Saturday, July 20, 2013

" ပညာရေးအထောက်အထား လိမ်လည်တင်ပြသူ မြန်မာနိုင်ငံသား (၂၁)ဦး စင်္ကာပူတွင် အရေးယူခံရ" ကမ္ဘာ့လူလိမ်အများဆုံးနိုင်ငံ မြန်မာ


စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့် ရရှိဖို့ ပညာရေး အထောက်အထားတွေကို လိမ်ညာတင်ပြ တဲ့ နိုင်ငံခြားသား အလုပ်သမား (၂၅)ဦးကို စင်္ကာပူ အလုပ်သမားဝန်ကြီးဌာန (Ministry of -Manpower) က အရေးယူလိုက်ကြောင်း Channel News Asia သတင်းဌာနမှာ ဖော်ပြထားပါတယ်။ အရေးယူခံလိုက်ရတဲ့ (၂၅)ဦးမှာတော့ (၂၁)ဦးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြောင်းလည်းသတင်း ထုတ်ပြန်ထားပါတယ်။


ယခုလို ဖော်ထုတ်အရေးယူခံရမှုဟာ ပညာရေးဆိုင်ရာ စာရွက်စာတမ်း လိမ်လည်မှုနဲ့ စပ်လျဉ်းပြီး ဒီနှစ် အတွင်း အရေအတွက်အများဆုံး အရေးယူခံရမှု ဖြစ်တယ်လို့လည်းစင်္ကာပူအာဏာပိုင်တွေက ဆိုပါတယ်။ အရေးယူခံရသူတွေထဲမှာ အမျိုးသား (၂၀)ဦးနှင့်အမျိုးသမီး (၂၅)ဦးပါဝင်ပြီး အသက်အားဖြင့် (၁၉)နှစ် နဲ့ (၄၈)နှစ် အရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပညာရေးအထောက်အထား လိမ်လည်တင်ပြ သူ တွေဟာ ဘယ်တက္ကသိုလ်ကမှ ဘွဲ့ရရှိခဲ့ခြင်း မရှိကြောင်း သိရှိရပါတယ်။

အရေးယူခံရသူ (၂၄)ဦးဟာ မိမိတို့ရဲ့ မူလနိုင်ငံကနေ စာရွက်စာတမ်း အတုတွေကိုယူဆောင်လာပြီး စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ရရှိဖို့ လိမ်လည် တင်ပြထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အရေးခံရသူတွေဟာ စင်္ကာပူနိုင်ငံမှာအလုပ်လုပ်နေတဲ့ သက်တမ်း (၁)နှစ်အောက်မှာသာ ရှိသေးပြီး သူတို့ကို ပြီးခဲ့တဲ့ မေလကမှာ စင်္ကာပူအာဏာပိုင်တွေက ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်တယ်လို့လည်း Channel-News Asia သတင်းဌာနမှာ ဖော်ပြထားပါတယ်။

အပြစ်ရှိသူ (၂၀)ဦးဟာ ဥပဒေအရ ရက်သတ္တပတ် (၄)ပတ်ကြာ အကျဉ်းကျခံရမှာ ဖြစ်ပြီး ကျန် (၅)ဦးက တော့ ဒါဏ်ငွေ စင်္ကာပူ ဒေါ်လာ (၅၀၀၀) ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒါဏ်ငွေပေးဆောင်ဖို့ စီရင်ချက် ချမှတ်ခံထားရတဲ့ (၅)ဦးဟာလည်း ဒါဏ်ငွေပေးဆောင်နိုင်ခြင်း မရှိတဲ့အတွက် အလားတူပြစ်ဒါဏ်အဖြစ် ရက်(၂၀) အကျဉ်းကျခံသွားမှာ ဖြစ်တယ်လို့ စင်္ကာပူ အလုပ်သမားဝန်ကြီးဌာန က ဆိုပါတယ်။

စင်္ကာပူနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံပြီးရင် ဝင်ငွေအများဆုံး ရနိုင်မဲ့ အခွင့် အလမ်းတွေ ရှိတာကြောင့် မြန်မာနိုင်ငံသား အများအပြား လာရောက် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံတစ်ခု လည်း ဖြစ်ပါတယ်။

No comments:

Post a Comment