Friday, May 3, 2013

သြစီစစ်တပ်ထက် အင်ဒိုစစ်တပ် ပိုမိုကြီးမားရမယ် လို့ သမ္မတပြော

Friday, May 03, 2013

အင်ဒိုနီးရှားနိုင်ငံ ကာကွယ်ရေးတပ် အင်အားဟာ သြစတြေးလျနိုင်ငံထက် ပိုမိုကြီးမားသာလွန်အောင် ကြိုးစားသင့်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဆူဆီလို ဘမ်ဘန်ယူဒိုယိုနိုက ပြောလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျားဗားဒေသမှာ ကာကွယ်ရေး တပ်သားအယောက်ပေါင်း ၁၆၀၀၀ လောက် စစ်ရေး လေ့ကျင့်နေတဲ့ အခမ်းအနားကို အင်ဒိုနီးရှား သမ္မတက တက်ရောက်ပြီး ကာကွယ်ရေး အရာရှိနဲ့ တွေ့ဆုံမှုအတွင်း ပြောခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှား စစ်တပ်အနေနဲ့ သြစတြေးလျ၊ စင်္ကာပူ၊ မလေးရှားလို နိုင်ငံတွေက စစ်တပ်ထက် ပိုမို အင်အားကြီး သာလွန်သင့်ပြီး ပိုပြီး ခေတ်မှီသင့်တယ်လို့ ပြောလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ စစ်သားအယောက်ပေါင်း ၄၇၀၀၀၀ ရှိနေပြီး စစ်တပ်ခေတ်မှီအောင်လည်း လုပ်ဆောင်နေပါတယ်။ မကြာသေးခင်က သြစတြေးလျလို နိုင်ငံတွေကနေ ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေ၊ ရော့ကက်ဒုံးကျဉ်တွေ ဝယ်ယူပြီး စစ်သင်္ဘောတွေလည်း တည်ဆောက်နေ တဲ့ အကြောင်း အေဘီစီသတင်းထောက် ဂျော့ဂ်ျရောဘတ်က ဂျာကာတာမြို့ကနေ သတင်းပေးပို့ခဲ့ပါတယ်။

No comments:

Post a Comment