိုဟင်ဂျာ အိမ်တစ်အိမ်ကို မီးရှို့ရန် ကြိုးစားခဲ့


M.S. Anwar ,RB News ,9.3.2013
မောင်တော ။ ။ မတ်လ (၉) ရက်နေ့နံနက် ၃ နာရီ အချိန်ခန့်တွင် ရခိုင်အစွန်းရောက် ၅ ဦး မှ မောင်တောမြို့နယ်၊ မြို့မကရင်တန်း (ရှီဒါဖာရာ) ရှိ ရိုဟင်ဂျာ လူမျိုးတစ်ဦး ပိုင်ဆိုင်သော အိမ်ကို မီး ရှို့ ရန် ကြိုးစား ခဲ့သည်။ သို့သော်လည်း အိမ်ရှင် ဖြစ်သူမှ ထိုအချိန်တွင် နိုးနေ၍ ၎င်း၏ နေအိမ်အား မီးရှို့ခံရ မည့် ရန်မှ အချိန်မှီ ကာကွယ်နိုင် ခဲ့ကြောင်း သိရှိ ရပါသည်။

“ရခိုင် အစွန်းရောက်လူငယ် ၅ ယောက်က ဦးဇာဟီဒ်ဟူစိန်း (ဘ) ဦးနူရူအာမီးန်ရဲ့ အိမ်ကို နံနက် ၃ နာရီ လောက် တိတ်တိတ်လေးရောက် လာတယ်။ သူတို့နဲ့အတူ ဓါတ်ဆီဗုံးတွေနဲ့ မီးခြစ်တွေလည်း ပါ လာတယ်။ အိမ်ရှင်နိုးလာတော့ သူတို့တွေ မီးရှို့ဖို့ကြိုးစားနေတာ ကိုတွေ့လိုက်တယ်။ အိမ်ရှင်နဲ့ အိမ်နီး ချင်းတွေ က ဖမ်းဖို့ လိုက်တော့ လေးယောက် လွတ်သွားတယ်။ တစ်ယောက် ကိုတော့ဖမ်းမိတယ်။ ဖမ်းမိ တဲ့သူကိုမေး တော့ သူက မင်းပြားမြို့နယ်ကနေ မောင်တောကိုရောက်နေတာ ၁၀ ရက်လောက်ရှိပြီ လို့ပြော တယ်။ ပြောပြီးတာနဲ့ ရုတ်တရက် စိတ်မနှံ့တဲ့ အရူးတစ်ယောက်လို ဟန်ဆောင်လိုက်တယ်။

အဲဒီနောက်မှာ ရွာသားတွေက အထက်တန်းကျောင်းမှာ စခန်းချထားတဲ့ စစ်တပ်၊ တပ်ရင်းက တပ်ရင်းမှူး ကို အိမ်တစ် အိမ်ကို မီးရှို့ဖို့ ကြိုးစားနေတဲ့ ရခိုင် တစ်ယောက်ကို ဖမ်းမိထားတဲ့ အကြောင်းပြောပြတယ်။ တပ်ရင်း မှူးက ဖမ်းမိထားတဲ့ သူရဲ့အကြောင်းဘာမှ မမေးဘဲနဲ့ အဲဒီလူကအရူးဆိုပြီးပြောတယ်။ ရွာ သားတွေ ကို ရဲကို အကြောင်းကြား ဖို့ပြောပြီးပြန် လွှတ်လိုက်တယ်။ အဲဒါနဲ့ရဲတွေရောက်လာတော့ ရဲတွေက ဖမ်းထားတဲ့ သူကိုမတွေ့ဘဲနဲ့ အဲဒီလူက အရူးဆိုပြီးပြောပြီး အဲဒီလူကို လွှတ်လိုက်တယ်။ အဲဒီလူညနေ ပိုင်းမှာ ရွာထဲကို တခါထပ်ပြီးဖြတ် သွားဖြတ်လာ လုပ်နေတာကိုတွေ့ လိုက်တယ်” ဟုမောင်တောမြို့ နယ် မှဒေသခံ လူကြီးတစ်ဦး မှပြောပါသည်။

“ည မထွက်ရ အမိန့် ထုတ်ထားပြီး သားရှိတယ်။ ပြီးတော့ရွာရဲ့ အဆုံးနှစ်ဖက်မှာ စစ်တပ် စခန်းနှစ် ခုရှိတယ်။ ရဲတွေနဲ့ စစ်တပ်က ညဘက်ကျရင် အမြဲကင်းလှည့်နေတယ်။ အဲဒီတော့ ညဘက်မှ ဘယ်လိုလုပ်ပြီး အိမ်မီး ရှို့ဖို့လာနိုင်တာလဲ? တပ်ရင်းမှူးကလည်း ဘာမှမမေးဘဲနဲ့ ဖမ်းမိထားတဲ့ လူက အရူး ဆိုပြီးပြောနိုင်ခဲ့တာ လဲ? အဲဒီလူက တကယ် အရူးဆိုရင် ပထမပိုင်းမေး တာမှာ ဘာလို့ ချက် ချင်းဖြေနိုင် ခဲ့တာလဲ? တကယ်လို့ အရူး တစ်ယောက်ဖြစ် ရင်တောင် ဘာကြောင့် ပြန်လွှတ် ရတာလဲ? မေးခွန်းတွေ အများကြီးမေးလို့ ရပါတယ်။ ကျွန်တော် တို့ကတော့ ဒါက ရိုဟင်ဂျာတွေ အပေါ်နောက် တစ်ကြိမ်အကြမ်း ဖက်ဖို့ အတွက် ပူး ပေါင်းကြံ စည်တာဘဲဖြစ်မယ်။ ဒီလို ပူးပေါင်းကြံစည်မှုမှာ အာဏာပိုင် အဖွဲ့ အစည်းတွေလည်း ပါတယ်။ လွန်ခဲ့တဲ့ ညက အိမ်ခြောက်လုံး မီးလောင်သွားတာလည်း အဲဒီ အရူးတွေကဘဲ ရှို့ခဲ့တာဆို ပြီးကျွန်တော် တို့သံသ ယဖြစ်နေ တယ်” ဟု အဆိုပါဒေသခံမှ ဆက်လက်ပြောပါသည်။

No comments:

Post a Comment