ရန်ကုန်၊ ဧပြီ ၃၀
ယနေ့ နေပြည်တော်တွင်ကျင်းပသော ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့်ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်ရေးဗဟိုအဖွဲ့အစည်းအဝေးက
ပုဂ္ဂလိကသတင်းစာ ၁၀ စောင်ထပ်မံခွင့်ပြုခဲ့ပြီး အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေမည့်
သတင်းစာ ၂ စောင်ပါဝင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏
တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
မြန်မာဘာသာဖြင့် ထုတ်ဝေမည့် ပုဂ္ဂလိက သတင်းစာ ၈ စောင်မှာ National Time
Daily(လျှောက်ထားသူ ဒေါက်တာစံပယ်တင်)၊Daily Eleven News(လျှောက်ထားသူ
ဒေါ်ယာဉ်မော်ဦး)၊ နဂါးနီနေ့စဉ်သတင်းစာ(လျှောက်ထားသူ ဦးသိန်းထွန်း)၊ ဓနစီးပွားရေးနေ့စဉ်နှင့်ဝရဇိန်နေ့စဉ်(လျှောက်ထား သူ
ဦးမောင်မောင်စိန်)၊ News Watch Daily (လျှောက်ထားသူ ဦးချစ်မောင်)၊
ပြည်မြန်မာနေ့စဉ် (လျှောက်ထားသူ ဒေါ်ခင်မိုးမိုး)၊
မြန်မာပို့စ်နေ့စဉ်(လျှောက်ထားသူ
ဦးဝင်းအောင်)တို့ဖြစ်ပြီး အင်္ဂလိပ်သတင်းစာ ၂စောင်မှာ Myanmar Freedom
Daily (လျှောက်ထားသူ ဦးသီဟစော)၊ International Herald Tribune
(လျှောက်ထားသူ ဦးမျိုးအောင်)တို့ဖြစ်သည်။
အင်္ဂလိပ်သတင်းစာ ၁
စောင်ဖြစ်သည့် International Herald Tribune သည် နိုင်ငံခြားတွင်
ထုတ်ဝေသည့် မူရင်းကို မြန်မာနိုင်ငံတွင် ပြန်လည် ပုံနှိပ်မည်ဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာဘာသာဖြင့် ထုတ်ဝေသည့်
ပုဂ္ဂလိက နေ့စဉ် ထုတ်သတင်းစာ ၂၄ စောင်၊ အင်္ဂလိပ်သတင်းစာ ၂ စောင် စုစုပေါင်း ၂၆
စောင်ရှိနေပြီဖြစ်သည်။
No comments:
Post a Comment