“ကျွန်တော်က ဒီဥပဒေ ဖတ်ကြည့်ပြီး လက်မှတ်ထိုးတာဖြစ်တယ်။
ကျွန်တော်တို့ဆီမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး လက်မှတ်လိုက်ထိုးတာ
သုံးခေါက်ရှိပြီး ကျွန်တော်တို့ ပတ်ဝန်းကျင်ကသူတွေတော့ အများအားဖြင့်
လက်မှတ်ထိုးကြတယ်။”ဟု လက်မှတ်ထိုးခဲ့သည့် မြောက်ဥက္ကလာပ၊ (၂) ရပ်ကွက်တွင်
ဆိုက်ကားနင်းသူ အမျိုးသားက ပြောသည်။
မင်္ဂလာဒုံ (၃/က) ရပ်ကွက်က မမေသဇင်က “စာရွက်က အမျိုးစောင့်ဥပဒေ ကို
ထောက်ခံကြောင်းပဲ ရေးထားတာ။ အောက်မှာကတော့ နာမည်နဲ့ လက်မှတ်ထိုးပေးရုံပဲ။
လိုက်ကောက်တဲ့သူတွေက ဒီမှာ လက်မှတ်ထိုးလိုက်ရုံပဲ ဘာမှမဟုတ်ဘူးဆိုပြီး
လိုက်လုပ်ကြတာ။ ရပ်ကွက်အလိုက် လုပ်ကြတယ်။ အများစုကတော့ အားနာလို့
ထိုးပေးကြတယ်”ဟု ပြောသည်။
No comments:
Post a Comment