Monday, April 22, 2013

လူမျိုး (၁၃၅) မျိုးတွင် ရိုဟင်ဂျာ ရှိ/မရှိ ဟူသော ဘောင်ကျော်သည့် မေးခွန်း အပေါ် မင်းကိုနိုင် ရဲ့ဖြေကြားချက်

(၈၈)ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ (၂၁-၂-၂၀၁၃)ရက်နေ့က ဒိန်းမတ်နိုင်ငံ တွင် ပြု လုပ်သော ဆွေးနွေးပွဲတွင် ရခိုင်အမျိုးသားတစ်ဦး၏ လူမျိုး (၁၃၅) မျိုးတွင် ရိုဟင်ဂျာ ရှိ/မရှိ ဟူသော ဘောင်ကျော်သည့် မေးခွန်း တစ်ခု မေးမြန်းချက်အပေါ်တွင် `တကယ်တော့ ဒီမေးခွန်းဟာ Out of Question ပါ´လို့ အစပြုဖြေကြားခဲ့ပါတယ်။
ပြီးနောက် ဆက်လက်၍ `ဒီမေးခွန်းကို မေးတဲ့သူ ကိုယ်တိုင်လည်း သိသိကြီးနဲ့မေးတယ်လို့ ကျနော်နားလည်ပါတယ်´လို့ပြောဆိုကာ `ကျနော်တို့ဟာ လူမျိုး
ဘာသာ ခွဲခြားမှုမရှိဘူးဆိုတာ ပြောကြားလိုပါတယ်´ဟု အဆင့်ဆင့် ပြောဆိုပြီးဒီအတိုင်း ပြောကြား သွားတာ ဖြစ်ပါတယ်။

"ကိုယ့်နိုင်ငံသားအချင်းချင်း စောင့်ရှောက်ရမယ်ဆိုတာကိုတော့ နှလုံးပိုက်သင့်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံသားအချင်းချင်း ခွဲခြားဆက်ဆံကြမယ်ဆိုရင် ဖြစ်ပေါ်လာမယ့် အနိဌာရုံတွေဟာ အင်မတန် အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် ကျနော်တို့ မခွဲခြားဘဲ တတ်နိုင်သမျှ လူမျိုးရေး၊ဘာသာရေး အဓိကရုဏ်းတွေ ကို ရှောင်ရှားကြရမယ်။ ပြီးရင် သူ့ရဲ့နိုင်ငံသားအခွင့်အရေးတွေကို ကျနော်တို့ အတူတကွ ကာကွယ်ပေးရမယ်။"

No comments:

Post a Comment