Monday, June 10, 2013

မြောက်ဦး၊ပရိန်ရွာသားသုံးဆယ်ကို ၀တ္တရာနှောင့်ယှက်မှုနဲ့ဖမ်းဆီး

ရန်ကုန်၊ ဇွန် ၁၀
မိုးကြယ်စင်

ရခိုင်ပြည်နယ်ပရိန်ကျေးရွားမှာ ဇွန်လလေးရက်နေ့ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့်ဒသခံ (၃၀)ကို ၀တ္တရားနှောင့်ယှက်မှုနဲ့ ဖမ်းဆီးဖိျု့ကြေငြာထားတယ်လို့သိရပါတယ်။

" ဌာနဆိုင်ရာတွေက တရာခံတွေကိုလိုက်ဖမ်းနေတယ်။ ကန့်ဆောက်ဖို့တားတဲ့သူတွေ အယောက်သုံးဆယ် ကို တရားခံကြေငြာထားတယ်၊ ရခိုင်ပြည်နယ်အစိုးရရဲ့အစီစဉ်ကိုနှောက်ယှက်တဲ့အမှု လို့ပြောပါတယ်။ခုတရားခံလို့ကြေငြာထားသူတွေကတော့ထွက်ပြေးနေတယ်။ " လို့ ပရိန်ဒေသခံတစ်ဦး က မြန်မာမွတ်စလင်မီဒီယာသို့သတင်းပေးပို့ပါတယ်။

ဇွန်လလေးရက်နေ့က ရဲတပ်ဖွဲ့ဝင် များမှ ယာယီတဲများ တည်ဆောက် ပေးရန် စက်လှေ များဖြင့် သစ်များ တင်ဆောင် လာပြီး၊ ရွာသားများမှ သစ်လုံးများကို မြစ်ကမ်းနားမှ ကမ်းစပ် ပေါ်သို့ တင်ဆောင် ပေးရန် ပြောဆို ခဲ့သည်။ ၊ ဒေသခံတွေက မိမိတို့ ယခင်က နေထိုင် ခဲ့သည့် နေအိမ် များရှိကြောင်း၊ ထိုသို့ နေအိမ် များရှိပါလျက် ယခုလို တဲများတွင် မနေနိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့ အနေနဲ့ မတင်ပေး နိုင်ကြောင်း ရဲတပ်ဖွဲ့ဝင် များအား ကန့်ကွက် ပြောဆို ခဲ့ပါတယ်။ ထိုအခါရဲတပ်ဖွှဲဝင်တွေက တစ်ဖက်ကမ်းရှိ လက်မရွာမှ ရိုဟင်ဂျာ ခန့်ကို ပေါ်တာဆွဲလာပြီး ပရိန်မြစ်ကမ်းမှသစ်တွေကို တင်ဆောင်ခိုင်းပါတယ်။ ပရိန်ဒေသခံတွေက လက်မရွာသားတွေကို မတင်ဆောင်ရန်ပြောရာမှ ရဲတပ်ဖွဲ့ဝင်တွေနဲ့အချင်းများပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါပစ်ခတ်မှုမှာ ပရိန်ရွာသားငါးဦးသေဆုံးခဲ့ပါတယ်။

ယင်းပဋိပက္ခဖြစ်ပွားပြီးနောက်မှာတော့ ပရိန်ဒေသခံ ၃၀ ကို ပဋိပက္ခနှိုးဆော်သူတွေ အဖြစ်ကြေငြာ ဖမ်းဆီးခဲ့ပါတယ်။ တရားခံလို့သတ်မှတ်ထားသူတွေက ထွက်ပြေးတိမ်းရှောင်နေတဲ့အခါမှာ ကျန်ရစ်သူ မိသားစုတွေကိုဖမ်းဆီးထားတယ်လို့သိရပါတယ်။

" သူတို့ကတရားခံမရတော့ မိသားစုတွေကိုဖမ်းထားတယ်။ မိသားစုအားလုံးတော့မဟုတ်ပါဘူး၊ မိသားစုအချို့တွေကိုဖမ်းထားပါတယ်။ " လို့ဒေသခံကဆိုပါတယ်။

ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ် ပရိန်ကျေးရွာမှာ ယာယီတဲဆောက်မယ့်ကိစ္စကိုလည်း ရပ်နားထားတယ်လို့သိရပါတယ်။

No comments:

Post a Comment