Friday, May 17, 2013

" ဆိုင်ကလုန်းမဟာစင် အရေး အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှု အမေရိကန်က အသိအမှတ်ပြုထောက်ခံ "

Friday, May 17, 2013

ဆိုင်ကလုန်း မဟာစင် ဒဏ်ခံရနိုင်ခြေ ရှိသော ရခိုင်ပြည်နယ် မှပြည်သူများ နှင့် ဒုက္ခသည် များ အရေးအတွက် ကုလသမဂ္ဂအေဂျင်စီများ ၊ ကယ်ဆယ်ရေးအဖွဲ့အစည်းများ ၊ ဒေသခံလူမှု အဖွဲ့အစည်း များ နှင့် ကြိုတင်ပူးပေါင်းဆောင်ရွက်ခဲ့သော ပြည်ထောင်စု အစိုးရနှင့် ပြည်နယ် အစိုးရ၏ လုပ်ရပ် အား ထောက်ခံအသိအမှတ်ပြုကြောင်းအမေရိကန်သံရုံးက ထုတ်ပြန်ကြေငြာသည်။

“ဘာသာ ၊ လူမျိုး မခွဲခြားဘဲ လူသားချင်းစာနာ ထောက်ထားမှု အထောက်အပံ့တွေ စီမံပေးမယ်ဆိုတဲ့ အစိုးရ ရဲ့ ကတိက၀တ် ကိုကျနော်တို့ ကြိုဆိုပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အတူ ရခိုင်ပြည်နယ်သည် မုတ်သုံ ရာသီ တစ်လျောက်လုံး မုန်တိုင်း အန္တရာယ်ခံ ရနိုင်ခြေ ရှိသော နေရာဖြစ်ရာ မြေနိမ့်ပိုင်း ဒေသများ ရှိ ခိုင်ခံ့ ၊ လုံခြုံမှု မရှိသော ရွက်ဖျင်တဲများ နဲ့ နေထိုင်နေရသော ဒုက္ခသည်များမှာ မုတ်သုံမိုးနှင့် လေပြင်းဒဏ်ကို ခုခံနိုင်စွမ်းအားနည်းသည့် အခြေအနေတွင် ရှိနေပါသေးသည်။ ထို့ကြောင့် မိုးရာသီကာလအတွင်း ၎င်းတို့အတွက် သင့်တော်ရာ ကုန်းပြင်ပိုင်းတွင် လုံခြုံစိတ်ချရသော ရွက်ဖျင်တဲများစီမံပေးရေးမှာ များစွာအရေးပါလှသည်။

ဆိုင်ကလုန်းမလာခင်အတွက် ကြိုတင်ပြင်ဆင်ရေးမှ ရရှိလာခဲ့သော အတွေ့အကြုံသည် လူ့အဖွဲ့အစည်းနှစ်ခုအကြား၊ လူ့အဖွဲ့အစည်းနှင့် အာဏာပိုင်တို့အကြား ယုံကြည်မှုတည်ဆောက်ရေး အတွက် များစွာအရေးပါပါသည်။ အမေရိကန်အစိုးရနှင့်လည်း အနာဂတ်တွင် ကြုံတွေ့ရနိုင်ချေရှိသည့် မုန်တိုင်းများအတွက် ကြိုတင်ပြင်ဆင်ရာတွင် အစိုးရ၊ ပြည်တွင်း၊ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထောက်ပံ့ကူညီပေးရေးအသင်းရှိရပါသည် " ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

No comments:

Post a Comment