Wednesday, April 3, 2013

အွန်လိုင်းကျင့်ဝတ် ရှိသင့်

အွန်လိုင်းကျင့်ဝတ် ရှိသင့်

Re-Post By ACM 3-4-2013
ရဲလင်းလင်းသန်း.

ယခုနောက်ပိုင်း ကိစ္စ တော်တော်များများမှာ ethics (ကျင့်ဝတ်) နဲ့ ပတ်သက်ပြီး ပြောလာကြသလို အွန်လိုင်းအသုံးပြုတဲ့အပိုင်းမှာလည်း အွန်လိုင်းကျင့်ဝတ် ရှိသင့်တယ်လို့ အိုင်တီ ပညာရှင်တချို့က ဆိုကြပါတယ်။
MTDC မှ ကိုစိုးမင်းထွန်းက “မြန်မာပြည်မှာက တင်းထားတဲ့ အနေအထားကနေ ဖြည်းဖြည်းချင်းမဟုတ်ဘဲ ရုတ်တရက် လွှတ်ချလိုက်လို့ လှုပ်ခတ်မှုတွေ များလာတယ်၊ မိုဘိုင်းဖုန်းမှာပါ အင်တာနက် သုံးလို့ ရတာကနေ ဘယ်မှာ ဘာဖြစ်တယ် ချက်ချင်းတင်နိုင်လာတယ်၊ တချို့ အစွန်းရောက်တဲ့ အရေးအသားတွေကြောင့် စိတ်ခံစားချက်ကို မထိန်းနိုင်တဲ့ လူတွေကြားမှာ တုံ့ပြန်ကြတယ်”လို့ ပြောပါတယ်။
 တစ်ကမ္ဘာလုံးမှာ ဖေ့စ်ဘုတ်ကို ပိုအသုံးများလို့ cyber abuse တွေက ဆို ရှယ်နက်ဝပ်ခ်တွေ၊ အထူးသဖြင့် ဖေ့စ်ဘုတ်ပေါ်မှာ တွေ့ရများတယ်လို့ သိရတယ်။
 ဆိုရှယ်နက်ဝပ်ခ်ကို စီးပွားရေး၊ လူမှုရေးအတွက် စတင်အသုံးပြုရာကနေ လူမျိုးရေး၊ နိုင်ငံရေးလှုံ့ဆော်လိုသူတွေရဲ့ ဝင်ရောက် ဝါဒဖြန့်မှုတွေ ပေါ်ပေါက်လာပြီး အာရပ်နွေဦးလို အဓိကရုဏ်းတွေအထိ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
 လှုံ့ဆော်မှုကို တုံ့ပြန်တာ နည်းလာ
Yangon Heartz Media မှ ကိုဇော်ဇော်မျိုးလွင်က “ရည်ရွယ်ချက်ကြီးကြီးနဲ့ ပုဂ္ဂိုလ်ရေးအရ ဦးတည်တိုက်ခိုက်တာမျိုး တွေလဲ အခုဆို တွေ့လာရတာပဲ၊ အဲဒါကို အပြန်အလှန် တုံ့ပြန်နေတာမျိုး ရှိခဲ့ဖူးပေမဲ့ အခုနောက်ပိုင်းတော့ မတွေ့ရသလောက် နည်းသွားတယ်၊ ဒီသတင်းကို စဖြန့်တဲ့လူ ကိုယ်တိုင်က တစ်ဖက်တည်းကို အလွန် ရေးထားတာမျိုးကတော့ ethics မရှိရာကျတယ်”လို့ ဆိုပါတယ်။
“လှုံ့ဆော်မှုဆန်ဆန် သတင်းတွေရဲ့ ဒဏ်ကို ခံရတာမှာ လူလတ်ပိုင်း ပိုများတယ်၊ ၂၅ နဲ့ ၄၀ ကြားပေါ့၊ လူငယ်ပိုင်းကတော့ သိပ်ပြီး စိတ်ဝင်စားပုံမပေါ်ဘူး၊ ဒီလို ဆိုက်ဘာနှောင့်ယှက်မှု မမှန်သတင်း၊ မှန် သတင်းတွေကို စိတ်လိုက်မာန်ပါမလုပ်ဘဲ ဒါကို အရေးမကြီးဘူးလို့ သဘောထားနိုင်ရင် ကိုယ်က ဆိုရှယ်နက်ဝပ်ခ်ကို အနိုင်ပိုင်းပြီး သုံးတဲ့သူဖြစ်တယ်”လို့ ကိုဇော်ဇော်မျိုးလွင်က သူ့အမြင်ကို ပြောပါတယ်။
 ဖုန်းနဲ့ အွန်လိုင်း သုံးသူများလာ
 အရင်က ပြည်တွင်းမှာ အွန်လိုင်းသုံးစွဲ သူဦးရေ နည်းပါးပြီး မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုနိုင်ချိန်မှာတော့ အွန်လိုင်း အသုံးပြုသူ သိသိသာသာ တိုးတက်လာ ပြီး အွန်လိုင်း မီဒီယာတွေ၊ ကိုယ်ပိုင်ဝက်ဘ်ဆိုက်နဲ့ ဘလော့ဂ်ရေးသားသူတွေ ပိုမိုများပြားလာ ခဲ့ပါတယ်။
