Saturday, 13 July 2013
အမေရိကန်သံရုံး ကေဘယ်လ်များမှ ဝီကီလိခ် ပေါက်ကြားခြင်း၊ထောက် လှမ်းရေး ဝန်ထမ်း အက်ဒ်ဝပ် စနိုးဒန်ထံမှ အစိုးရ အချက်အလက် များ ပေါက်ကြားခြင်း စသည့် အမေရိကန်ပြည်ထောင်စု တွင် ဖြစ်ပေါ်လျက် ရှိသော နည်းပညာအရ သတင်း ယိုစိမ့်မှုများကို စိုးရိမ်သောအားဖြင့် ရုရှားသမ္မတ နန်းတော် ကရင်မလင် လုံခြုံရေးအတွက် လုပ်ဆောင် ရသော အေ ဂျင်စီများက လက်နှိပ်စက် များ ပြန်ဝယ်ထားကြကြောင်း BBC သတင်း တစ်ရပ်က ဖော်ပြထားသည်။
ရူဘယ်ငွေ လေးသိန်းရှစ်သောင်း ခြောက်ထောင် (အမေရိကန်ဒေါ်လာ ကိုးထောင်ကျော်) ဖိုးခန့် လက်နှိပ်စက်များကို ယင်းလုံခြုံရေး အေဂျင်စီက ဝယ်ယူထားကြောင်း အစိုးရ ထောက်ပံ့ရေး အင်တာနက် စာမျက်နှာ တွင် ဖော်ပြထားသည်။
ကွန်ပျူတာများမှ သတင်းအချက်အလက် ပေါက်ကြားခြင်းကို ကာကွယ် လိုသောကြောင့် အဆိုပါ ခေတ်နောက်ပြန်ဆွဲသည့် လက်နှိပ်စက်များကို ဝယ်ယူ အသုံးပြုရခြင်းဖြစ်ကြောင်း ကရင်မလင် နန်းတော် လုံခြုံရေး အေ ဂျင်စီ FSO က ရုရှားထုတ် သတင်းစာ တစ်စောင်ကို ရှင်းပြထားသည်။
“ဝီကီလိခ် ကိစ္စ၊ စနိုးဒန် ကိစ္စတို့မှာ ဒီမီထရီမက်ဗီဒက်ဗ် G 20 လန်ဒန်ခရီးစဉ် သွားတုန်း စပိုင်လုပ်ပြီး စောင့်ကြည့်ခံရတာတွေ ဖြစ်ခဲ့တာကြောင့် စာရွက်စာ တမ်း အခြေပြု မှတ်တမ်းမှတ်ရာ စနစ်ကို ပိုပြီး အသားပေး လာကြ ပါတယ်” ဟု ရုရှား လုံခြုံရေး အေဂျင်စီအတွင်းမှ သတင်းရင်းမြစ် တစ်ဦးက ဆိုသည်။
ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနနှင့် အရေးပေါ် လျှို့ဝှက်သုံးရမည့်နေရာများ၊ သမ္မတကို တင်ပြရသော အစီရင်ခံစာများတွင် လက်နှိပ်စက်ဖြင့် ရိုက်သော စာရွက်စာတမ်းကိုသာ အဓိကထား အသုံးပြုနေ ပြီ ဖြစ်ကြောင်း အဆိုပါ သတင်းရင်းမြစ်ကို ကိုးကားလျက် ရုရှားသတင်းစာ Izvestiva က ရေး သား ဖော်ပြထားသည်။
ယခင် CIA ထောက်လှမ်းရေး အေဂျင်စီမှ ကန်ထရိုက် ဝန်ထမ်း တစ်ဦး ဖြစ်သော မစ္စတာ စနိုးဒန်က အမေရိကန် ထောက်လှမ်းရေး အချက်အလက် မှတ်တမ်းများစွာကို လူသိထင်ရှား ဖွင့်ချခဲ့သည်။
လက်ရှိအချိန်တွင် အဆိုပါ ဖော်ကောင် မစ္စတာ စနိုးဒန်သည် အမေရိကန် အာဏာပိုင်များထံ မှ ရှောင်ရှားနေလျက်ရှိပြီး မော်စကို လေဆိပ်ထဲတွင် သောင်တင်နေဖွယ် ရှိသည်ဟု ခန့်မှန်းကြသည်။
၂၀၁၀ ကာလများက လူထုကို ဖွင့်ချပေးခဲ့သော ဝီကီလိခ်သည်လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန သံတမန်များ၏ အင်တာ နက် ကေဘယ်လ်များကို ထိုးဖောက် ဝင်ရောက်ကာ လျှို့ဝှက် မှတ်တမ်းဖိုင်များ၊ စစ်ရေးစစ်ရာ ထိပ်တန်း လျှို့ဝှက်ချက်များကို ဖွင့်ချ ခဲ့ခြင်း ဖြစ်သည်။

No comments:
Post a Comment