ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေး
ကော်မတီ) မှ
အထွေထွေ အတွင်းရေးမှူး ကိုရဲမင်းဦး အား ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗဟန်း တရားရုံး၌
ဒီကနေ့ ၂၀၁၃ခုနှစ် ဧပြီလ ၂၂ ရက်နေ့ နေ့လည် ၁၁း၀၀အချိန်တွင် ပုဒ်မ ၅၀၅ (ခ)ဖြင့် ဒုတိယအကြိမ်
ရုံးထုတ်ခဲ့ကြောင်း သိရှိရပါသည်။ ကိုရဲမင်းဦးအား ဗဟန်းတရားရုံး၌ ရုံးမထုတ်ခင် သာကေတ
တရားရုံးသို့ ခေါ်ဆောင် သွားပြီး ရုံးထုတ်ခဲ့သဖြင့် သာကေတတရားရုံးမှ ပုဒ်မ ၁၅၃ ဖြင့်
ထပ်မံတရားစွဲဆိုထားကြောင်း သိရှိရပါသည်။ ကိုရဲမင်းဦးအမှုအား လိုက်လံဆောင် ရွက်ပေးနေ သူ
တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးမှ ယခုအမှုတွင် တရားလိုပြသက်သေများမှာ လွတ်လပ်သော သက်သေများ
မဟုတ်ဘဲ အစိုးရသက်သေများ ဖြစ်သော မြို့နယ်ရဲမှူးများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများဖြစ်နေသောကြောင့်
တရားလိုပြသက်သေများ ခိုင်လုံခြင်းမရှိကြောင်း ပြော ကြား ခဲ့ ပါသည်။ ရဲမင်းဦးသည် မိတ္တီလာ ပဋိပက္ခ ကို အဓိက ကြိုးကိုင် စီစဉ်ခဲ့သူ တဦးဖြစ်ပြီး ရခိုင် ပဋိပက္ခ
တွင်လည်း ကျယ်ကျယ်ပြန့်ပြန့် လှုံဆော် လှုပ်ရှားခဲ့သူတဦးဖြစ်ပါသည်။
No comments:
Post a Comment