Friday, February 1, 2013

အိပ်၍မပျော်သည့် ညများ ကုန်ဆုံးနိုင်မည့် နည်းလမ်းသစ်များ

အိပ်၍မပျော်သည့် ညများ ကုန်ဆုံးနိုင်မည့် နည်းလမ်းသစ်များ

အိပ်မပျော်လို့ နွားနို့ပူပူ သောက်တာ၊ မျက်နှာ ကြက်ကို မော့ကြည့်နေတာ၊ ဒါမှမဟုတ် ကိန်းဂဏန်းတွေ ရေတွက်နေ ရပါသလား။ အောက်ပါ နည်းလမ်း အသစ်တွေဟာ သင့်ကို မြန်မြန်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် စေနိုင်တဲ့ နည်းလမ်းကောင်း တွေပါ။
၁. အိပ်ရာမဝင်ခင် နှစ်နာရီအလိုမှာ ဘာအစားအစာမှ မစားဘဲနေမယ့်အစား ပရိုတင်း စားပေးပါ
အိပ်ရာမဝင်ခင် နှစ်နာရီအလိုမှာ အစာမစားဘဲ နေတာကြောင့် အစာအိမ် အစာချက်နေရတာကို မပြုလုပ်ရ တဲ့အတွက် အိပ်ပျော်တာကို အနှောင့် အယှက်မဖြစ်စေဘူးလို့ သိပ္ပံပညာရှင်တွေက ယခင်က ထင်မှတ်ခဲ့ကြပါတယ်။ အခုနောက်ပိုင်း ညပိုင်းမှာ အဆာပြေစာ စားတာ၊ အထူးသဖြင့် ပရိုတင်းပါဝင်မှုများတဲ့ ကြက်ဥ၊ ဒါမှမဟုတ် မြေပဲ တွေ စားတာကြောင့် အလွယ်တကူ အိပ်ပျော်နိုင် တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒီအစားအစာတွေဟာ တစ်ညတာလုံးအတွက် သွေးတွင်းသကြားဓာတ်တွေ ကို တည်ငြိမ်မှုရှိစေနိုင်တာကြောင့်ပါ။ ဒါပေမဲ့ အိပ်ရာဝင်ခါနီးမှာ ကာဗိုဟိုက်ဒရိတ် အစားအစာ တွေ မစားသငပ့်ါဘူး ။ အိပ်ပျော်နေစဉ်အတွင်း သွေး တွင်းသကြားဓာတ်မြင့်တက်နိုင်ပြီး အဒရီနယ်လင် တွေ မြင့်မားအောင် လှုံ့ဆော်နိုင်တာကြောင့်ပါ။
၂. ပက်လက်အိပ်မယ့်အစား ဘေးစောင်း အိပ်ပါ
ပက်လက်အိပ်တာဟာ အိပ်ပျော်ဖို့ အကောင်း ဆုံး အနေအထားပါလို့ ဆရာဝန်တွေက နှစ်ပေါင်း များစွာကတည်းက ကောက်ချက်ချထားခဲ့ပါတယ်။ ယခုလေ့လာမှုအသစ်အရ ပက်လက်အိပ်တတ်သူ တွေဟာ အိပ်ရာမှ မကြာခဏ နိုးထတတ်တယ်လို့ သိရပါတယ်။ ပက်လက်အိပ်တာကြောင့် သင့်လျှာ ဟာ လည်ချောင်းဘက်ကို လှန်ကျသွားနိုင်လို့ပါ။ ဒါ့အပြင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေစဉ်အတွင်း ကြွက်သားတွေ Relax ရရှိသွားတာမို့ အသက်ရှူ လမ်းကြောင်း ကျဉ်းမြောင်းသွားပါတယ်။ ဒါကြောင့် ပုံမှန်အတိုင်း အသက်မရှူနိုင်တော့တဲ့အတွက် မကြာခဏ အိပ်ရာမှ နိုးရတာပါ။ ဘေးစောင်းအိပ် တာကြောင့် နှစ်နှစ်ခြိုက်ခြိုက် ပိုမိုအိပ်ပျော်နိုင်ပြီး ဟောက်သံလည်း မထွက်နိုင်တော့ပါဘူး။ ဘယ် ဘက်စောင်းအိပ်ခဲ့ရင် ရင်ပူတဲ့ ဝေဒနာလည်း သက်သာနိုင်ပါတယ်။
၃. ချယ်ရီသီးစားပါ
