အမျိုးသားစွမ်းဆောင်ရည်မြှင့်ပေ
ဂျာမနီနိုင်ငံ၊ University of Bonn၊ ဆေးဝါးဗေဒဌာနမှူး Dr. Alexander Pfeifer က Viagra သည် cGMP ဟုခေါ်သော ပရိုတင်းအပေါ်တွင် သက်ရောက်မှုရှိကြောင်း၊ အဆိုပါအာနိသင်က အဆီဆဲလ်များ တိုးပွား လာမှု ကိုတားဆီးပေးကြောင်
သုတေသီများသည် ကြွက်များကို Viagra ဆေးထိုးနှံပေးခဲ့ပြီး ခုနှစ်ရက်အကြာတွင် အဖြူရောင်အဆီဆဲလ် (white fat cell) များမှ beige အဆီဆဲလ်အဖြစ်သို့ ပြောင်းသွားကြောင်း၊ အဆိုပါ beige အဆီဆဲလ်သည် ပိုလာသောအဆီများကို လောင်ကျွမ်းစေနိုင်ပြီး အ၀လွန်မှုကို တားဆီးနိုင်သည်ဟု သိရသည်။
Dr. Alexander Pfeifer က Viagra သည်အမျိုးသားစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရုံသာမက အ၀လွန်ခြင်း ကိုပါ ကာကွယ်ပေးနိုင်ကြောင်း၊ အမျိုးသားသုံးဆေးဝါးအဖြစ်ကို FDA မှ ခွင့်ပြုချက်ရပြီးဖြစ်သော်လည်း ကိုယ်အလေးချိန်ကျဆင်းစေသော အာနိသင် မှာမူ လူသားများတွင် အသုံးပြုနိုင်ကြောင်းကို ထောက်ခံ ချက်ရရှိရန် မိမိတို့ ဆက်လက်ကြိုးပမ်းနေကြောင်းရှင်ြး
ယခုလေ့လာမှုကို Journal of federation of US Experimental Biology တွင်ဖော်ပြ ထားခြင်းဖြစ်သည်။
သန့်စင်
Ref: medindia
Health Updates Journal
Vol-2,No-5
အေးချမ်းမွန်မှ Health Updates Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ
https://www.facebook.com/
No comments:
Post a Comment