ယနေ့ မြန်မာစံတော်ချိန် (၀၉း၃၀)နာရီ အချိန် တိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ်အော်
အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာစင် (MAHASEN)သည်
အရှေ့မြောက်ဘက်သို့ မိုင်(၅၀)ခန့် ရွေ့လျား ခြဲ့ပီး၊ မြန်မာနိုင်ငံ
(မောင်တောမြို့)၏ အနောက်တောင် ဘက် မိုင်(၃၇၀)ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက်
မိုင်(၃၇၀)ခန့်  ၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၃၈၀)ခန့်၊ အိန္ဒိယနိုင်ငံ
(ကိုလ်ကတ္တားမြို့) ၏ တောင်ဘက် မိုင်(၃၆၀)ခန့် အကွာ ပင်လယ်ပြင်ကှို ဗဟိုပြု နေပါသည်။
အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် အရှေ့မြာက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု
ခန့်မှန်းရပါသည်။ မုန်တိုင်းဗဟိုချက် အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ
မိုင်(၆၀)အထိ ရှိနိုင်ပါသည်။
ဆိုင်ကလုန်း မုန်တိုင်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး နေရာကွက်၍ မိုးကြီးမည်။
မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ်ရေပြင်/ မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင် အထိတိုက်ခတ်မည် ဖြစ်ပါသည်။ ဆိုင်ကလုန်း မုန်တိုင်း၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင် အဆင့်သို့ ရောက်ရှိပြီး မြန်မာနိုင်ငံ (ရခိုင် ကမ်းရိုးတန်း မြောက်ပိုင်း) နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကမ်းခြေဒေသများ ဆီသို့ ဦးတည် ရွေ့လျားနေသည့် အခြေအနေ ဖြစ်ပါသည်။ နောက်ဆုံး တိုင်းထွာရရှိသော ခန်မှန်းချက်အရ မေလ(၁၆)ရက်နေ့ ညပိုင်းခန့်တွင် မြန်မာနိုင်ငံ (ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း) ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကမ်းခြေဒေသများ ဆီသို့ ဖြတ်ကျော် ၀င်ရောက်နိုင်ကြောင်း ခန့်မှန်း ရပါသည်။
မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် မုန်တိုင်း အန္တရာယ် ရှောင်ရှားရန် လိုအပ်ကြောင်း အကြံပြု အပ်ပါသည်။
မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန

No comments:
Post a Comment