မယ်လတိုနင်ကို အိပ်ပျော်မှု ကောင်းစေတဲ့ ဟော်မုန်းလို့ သတ်မှတ်ကြပြီး ဆရာဝန်တွေအနေနဲ့ အိပ်ပျော်အောင် အဲဒီဆေးဝါးကို အိပ်ရာဝင်ချိန်မှာ သုံးမီလီဂရမ်ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ မနက် အိပ်ရာထခါစမှာ မူးနောက်တဲ့ဝေဒနာခံစားရတဲ့ ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။ ယခုလေ့လာမှု အသစ်အရ မယ်လတိုနင်ကို ဒသမ ၅ မီလီဂရမ် ပေးရင်တောင် တူညီတဲ့ အကျိုးကျေးဇူးရရှိတယ်လို့ သိရပါတယ်။ မယ်လတိုနင်နဲ့အတူ မဂ္ဂနီဆီယမ် ၂၀ဝ မီလီဂရမ်ကို အိပ်ရာဝင်ခါနီး မှီဝဲပါ။ မဂ္ဂနီဆီ ယမ်ဟာ ကြွက်သားတွေကို Relax ရရှိစေတာ ကြောင့် သဘာဝအိပ်ဆေးလို အသုံးဝင်ပါတယ်။ မယ်လတိုနင်ဆေးပြား အလွယ်တကူ မရရှိနိုင်ရင် အိပ်ရာမဝင်ခင်မှာ ချယ်ရီသီး ခွက်တစ်ခွက်စာ ဒါမှမဟုတ် ချယ်ရီဖျော်ရည် တစ်ဖန်ခွက်သောက် လိုက်ပါ။ ချယ်ရီသီးဟာ မယ်လတိုနင်များစွာ ပါဝင်တဲ့ တစ်ခုတည်းသော အသီးအနှံပါလို့ သုတေ သီတွေက ဆိုပါတယ်။
၎. သိုးတွေကို ရေတွက်နေမယ့်အစား ဝင်လေထွက်လေကို မှတ်ပါ
အရင်တုန်းကတော့ အိပ်မပျော်ခဲ့ရင် သိုးတွေ ကို ရေတွက်ရမယ်လို့ အကြံပေးထားခဲ့ကြပါတယ်။ ရေတွက်နေတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းတွေ ထပ်ကာထပ်ကာ အသုံးပြုရတဲ့အတွက် ဦးနှောက် ရဲ့ လုပ်ငန်းအနည်းငယ်တော့ လိုအပ်ပါတယ်။ ဒါ့အပြင် ရေတွက်ရင်းနဲ့ ရေတွက်တဲ့ ကိန်းဂဏန်း များသွားပြီး ရေတွက်ရချိန်ကြာလာတာကြောင့် ဖိစီးမှုလည်း ရရှိနိုင်ပါတယ်။ ဒီလိုလုပ်မယ့်အစား ဝင်လေထွက်လေကို မှတ်သားလိုက်ပါ။ မကြာခင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Credit to  :  GOOD HEALTH
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia
အိပ်မပျော်လို့ နွားနို့ပူပူ သောက်တာ၊ မျက်နှာ ကြက်ကို မော့ကြည့်နေတာ၊ ဒါမှမဟုတ် ကိန်းဂဏန်းတွေ ရေ တွက်နေ ရပါသလား။ အောက်ပါ နည်းလမ်း အသစ်တွေဟာ သင့်ကို မြန်မြန်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် စေနိုင်တဲ့ နည်းလမ်းကောင်း တွေပါ။
၁. အိပ်ရာမဝင်ခင် နှစ်နာရီအလိုမှာ ဘာအစားအစာမှ မစားဘဲနေမယ့်အစား ပရိုတင်း စားပေးပါ
အိပ်ရာမဝင်ခင် နှစ်နာရီအလိုမှာ အစာမစားဘဲ နေတာကြောင့် အစာအိမ် အစာချက်နေရတာကို မပြုလုပ်ရ တဲ့အတွက် အိပ်ပျော်တာကို အနှောင့် အယှက်မဖြစ်စေဘူးလို့ သိပ္ပံပညာရှင်တွေက ယခင်က ထင်မှတ်ခဲ့ကြပါတယ်။ အခုနောက်ပိုင်း ညပိုင်းမှာ အဆာပြေစာ စားတာ၊ အထူးသဖြင့် ပရိုတင်းပါဝင်မှုများတဲ့ ကြက်ဥ၊ ဒါမှမဟုတ် မြေပဲ တွေ စားတာကြောင့် အလွယ်တကူ အိပ်ပျော်နိုင် တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒီအစားအစာတွေဟာ တစ်ညတာလုံးအတွက် သွေးတွင်းသကြားဓာတ်တွေ ကို တည်ငြိမ်မှုရှိစေနိုင် တာကြောင့်ပါ။ ဒါပေမဲ့ အိပ်ရာဝင်ခါနီးမှာ ကာဗိုဟိုက်ဒရိတ် အစားအစာ တွေ မစားသငပ့်ါဘူး ။ အိပ်ပျော်နေစဉ်အတွင်း သွေး တွင်းသကြားဓာတ်မြင့်တက်နိုင်ပြီး အဒရီနယ်လင် တွေ မြင့်မားအောင် လှုံ့ဆော်နိုင်တာကြောင့်ပါ။
