Published on August 28, 2013 by အေးနိုင်
်စစ်ကိုင်းတိုင်း ကန့်ဘလူမြို့ထန်းကုန်းကျေးရွာ မီးရှို့ဖျက်ဆီးမှု ကျူးလွန်သူတွေကို အရေးယူဖို့ နဲ့ မူလနေရာမှာ နေမြဲအတိုင်း နေထိုင်ခွင့် ရရေး ကိစ္စကို တိုက်တွန်းဆောင်ရွက် မယ်လို့ မြန်မာနိုင်ငံ လုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူ တဦးဖြစ်တဲ့ ဦးကျော်ခင်က ပြောပါ တယ်။
ဦးကျော်ခင်က “မူလ သူ့ပိုင်ဆိုင်မှု ရှိနေတဲ့နေရာမှာ သူတို့ပြန်နေနိုင်ဖို့အတွက် လုပ်ရမယ်။ နောက် တကယ်ဖြစ်စဉ် အပေါ်မှာလည်း အရေးယူဆောင်ရွက်ဖို့ကိုလည်း ကျနော်တို့က တွန်းအားပေး ဆောင်ရွက် သွားမှာပေါ့” လို့ ပြောပါတယ်။
ဩဂုတ် ၂၄ ရက်နေ့ညက ထန်းကုန်းရွာမှာ အိမ်ေခြ ၅၀ ကျော်၊ ဆန်စက် ၁ လုံး ကြက်ခြံတခြံ မီးတင်ရှို့ခံရပြီး ဆိုင်ခန်း ၁ ဒါဇင်ကျော် ဖျက်ဆီးခံရပါတယ်။
ဒီလုပ်ရပ်ကြောင့် လူပေါင်း ၃၀၀ ကျော်ဟာ အာရဗီစာ သင်ကျောင်းဆောင်မှာ ဒုက္ခသည်အဖြစ် ခိုလှုံနေကြရတာပါ။ မနေ့ကတာ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ချုပ်ရဲ့ မန္တလေးရုံးက တာဝန်ရှိသူ ဒေါက်တာမောင်မောင်တို့အဖွဲ့က သွားရောက်ကူညီနေတယ်လို့ဦးကျော်ခင်က ပြောပါတယ်။
မီးဘေးသင့်ဒုက္ခသည်တွေကို စစ်ကိုင်းတိုင်း အမှတ် ၃ မဲဆန္ဒနယ်မြေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်က သွားရောက်တွေ့ဆုံအေားပးပြီး ငွေကျပ်သိန်း ၂၀ လှူဒါန်းခဲ့ပါတယ်။
ဗမာ ၂ အိမ်အပါအ၀င် အိမ်ထောင်စု ၅၂ အိမ်ထောင်ကို တအိမ်ထောင်ကို ကျပ်ငွေ ၃ သောင်းခွဲနှုန်း နဲ့ ထောက်ပံပေးပြီး ပိုငွေ ၁ သိန်း ၈ သောင်းကတော့ ဒုက္ခသည်စခန်းတာဝန်ရှိသူကို လှူထားခဲ့ပါတယ် လို့ ဒေါက်တာမြင့်နိုင်က ပြောပါတယ်။
သူတို့တတွေရဲ့ ပြန်လည်ထူထောင်ရေးကိစမေးမြန်းရာမှာ ဒေါက်တာမြင့်နိုင်က သက်ဆိုင်ရာက စီစဉ်ရမယ့်အပိုင်းဖြစ်တယ်လို့ ပြောပါတယ်။
“သူတို့နေရာက ကွက်ကျားဆိုတော့ သူတို့နေရာသူတို့ ပြန်ဆောက်လို့ ရပါတယ်၊ ရမှာပါ။ တပြင်ကြီး လုပ်သွားပြီးတော့ ရှုပ်ထွေးမှုတွေက ဒီလောက်ကြီးရှိမယ် မထင်ဘူးလေ။ အဲဒါကို သူတို့ နိုင်ငံတော် အုပ်ချုပ်ရေးပိုင်းကပဲ လုပ်ရမှာပဲ၊ ကျနော်တို့ မပြောတတ်တော့ဘူးလေ။ ထန်းကုန်းပ်ါက မပါဘူး၊ ဘေးနားကဆိုတော့ ဗုဒ္ဓဘာသောတွက အားနာနေတာပေါ့လေ။”
ထန်းကုန်းကျေးရွာဖြစ်စဉ်မှာ ရွာတွင်းကလေူတွ မီးရှို့တာမဟုတ်ဘဲ အပြင်ဘက်က လေူတွက လာရောက် လုပ်ဆောင်တယ်ဆိုတာကို သိတဲ့အတွက် ဘာသာနှစ်ခုအကြား ရန်စောင်တာမျိုး မရှိကြဘူးလို့ ပြောပါ တယ်။ ဒါပေမယ့် ကောလာဟလတွေတာ့ ပျံနှံ့နေတယ်လို့ ဆိုပါတယ်။
မီးရှို့သူတွေလို့သံသယရှိသူ ၁ ဒါဇင်လောက်ကို ရဲက ခေါ်ယူစစ်မေးနေပြီး ဘယ်မှာထားတယ်၊ ဘာအမှုနဲ့ စွဲဆိုမယ်ဆိုတာ မရှင်းလင်းပါဘူး။ ထန်းကုန်းကျေးရွာ ရဲစခန်းကို မေးမြန်းကြည့်တဲ့အခါ သူတို့ရဲစခန်းဟာ ကျေးရွာအဆင့် စခန်းဖြစ်ပြီး အဲဒီကိစ္စတွေ မသိရှိကြောင်းနဲ့ ကျေးရွာမှာတော့ အခြေအနေ တည်ငြိမ်နေပြီလို့ ဖြေဆိုပါ တယ်။
“အခြေအနေကတာ့ အေးအေးဆေးဆေးပါပဲခင်ဗျာ။ လောလောဆယ် လူတွေ ဈေးသွားဈေးလာတို့ ဘာတို့ လွတ်လွတ်လပ်လပ် သွားလာကြ ပါတယ် အေးအေးဆေးဆေးပါပဲ။”
မြန်မာနိုင်ငံမှာ မနှစ်ဇွန်လကစလို့ ဖြစ်ပျက်ခဲ့တဲ့ မီးရှို့အကြမ်းဖက်မှုတွရဲ့ လတ်တလာဖြစ်ရပ်တွေဟာ အမျိုးသမီးငယ်တဦးကို မွတ်စလင်ဘာသာဝင်က ထိပါးနှောင့်ယှက်တယ်၊ မုဒိမ်းပြုကျင့်တယ် ဆိုတဲ့ ကောလဟာလတွ ကြိုကြို တင်တင် ထွက်လေ့ရှိပြီးနောက် အကြမ်းဖက်မှုတွေ ကျူးလွန်ကြတာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်တွေမှာ နောက်ကွယ်က ကြိုးကိုင်သူရှိနိုင်တယ်လို့ သမ္မတကိုယ်တိုင်က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားတာ လ ပေါင်းများစွာကြာပြီဖြစ်ပေမယ့် ဘယ်သူ ဘယ်အဖွဲ့လဲဆိုတာ လူသိရှင်ကြား အရေးယူနိုင်ခြင်းတော့ မရှိသေးပါဘူး။

No comments:
Post a Comment