သြဂုတ် ၁၈၊ ၂၀၁၃
ကိုပေါက် (မြန်မာမွတ်စလင်မ်မီဒီယာ)
"မိမိအနေနဲ့ ပထမဦးစွာရှင်းလင်းတင်ပြလိုတာကေ တာ့ မြန်မာနိင်ငံတွင် မှီတင်းနေထိုင် ကြတဲ့
တိုင်းရင်းသား၊ နိင်ငံသား အစ္စလာမ်ဘာသာဝင် တို့ပာာ ရှေးပဝေသဏီအခါက စပြီး
ခေတ် အဆက်ဆက် မှာ တခြားဘာသာဝင် တိုင်းရင်းသား များနှင့်အတူပူးပေါင်းကာ အေးအတူ
ပူအမျှ ဆိုးတူကောင်းဖက် နေထိုင်လာကြပြီး နိင်ငံအတွက်
နိင်ငံသားကောင်းများပီသစွာ နိင်ငံတော် မှပေးအပ်သော တာဝန်အရပ်ရပ်တို့ကို
တာဝန်သိသိ သစ္စာရှိရှိ ပူးပေါင်းပါဝင် ဆောင်ရွက်ပေး ခဲ့ကြသည်ကို
တွေ့ရှိရမှာဖြစ်ပါတယ်"လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်
ဦးမြင့်ဆွေ ကမြန်မာမွတ်စလင်မ်စီးပွားရေးလုပ်ငန်းရှင်များ က ကြီးမှုးကျင်းပတဲ့ ဘာသာပေါင်းစုံ ၀ါကျွတ်အီးဒ်ပွဲတော် မိတ်စုံစားပွဲအခမ်းအနားမှာပြော ကားခဲ့တာဖြစ်ပါတယ်။
ဘာသာပေါင်းစုံကိုးကွယ်ကြတဲ့ တိုင်းရင်းသားအချင်းချင်း နိင်ငံသားအချင်းချင်း တစ်ဦးအပေါ်တစ်ဦး နားလည်သဘောပေါက်ကာ ကိုးကွယ်ရာ ဘာသာတရားအပေါ် အကြောင်းပြုပြီး စိတ်ဝမ်းကွဲမှုမရှိဘဲ စည်းလုံးညီညွတ် မှုရှိဖို့အလွန်အရေးကြီးတယ်လို့ လည်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကပြောပါတယ်။
"ယခုလို မြန်မာမွတ်စလင်မ်စီးပွားရေးလုပ် ငန်းရှင်များက ကြီးမှုးကျင်းပတဲ့ ဘာသာပေါင်းစုံ ၀ါကျွတ်(အီးဒ်)ပွဲတော်အခမ်းအနား တွင် မိမိအနေဖြင့် အမှာစကားပြောကြားခွင့်ရရှိသည့်အ တွက်များစွာ ဂုဏ်ယူကျေးဇူးတင်ရှိပါကြောင်ြးေ ပာကြားလို ပါတယ်"လို့လည်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောပါတယ်။
ဒါ့အပြင် ဘာသာပေါင်းစုံချစ်ကြည်ရှေးရှု့ပြီး ဘာသာတရားတိုင်းရဲ့ ယုံကြည်ကိုးကွယ်တိုးတက်ပွားများ စေမယ့် အစဉ်အလာကောင်းတွေကို ယခုထက်အရှိန်ပို တို်းဖို့ ကိုလည်း ၀န်ကြီးချုပ် ဦးမြင့်ဆွေက တိုက်တွန်းသွားပါတယ်။
မြန်မာနိင်ငံရှိ လူမျိုးအချင်းချင်း ဘာသာအချင်းချင်းတစ်ဦးအပေါ်တစ်ဦး
ယုံကြည်မှုချစ်ခင်လေးစားမှု ပိုမိုနိင်ရေးရှေးရှု့တဲ့ ဘာသာပေါင်းစုံ
အီးဒ်မိတ်ဆုံစားပွဲကျင်းပတာကို မိမိအနေနဲ့ အလွန်ဂုဏ်ယူ ၀မ်းမြောက်မိတယ်လို့ လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ၀န်ကြီးချုပ်က ပြောပါတယ်။
မြန်မာမွတ်စလင်မ်စီးပွားရေးလုပ် ငန်းရှင်တွေက
ကြီးမှုးကျင်းပတဲ့ အီးဒ်မိတ်ဆုံစားပွဲကို သြဂုတ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့
Strand Hotel မှာကျင်းပခဲ့ပြီးအခမ်းအနားကို နိင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေ၊သံအ မတ်တွေ၊ဘာသာပေါင်းစုံကိုယ်စားပြု ဆရာတော်တွေအပြင် ဂုဏ်သရေရှိဧည့်သည်တော်များစွာတက်ရောက်ခဲ့ပါတယ်။
ကိုပေါက် (မြန်မာမွတ်စလင်မ်မီဒီယာ)
"မိမိအနေနဲ့ ပထမဦးစွာရှင်းလင်းတင်ပြလိုတာကေ
ဘာသာပေါင်းစုံကိုးကွယ်ကြတဲ့ တိုင်းရင်းသားအချင်းချင်း နိင်ငံသားအချင်းချင်း တစ်ဦးအပေါ်တစ်ဦး နားလည်သဘောပေါက်ကာ ကိုးကွယ်ရာ ဘာသာတရားအပေါ် အကြောင်းပြုပြီး စိတ်ဝမ်းကွဲမှုမရှိဘဲ စည်းလုံးညီညွတ် မှုရှိဖို့အလွန်အရေးကြီးတယ်လို့
"ယခုလို မြန်မာမွတ်စလင်မ်စီးပွားရေးလုပ်
ဒါ့အပြင် ဘာသာပေါင်းစုံချစ်ကြည်ရှေးရှု့ပြ
မြန်မာနိင်ငံရှိ လူမျိုးအချင်းချင်း ဘာသာအချင်းချင်းတစ်ဦးအပေါ်တစ်ဦ
မြန်မာမွတ်စလင်မ်စီးပွားရေးလုပ်
No comments:
Post a Comment