၂. ပက်လက်အိပ်မယ့်အစား ဘေးစောင်း အိပ်ပါ
ပက်လက်အိပ်တာဟာ အိပ်ပျော်ဖို့ အကောင်း ဆုံး အနေအထားပါလို့ ဆရာဝန်တွေက နှစ်ပေါင်း များစွာကတည်းက ကောက်ချက်ချထားခဲ့ပါတယ်။ ယခုလေ့လာမှုအသစ်အရ ပက်လက်အိပ်တတ်သူ တွေ ဟာ အိပ်ရာမှ မကြာခဏ နိုးထတတ်တယ်လို့ သိရပါတယ်။ ပက်လက်အိပ်တာကြောင့် သင့်လျှာ ဟာ လည်ချောင်းဘက်ကို လှန်ကျသွားနိုင်လို့ပါ။ ဒါ့အပြင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေစဉ်အတွင်း ကြွက်သားတွေ Relax ရရှိသွားတာမို့ အသက်ရှူ လမ်းကြောင်း ကျဉ်းမြောင်းသွားပါတယ်။ ဒါကြောင့် ပုံမှန်အတိုင်း အသက်မရှူနိုင်တော့တဲ့အတွက် မကြာခဏ အိပ်ရာမှ နိုးရတာပါ။ ဘေးစောင်းအိပ် တာကြောင့် နှစ်နှစ်ခြိုက်ခြိုက် ပိုမိုအိပ်ပျော်နိုင်ပြီး ဟောက်သံလည်း မထွက်နိုင်တော့ပါဘူး။ ဘယ် ဘက်စောင်းအိပ်ခဲ့ရင် ရင်ပူတဲ့ ဝေဒနာလည်း သက်သာနိုင်ပါတယ်။
၃. ချယ်ရီသီးစားပါ
မယ်လတိုနင်ကို အိပ်ပျော်မှု ကောင်းစေတဲ့ ဟော်မုန်းလို့ သတ်မှတ်ကြပြီး ဆရာဝန်တွေအနေနဲ့ အိပ်ပျော်အောင် အဲဒီဆေးဝါးကို အိပ်ရာဝင်ချိန်မှာ သုံးမီလီဂရမ်ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ မနက် အိပ်ရာထခါစမှာ မူးနောက်တဲ့ဝေဒနာခံစားရတဲ့ ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။ ယခုလေ့လာမှု အသစ်အရ မယ်လတိုနင်ကို ဒသမ ၅ မီလီဂရမ် ပေးရင်တောင် တူညီတဲ့ အကျိုးကျေးဇူးရရှိတယ်လို့ သိရပါတယ်။ မယ်လတိုနင်နဲ့အတူ မဂ္ဂနီဆီယမ် ၂၀ဝ မီလီဂရမ်ကို အိပ်ရာဝင်ခါနီး မှီဝဲပါ။ မဂ္ဂနီဆီ ယမ်ဟာ ကြွက်သားတွေကို Relax ရရှိစေတာ ကြောင့် သဘာဝအိပ်ဆေးလို အသုံးဝင်ပါတယ်။ မယ်လတိုနင်ဆေးပြား အလွယ်တကူ မရရှိနိုင်ရင် အိပ်ရာမဝင်ခင်မှာ ချယ်ရီသီး ခွက်တစ်ခွက်စာ ဒါမှမဟုတ် ချယ်ရီဖျော်ရည် တစ်ဖန်ခွက်သောက် လိုက်ပါ။ ချယ်ရီသီးဟာ မယ်လတိုနင်များစွာ ပါဝင်တဲ့ တစ်ခုတည်းသော အသီးအနှံပါလို့ သုတေ သီတွေက ဆိုပါတယ်။
၎. သိုးတွေကို ရေတွက်နေမယ့်အစား ဝင်လေထွက်လေကို မှတ်ပါ
အရင်တုန်းကတော့ အိပ်မပျော်ခဲ့ရင် သိုးတွေ ကို ရေတွက်ရမယ်လို့ အကြံပေးထားခဲ့ကြပါ တယ်။ ရေတွက်နေတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းတွေ ထပ်ကာထပ်ကာ အသုံးပြုရတဲ့အတွက် ဦးနှောက် ရဲ့ လုပ်ငန်းအနည်းငယ်တော့ လိုအပ်ပါတယ်။ ဒါ့အပြင် ရေတွက်ရင်းနဲ့ ရေတွက်တဲ့ ကိန်းဂဏန်း များသွားပြီး ရေတွက်ရချိန်ကြာလာတာကြောင့် ဖိစီးမှုလည်း ရရှိနိုင်ပါတယ်။ ဒီလိုလုပ်မယ့်အစား ဝင်လေထွက်လေကို မှတ်သားလိုက်ပါ။ မကြာခင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Credit to : GOOD HEALTH
Post By : အေးချမ်းမွန်
https://www.facebook.com/excellencemedia

No comments:

Post a Comment