Human Rights Watch ၏ ရခိုင်ပြည်နယ် ပဋိပက္ခများနဲ့ ပတ်သက်တဲ့အစီရင်ခံစာ ကို အစိုးရမှ တုံ့ပြန်
မြန်မာနိုင်ငံအပေါ်
အရေးယူပိတ်ဆို့ထားမှုများကို ပြန်လည်သုံးသပ်မယ့် ဥရောပသမဂ္ဂရဲ့ အစည်းအဝေးနဲ့ ချိန်ကိုက်ပြီး
ထုတ်ပြန်ခဲ့တဲ့ Human Rights Watch ရဲ့လုပ်ဆောင်ချက်ဟာလည်း မေးခွန်းထုတ်စရာဖြစ်နေ
Monday ,April22 ,2013
Human Rights Watch က ရခိုင်ပြည်နယ်မှာ
ဖြစ်ပွားခဲ့တဲ့ပဋိပက္ခများနဲ့ ပတ်သက်တဲ့အစီရင်ခံစာ တစ်စောင်ကို ဧပြီလ ၂၂ ရက်နေ့မှာ
ထုတ်ပြန်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ပဋိပက္ခများနဲ့
ပတ်သက်ပြီး နိုင်ငံတော်သမ္မတက စုံစမ်းရေးကော်မရှင် တစ်ရပ်ဖွဲ့ စည်းပေး ခဲ့ပြီးဖြစ်ပါတယ်။
အဲဒီကော်မရှင်မှာ ဂုဏ်သတင်းထင်ရှားတဲ့ ပညာရှင်များ၊ လူမှု
အသိုင်းအဝိုင်းနှစ်ခု လုံးက လေးစားတဲ့ပုဂ္ဂိုလ်များပါဝင်ပြီး
ပဋိပက္ခဖြစ်ပွားရာဒေသကို အကြိမ်ကြိမ် ကွင်းဆင်းလေ့လာကာ
အစီရင်ခံစာပြုစုနေပြီဖြစ်ပါတယ်။
Human Rights Watch ရဲ့ အစီရင်ခံစာဟာ
တစ်ဘက်သတ်ရရှိတဲ့သတင်းများကိုသာအခြေခံရေးသားထား တာဖြစ်တဲ့အပြင် အစီရင်ခံစာမှာ
ပါတဲ့ စကားလုံးအသုံးအနှုန်းများဟာလည်း လက်ခံနိုင်ဖွယ်မရှိပါဘူး။
နိုင်ငံတော်အနေနဲ့ ဒီလိုတစ်ဘက်သတ်ရေးသားတဲ့အစီရင်ခံစာအပေါ်
အလေးထားမှမဟုတ်ဘဲ တရားဝင်ဖွဲ့စည်း ထား တဲ့ စုံစမ်းရေးကော်မရှင်ရဲ့တွေ့ရှိချက်များ၊
အကြံပြုချက်များအပေါ်မှာပဲ အလေးထားအကောင် အထည်ဖော်သွားမှာဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအပေါ်
အရေးယူပိတ်ဆို့ထားမှုများကို ပြန်လည်သုံးသပ်မယ့် ဥရောပသမဂ္ဂရဲ့ အစည်းအဝေးနဲ့
ချိန်ကိုက်ပြီး ထုတ်ပြန်ခဲ့တဲ့ Human Rights Watch ရဲ့လုပ်ဆောင်ချက်ဟာလည်း
မေးခွန်းထုတ်စရာဖြစ်နေပါတယ်။
No comments:
Post a Comment