Sunday, January 27, 2013

၂၀၁၅ အစိုးရသစ် ကို ပြသနာတွေနဲ့ မထားခဲ့ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၇

လက်ရှိ ဖြစ်ပွားနေသော တိုင်းရင်းသား ပဋိပက္ခ ပြသနာ အရေးကို ၂၀၁၅ ခုနှစ်တွင် တာဝန်ယူမည့် အစိုးရသစ် အတွက် ချန်ထားမည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း က ပြောကြားသည်။

“ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေကို ၂၀၁၅ မတိုင်ခင် အားလုံး ပြီးအောင် ဆောင်ရွက် သွားပါမယ်၊ ၂၀၁၅ ရွေးကောက်ပွဲ ကျရင် ပြည်သူတွေ ရွေးချယ် ပေးလိုက်တဲ့ ဒီမိုကရေစီ အစိုးရ တစ်ရပ် တက်လာမယ်၊ အဲဒီ အစိုးရကို ပြသနာတွေနဲ့ မထားခဲ့ ချင်ဘူး၊ အဲဒီ အစိုးရ အဖွဲ့ဟာ တိုင်းပြည် ဖွံ့ဖြိုးရေး အတွက် လုပ်ဆောင်ရမှာ အများကြီး ရှိတယ်” ဟု ၄င်းက ဆိုသည်။

ယနေ့ ကျင်းပ ပြုလုပ်သော ငြိမ်းချမ်းရေး အတွက် လုပ်ဆောင်နေကြသည့် လူထု အခြေပြု အဖွဲ့အစည်း (CSO) ၄၆ဖွဲ့တို့ နှင့် တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတ ရုံး ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment