ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က ဦးသိန်းဇော်
ဦးဆောင်တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့ဟာ ၀ ပြည် သွေးစည်း ညီညွတ်ရေးပါတီ ဌာနချုပ်
ပန်ဆိုင်းရှိရာကို သွားခဲ့စဉ်မှာ မြန်မာ သတင်းစဉ် အဖွဲ့လည်း ပါဝင် သွားခဲ့ရာ ၀ တိုင်းရင်းသား
ခေါင်းဆောင်တွေ က တရုတ်ပြည်က စစ်သုံးရဟတ်ယာဉ် ရခဲ့တယ်ဆို တဲ့ သတင်းကို တရားဝင် ငြင်းဆိုခဲ့ပါတယ်။
ဧပြီ လကုန်ပိုင်းက Jane's Intelligent Review က
သတင်းတပုဒ်မှာ တရုတ်နိုင်ငံဆီက ဝေဟင် မှ ဝေဟင်ပစ် ဒုံးလက်နက် တပ်ဆင်ထားတဲ့
စစ်သုံးရဟတ်ယာဉ် ၅ စီး UWSA က ရခဲ့တယ်ဆိုတဲ့ သတင်းကြောင့် ၀ ပြည်သွေးစည်းညီညွတ်ရေး
ပါတီ ဒုဥက္ကဌ ဦးရှောင်းမီးလျှန်းက အနည်းငယ်တော့ စိုးရိမ်မိတယ်လို့ ယနေ့ ထုတ်
နိုင်ငံပိုင် မြန်မာ့ အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
ဝ ဒေသဟာ ဖွံ့ဖြိုးမှု နောက်ကျနေတာကြောင့် ဒေသတွင်းက လူတွေ ဗဟုသုတရစေဖို့ ဥယျာဉ်ကြီး တခု တည်ဆောက်ပြီး အဲဒီဥယျာဉ်ထဲမှာ ပြသဖို့ လေယာဉ် ၂ စီးတော့ ၀ယ်ခဲ့ပါတယ်တဲ့။
" ထိုင်းနိုင်ငံက ရဟတ်ယာဉ်အဟောင်း ( အခွံချည်းသက်သက်) စက်မပါတာက တစင်း၊ ဖော်ကာ လေ ယာဉ် အသေးစား ( စက်မပါ) တစင်း၊ မြစ်ကြောင်းသွား ရေယာဉ်တစင်း၊ စုစုပေါင်း ၃ စင်း ကို ၀ယ်ယူခဲ့ပါတယ်။ ရဟတ်ယာဉ်မှာ နောက်မြီးတောင် မပါပါဘူး" လို့ ဦးရှောက်မီးလျှန်း က ပြောထားပါတယ်။
ဒီသတင်းဖြစ်ပေါ်ပြီးနောက်ပိုင်း မြန်မာအစိုးရ ဘက်ကလည်း စိုးရိမ်မှုတွေ ရှိလာပြီး မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ သွားခဲ့ရတာပါ။
အခုတော့ UWSA ခေါင်းဆောင်တွေနဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့တို့ဟာ အစိုးရနဲ့ UWSA အကြား နားလည်မှု လွဲမှားနိုင်တဲ့ သတင်းတွေအပေါ် စိုးရိမ်ကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြ တယ်လို့ မြန်မာ့အလင်း သတင်းမှာ ဖော်ပြထားပါတယ။်

No comments:
Post a Comment