ညီမဖြစ်သူ ထိုင်းဝန်ကြီးချုပ်ကို ကူညီလို၍ သက်ဆင် မြန်မာသို့ လာရောက်ခြင်းဟု ကျွမ်းကျင်သူ အချို့ဆို
ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း တစ်ဦးဖြစ်ခဲ့သူ မစ္စတာ
သက်ဆင်ရှင်နာဝပ် သင်္ကြန် ကာလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းသည်
ညီမဖြစ်သူ လက်ရှိ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စယင်းလတ် အား ကူညီ လို၍
ဖြစ်ကြောင်း ကျွမ်းကျင်သူ အချို့က ဆိုသည်။
အထူးသဖြင့် မကြာမီ မြန်မာနိုင်ငံ ကို လာရောက်ဖွယ် ရှိသော
မစ္စ ယင်းလတ် အနေဖြင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ တာဝန် ရှိသူများနှင့်
တွေ့ဆုံရာတွင် ချောမွေ့ စေရန်လည်း ဖြစ်ကြောင်း ၄င်း တို့က ဆိုသည်။ ”သူ့
(မစ္စယင်းလတ်) အစိုးရ လက်ထက်အောက်မှာ ထားဝယ် ရေနက် ဆိပ်ကမ်းကို မြန်မာ အစိုးရက
အပြည့်အဝ လုပ်ကိုင်ခွင့် ပေးတာကို လို ချင်တာ” ဟု အရှေ့တောင် အာရှရေးရာ ကျွမ်းကျင်သူ
ဘန်ကောက် အခြေစိုက် The Nation သတင်းစာ၏ အတိုင်ပင်ခံ မစ္စတာ ကဝီက ပြောသည်။
ထားဝယ်ရေနက် ဆိပ်ကမ်းသည် ပုဂ္ဂလိက ပရောဂျက်
တစ်ခုအနေဖြင့် ၂ဝဝ၃ ခုနှစ်က ဦးခင်ညွန့် (ယခင်ဝန်ကြီး ချုပ်ဟောင်း) နှင့် မစ္စတာ
သက်ဆင်တို့ သဘောတူ ထားခဲ့သော ပရောဂျက် တစ်ခု ဖြစ်ကြောင်း ၄င်းက ဆိုသည်။ မစ္စတာ
သက်ဆင်က မြန်မာနိုင်ငံ၌ ရှိနေစဉ် ကာလ အတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြောင်း ၄င်း၏ လူမှု ကွန်ရက်
စာမျက်နှာတွင် ဓာတ်ပုံနှင့် တကွ ဖော်ပြခဲ့ သည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတ အကြံပေး
ဦးကိုကိုလှိုင် ကမူ ၄င်းသည် ပြောဆိုရခက်သော ကိစ္စဖြစ်ပြီး ပုဂ္ဂိုလ်ရေး ရင်းနှီးမှုအရ
လာရောက်ခြင်း နှင့် တွေ့ဆုံခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။ ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် သည် ယခင်က ကျိုင်းတုံ ဘက်တွင် တာဝ န်ထမ်းဆောင်ခဲ့စဉ် သက်ဆင်သည်
ဝန်ကြီးချုပ် အဖြစ် ရှိနေစဉ် ဖြစ်ပြီး ထိုစဉ်က ဘော်ဒါ ကော်မတီ အစီအစဉ် အချို့ဖြင့်
ဆက်စပ်မှု ရှိခဲ့ပြီး ပုဂ္ဂိုလ်ရေး အရလည်း ရင်းနှီးမှု ရှိခဲ့ကြောင်း ၄င်းက ထပ်လောင်း
ပြောကြားသည်။
”သင်္ကြန် လာလည်ရင်း မိတ်ဟောင်း ဆွေဟောင်းေ တွ တွေ့တာ
ဖြစ်ပါလိမ့်မယ်။ ဒါက ကိုယ့်အထင် ပြောတာနော်။ တရားဝင် ဘာမှလည်း သိရတာ မဟုတ်တော့” ဟု
ဦးကိုကိုလှိုင် က သူ့အမြင်ကို ပြောသည်။ သို့ရာ တွင် ကာကွယ်ရေး ဦးစီးချုပ်နှင့်
တွေ့ဆုံမှု အပေါ် မြန်မာ့ရေးရာ ကျွမ်းကျင်သူ မစ္စတာ ဘာတေးလက်တနာက သက်ဆင် အနေဖြင့်
မြန်မာနိုင်ငံ ၏ အဓိက အရေးပါသူအား သိရှိခြင်း ကြောင့် ယခုကဲ့သို့ တွေ့ဆုံ ခဲ့ခြင်းဖြစ်
ကြောင်း သုံးသပ် ပြောကြားသည်။
မစ္စတာ သက်ဆင် မြန်မာနိုင်ငံသို့ လာရောက်ခြင်းသည်
ထားဝယ် ရေနက် ဆိပ်ကမ်း ပရောဂျက်နှင့် ပတ်သက်မှု ရှိမရှိ အပေါ်၌ ယင်းပရောဂျက်နှင့်
သက်ဆိုင်မှု ရှိလျှင် ကာကွယ်ရေး ဦးစီး ချုပ်နှင့် တွေ့ဆုံမည် မဟုတ် ဘဲ စီးပွားရေး
သမားများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင် သူများနှင့် တွေ့ ဆုံမည်ဟု
ထင်မြင်ကြောင်း ဦးကိုကိုလှိုင်က ဆိုသည်။ မစ္စတာ သက်ဆင်သည် ဧပြီ ၁၅ ရက်နေ့က
တရုတ်နိုင်ငံ ယူနန်ပြည်နယ် မှ မန္တလေး မြို့ သို့ ရောက်ရှိခဲ့ကာ ထိုမှ တစ်ဆင့်
ပြင်ဦးလွင်မြို့သို့ ရောက်ရှိခဲ့ပြီး ဗြိတိသျှ ကိုလိုနီခေတ်က ဘိုတဲကြီး တစ်ဆောင်
တွင် ညအိပ် တည်းခိုခဲ့သည်။ မစ္စတာ သက်ဆင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး
တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်နှင့် တွေ့ဆုံခဲ့မှု အပေါ် မည်သည့် သတင်း ထုတ်ပြန်မှု
မျိုးမှ မရှိခဲ့ပေ။
ဥာဏ်လင်းအောင်
No comments:
Post a Comment