နေပြည်တော် ဇူလိုင် ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်
မစ္စတာဒေးဗစ်ကင်မရွန်းနှင့် ပြင်သစ် သမ္မတနိုင်ငံသမ္မတ
မစ္စတာဖရန်ဆွာအိုလောန်ဒ်တို့၏ ဖိတ်ကြားချက်အရ ဗြိတိန် နှင့်
ပြင်သစ်နိုင်ငံတို့သို့ တရားဝင်ခရီးသွား ရောက်ရန် ယနေ့နံနက် (၉) နာရီတွင်
ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွား သည်။
နိုင်ငံတော်သမ္မတအား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ ဦးဥာဏ်ထွန်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဆန်းဦး၊ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Thieery MATHOU၊ ဗြိတိန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ သံရုံးယာယီ တာဝန်ခံများ၊ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးမြတ်ဟိန်း၊ ဦးဝင်းရှိန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ဒုတိယဝန်ကြီး ဦးရဲထွဋ်၊ ဒေါက်တာဒေါ်သိန်းသိန်းဌေးနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
သမ္မတဦးသိန်းစိန်၏ ယခုခရီးစဉ်သည် ၎င်း၏ သမ္မတသက်တမ်းအတွင်း ဥရောပနိုင်ငံများသို့ သွားရောက်သည့် ဒုတိယမြောက်ခရီးစဉ်ဖြစ်ပြီး လွန်ခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်မှ မတ်လ ၈ ရက်အထိ အီတလီ၊ နော်ဝေ၊ သြစတြီးယား၊ ဖင်လန်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့သို့ ပထမဆုံးအကြိမ် ဥရောပခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီးဖြစ်သည်။ အဆိုပါခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်သည် ဥရောပ နိုင်ငံများ မှ နိုင်ငံခေါင်းဆောင်များ၊ ဥရောပသမဂ္ဂတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့သည်။ သမ္မတဦးသိန်းစိန်၏ ဥရောပငါးနိုင်ငံခရီးစဉ်အပြီး ဧပြီလအတွင်းမှာပင် ဥရောပသမဂ္ဂ ကလည်း လက်နက်တင်ပို့ရောင်းချမှုမှလွဲ၍ မြန်မာ နိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူမှုအားလုံးကို ရုပ်သိမ်းပေးခဲ့သည်။
သမ္မတဦးသိန်းစိန်သည် ယခု ဗြိတိန်၊ ပြင်သစ် ချစ်ကြည်ရေးခရီးစဉ်အတွင်း ကုန်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူအခွင့်အရေးကိစ္စရပ်များ၊ စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားဖွယ်ရှိသည်။
မြန်မာနိုင်ငံတွင် အရပ်သားအစိုးရသစ် တာဝန်ယူပြီးနောက်ပိုင်း ထင်သာမြင်သာရှိသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဖြစ်သည့် နိုင်ငံရေး အကျဉ်းသား ရာပေါင်းများစွာ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ပါတီ လွှတ်တော်တွင်းသို့ရောက်ရှိလာရန်
လိုက်လျောမှုများ ပြုလုပ်ပေးခြင်းစသည့် ပြုပြင်ပြောင်းလဲမှုများကြောင့်
ဗြိတိန်နှင့် ပြင်သစ်အပါအဝင် အနောက်အုပ်စု အင်အားကြီးနိုင်ငံများ က
ထောက်ခံကြိုဆို အားပေးခဲ့ကြသည်။
မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းမှုများကို
ထောက်ခံအားပေးသည့် အနေဖြင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင်
ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဝီလျံဟိဂ် ဦးဆောင်သော
ကိုယ်စားလှယ်အဖွဲ့၊ ၂၀၁၂ ခုနှစ် ဧပြီ ၁၃ ရက် တွင် ဗြိတိန်ဝန်ကြီးချုပ်
မစ္စတာ ဒေးဗစ်ကင်မရွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ယခုနှစ် ဇွန် ၃
ရက် တွင် ဗြိတိန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ်ရစ်ချဒ်
ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် မြန်မာနိုင်ငံသို့ အသီးသီး
လာရောက်ခဲ့ကြပြီးဖြစ်သည်။
ထို့ပြင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး၊ ဥရောပရေးရာ အကြီးအကဲ Alain Juppe သည်လည်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ Alain Juppe ၏ ခရီးစဉ်မှာ ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ပြင်သစ်နိုင်ငံဆိုင်ရာ အဆင့်မြင့် အရာရှိတစ်ဦးဖြစ်သည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
[Read More : http:// www.president-office.gov.mm/zg/ briefing-room/news/2013/07/15/ id-3932]
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတေ
နိုင်ငံတော်သမ္မတအား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ ဦးဥာဏ်ထွန်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဆန်းဦး၊ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Thieery MATHOU၊ ဗြိတိန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ သံရုံးယာယီ တာဝန်ခံများ၊ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌
နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးမြတ်ဟိန်း၊ ဦးဝင်းရှိန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ဒုတိယဝန်ကြီး ဦးရဲထွဋ်၊ ဒေါက်တာဒေါ်သိန်းသိန်းဌေးနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
သမ္မတဦးသိန်းစိန်၏ ယခုခရီးစဉ်သည် ၎င်း၏ သမ္မတသက်တမ်းအတွင်း ဥရောပနိုင်ငံများသို့ သွားရောက်သည့် ဒုတိယမြောက်ခရီးစဉ်ဖြစ်ပြီး လွန်ခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်မှ မတ်လ ၈ ရက်အထိ အီတလီ၊ နော်ဝေ၊ သြစတြီးယား၊ ဖင်လန်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့သို့ ပထမဆုံးအကြိမ် ဥရောပခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီးဖြစ်သည်။ အဆိုပါခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်သည် ဥရောပ နိုင်ငံများ မှ နိုင်ငံခေါင်းဆောင်များ၊ ဥရောပသမဂ္ဂတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့သည်။ သမ္မတဦးသိန်းစိန်၏ ဥရောပငါးနိုင်ငံခရီးစဉ်အပြီး ဧပြီလအတွင်းမှာပင် ဥရောပသမဂ္ဂ ကလည်း လက်နက်တင်ပို့ရောင်းချမှုမှလွဲ၍ မြန်မာ နိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူမှုအားလုံးကို ရုပ်သိမ်းပေးခဲ့သည်။
သမ္မတဦးသိန်းစိန်သည် ယခု ဗြိတိန်၊ ပြင်သစ် ချစ်ကြည်ရေးခရီးစဉ်အတွင်း ကုန်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူအခွင့်အရေးကိစ္စရပ်များ၊ စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များက
မြန်မာနိုင်ငံတွင် အရပ်သားအစိုးရသစ် တာဝန်ယူပြီးနောက်ပိုင်း ထင်သာမြင်သာရှိသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဖြစ်သည့် နိုင်ငံရေး အကျဉ်းသား ရာပေါင်းများစွာ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း
မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းမှုမျာ
ထို့ပြင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး၊ ဥရောပရေးရာ အကြီးအကဲ Alain Juppe သည်လည်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ Alain Juppe ၏ ခရီးစဉ်မှာ ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ပြင်သစ်နိုင်ငံဆိုင်ရာ အဆင့်မြင့် အရာရှိတစ်ဦးဖြစ်သည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
[Read More : http://
No comments:
Post a Comment