Monday, April 1, 2013

“OIC က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ကိစ္စများအတွက် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးပြုလုပ်မည်။”

“OIC က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ကိစ္စများအတွက် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးပြုလုပ်မည်။”

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာအစွန်းရောက်များ မွတ်စ်လင်မ်များအား အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ အစ္စလာမ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC က ဧပြီလ (၁၄)ရက်နေ့တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးတစ်ခု ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မတ်လ (၃၀)ရက်နေ့က ကြေညာခဲ့သည်။

OIC အဖွဲ့၏ အထွေထွေအတွင်းရေးမှူး Ekmeleddin Ihsanoglu က ဆော်ဒီအာရေဗျနိုင်ငံ Jeddah မြို့ရှိ OIC ရုံးချုပ်တွင်ပြုလုပ်သည့် ရိုဟင်ဂျာအရေး အစည်းအဝေးတွင် ယင်းကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့်ဗုဒ္ဓဘာသာအစွန်းရောက်များ မွတ်စ်လင်မ်များအား အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ လိုအပ်သည့်လေ့လာဆန်းစစ်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ဗုဒ္ဓဘာသာဝင်တို့၏အစွန်းရောက်အကြမ်းဖက်မှုများနှင့် မုန်းတီးရေးလှုံ့ဆော်မှုများကို အဆုံးသတ်ရန် မြန်မာအစိုးရအား တိုက်တွန်းကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

၎င်းက OIC အနေဖြင့် မြန်မာနိုင်ငံတွင်း အစ္စလာမ်ဘာသာဝင်များအား ခွဲခြားဆက်ဆံမှုများအဆုံးသတ်နိုင်ရေးအတွက် အကူအညီပေးနိုင်မည့် နည်းလမ်းများရှာဖွေရန် လုံခြုံရေးကောင်စီနှင့် လူ့အခွင့်အရေးကောင်စီများသို့ ဆက်လက်တင်ပြသွားရန် ရည်ရွယ်ထားကြောင်းနှင့် မြန်မာနိုင်ငံတွင်း OIC ကိုယ်စားလှယ်ရုံးဖွင့်လှစ်ရန် လွန်ခဲ့သောနှစ်များကတည်းက ကြိုးစားဆောင်ရွက်ခဲ့သော်လည်း ဗုဒ္ဓဘာသာအစွန်းရောက်များက ယင်းကြိုးပမ်းမှုကို ကန့်ကွက်ဆန့်ကျင်ခဲ့ကြကြောင်း ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း မွတ်စ်လင်မ်များအား ပစ်မှတ်ထားတိုက်ခိုက်နေမှုများ တိုးပွားလာနေပြီး မကြာသေးမီက မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် ဖြစ်ပျက်ခဲ့သည်များက ဘာသာရေးဆိုင်ရာ ခွဲခြားဆက်ဆံမှုများရှိနေသည်ကို အတည်ပြုနေကြောင်းလည်း OIC အထွေထွေအတွင်းရေးမှူးက ဖြည့်စွက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာအစွန်းရောက်များ မွတ်စ်လင်မ်များအား အကြမ်းဖက် တိုက်ခိုက်မှုနှင့်ပတ်သက်၍ အစ္စလာမ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC က ဧပြီလ (၁၄)ရက်နေ့ တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးတစ်ခု ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မတ်လ (၃၀)ရက်နေ့က ကြေညာခဲ့သည်။

OIC အဖွဲ့၏ အထွေထွေအတွင်းရေးမှူး Ekmeleddin Ihsanoglu က ဆော်ဒီအာရေဗျနိုင်ငံ Jeddah မြို့ရှိ OIC ရုံးချုပ်တွင်ပြုလုပ်သည့် ရိုဟင်ဂျာအရေး အစည်းအဝေးတွင် ယင်းကဲ့သို့ ကြေညာခဲ့ခြင်းဖြစ် ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့်ဗုဒ္ဓဘာသာအစွန်းရောက်များ မွတ်စ်လင်မ်များအား အကြမ်းဖက် တိုက်ခိုက်မှုနှင့်ပတ်သက်၍ လိုအပ်သည့်လေ့လာဆန်းစစ်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ဗုဒ္ဓ ဘာသာဝင် တို့၏အစွန်းရောက်အကြမ်းဖက်မှုများနှင့် မုန်းတီးရေးလှုံ့ဆော်မှုများကို အဆုံးသတ်ရန် မြန်မာ အစိုးရအား တိုက်တွန်းကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

၎င်းက OIC အနေဖြင့် မြန်မာနိုင်ငံတွင်း အစ္စလာမ်ဘာသာဝင်များအား ခွဲခြားဆက်ဆံမှုများအဆုံးသတ်နိုင်ရေးအတွက် အကူအညီပေးနိုင်မည့် နည်းလမ်းများရှာဖွေရန် လုံခြုံရေးကောင်စီနှင့် လူ့အခွင့် အရေးကောင်စီများသို့ ဆက်လက်တင်ပြသွားရန် ရည်ရွယ်ထားကြောင်းနှင့် မြန်မာနိုင်ငံတွင်း OIC ကိုယ်စားလှယ်ရုံးဖွင့်လှစ်ရန် လွန်ခဲ့သောနှစ်များကတည်းက ကြိုးစားဆောင်ရွက်ခဲ့သော်လည်း ဗုဒ္ဓဘာသာ အစွန်းရောက်များက ယင်းကြိုးပမ်းမှုကို ကန့်ကွက်ဆန့်ကျင်ခဲ့ကြကြောင်း ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း မွတ်စ်လင်မ်များအား ပစ်မှတ်ထားတိုက်ခိုက်နေမှုများ တိုးပွားလာနေပြီး မကြာသေးမီ က မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် ဖြစ်ပျက်ခဲ့သည်များက ဘာသာရေးဆိုင်ရာ ခွဲခြားဆက်ဆံမှု များရှိနေ သည်ကို အတည်ပြုနေကြောင်းလည်း OIC အထွေထွေအတွင်းရေးမှူး က ဖြည့်စွက်ပြောကြားခဲ့သည်။

No comments:

Post a Comment