 မြန်မာ့အင်တာနက်မှ မန်နေးဂျင်း ဒါရိုက်တာ ကိုဇော်ထွဋ်က “အွန်လိုင်းအသုံးပြုမှုကို သီးသန့်ကြီး ဥပဒေနဲ့ ဘာနဲ့ ထိန်းချုပ်ဖို့မလိုဘူးဆိုရင်တောင် အင်တာနက် အသုံးပြုတဲ့သူတွေ အားလုံး တည်ဆဲ ဥပဒေနဲ့အညီ နေသင့်တယ်၊ သုံးတဲ့သူတွေကိုယ်တိုင်က အင်တာနက်ပေါ်မှာ ဥပဒေ ဖောက်ဖျက်ရင် အပြင်မှာ ဥပဒေဖောက် ဖျက်တာနဲ့ အတူတူ အရေးယူခံရနိုင်တယ် လို့ သတ်မှတ်ပြီးသုံးရင် အလိုလို social ethics ထိန်းပြီးသား ဖြစ်တယ်” လို့ ပြောပါတယ်။
“ဒါပေမဲ့ စောင့်ထိန်းတာ မစောင့်ထိန်းတာကလဲ တစ်ဦးချင်းရဲ့ ကျင့်ဝတ်နဲ့ပဲ ဆိုင်တယ်၊ လူတစ်ယောက်ချင်းက ကိုယ့်ကိုယ်ကိုပဲ တာဝန်ယူရမှာ၊ တရားမ ကြောင်းအရ ဆိုရင် အွန်လိုင်းနဲ့ပတ်သက်တဲ့ တည်ဆဲ ဥပဒေ ဘာမှမရှိပေမဲ့ တစ်ဖက်ဖက်မှာ တိုင်းတာလို့မရတဲ့ နစ်နာမှုမျိုး ဖြစ်လာရင် နစ်နာသူက ပြန်ပြီး တရားစွဲတောင်းခံတာမျိုး ရှိလာနိုင်တယ်”လို့ ကိုဇော်ထွဋ်က ဆိုပါတယ်။
 အပြင်မှာပါ မှုခင်းဖြစ်နိုင်
 အွန်လိုင်းပေါ်မှာ အခြေအနေမှန် မဟုတ်ဘဲ တလွဲ အသရေဖျက်ခံရတာမျိုးတွေကနေ အပြင်လောကမှာပါ မှုခင်းတွေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
 မြန်မာနိုင်ငံရဲ့ ဥပဒေကြောင်းအရ နစ်နာတယ်ဆိုတဲ့ အချက်နဲ့တိုင်းပြီး တရားစွဲဆိုမှု ပြုနိုင်ပေမဲ့ မလုပ်ဖြစ်ကြတာများတဲ့ အပေါ်မှာ အခွင့်ကောင်းယူပြီး အွန်လိုင်း ပြစ်မှုတွေ ပိုများလာပါတယ်။
 အွန်လိုင်းအသုံးပြုသူတွေအနေနဲ့ ကိုယ်က စိတ်ဝင်စားလို့ အမှတ်တမဲ့ like လုပ်လိုက်တဲ့ ကိစ္စတစ်ခုက ကိုယ့်ရဲ့သူငယ်ချင်း၊ သူငယ်ချင်းရဲ့ သူငယ်ချင်း၊ နောက်ဆုံး ရေတွက်လို့မရတဲ့ အနေအထားအထိ ပျံ့နှံ့ရောက်ရှိနိုင်တာကို သတိပြုသင့်ပါတယ်။
 အွန်လိုင်းမှာလည်း ကျင့်ဝတ်ရှိသင့်
T - Bit Solution မှ ကိုသက်အောင် မင်းလတ်က “အပြင်မှာပဲဖြစ်ဖြစ်၊ အွန်လိုင်းမှာပဲဖြစ်ဖြစ် ethics က ရှိသင့်တယ်၊ အွန်လိုင်းမှာတင်တဲ့ နိုင်ငံရေးပဲဖြစ်ဖြစ်၊ လူမှုရေးပဲဖြစ်ဖြစ် ကိုယ်ပြောတဲ့စကားက ဘယ်သူ့ကိုမှ မထိခိုက်ဘဲ မှန်တာ၊ ကိုယ် ပြောတဲ့ကိစ္စ ကိုယ်တာဝန်ယူနိုင်တာမျိုး ရှိရမယ် ”လို့ ပြောပါတယ်။
 တချို့ဆို အနိဋ္ဌာရုံပုံတွေ တင်တယ်။ လှုံ့ဆော်မှုဖြစ်စေနိုင်တဲ့ အရေးအသားမျိုး တင်တယ်။ ဒါဟာ မြန်မာ့လူ့အဖွဲ့အစည်း က အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို လက်ခံထားသူတွေအတွက် စိတ်အနှောင့်အယှက်ပဲ။ အကြမ်းဖက်မှုကို လှုံ့ ဆော်တာက ပြင်ပဥပဒေအရ ငြိသလို ဖွဲ့ စည်းပုံ အခြေခံဥပဒေမှာလည်း ဘာသာရေးနဲ့ လူမျိုးရေး ခွဲခြားလို့မရဘူးဆိုတာ နိုင်ငံသားတို့ရဲ့ မူလတာဝန်နဲ့ အခွင့်အရေးတွေမှာ ပါတယ်လို့ ကိုသက်အောင်မင်းလတ်က ဆိုပါတယ်။
 အနုပညာရှင်တချို့လည်း အွန်လိုင်းနဲ့ ဆိုရှယ်မီဒီယာ အသုံးပြုမှုကနေ လူထုနဲ့ တိုက်ရိုက်ထိတွေတဲ့ပုံစံမျိုး ပြုလုပ်လာကြ ပါတယ်။ အစစ်အမှန်ရှိသလို အနုပညာရှင် ရဲ့ နာမည်၊ ဓာတ်ပုံကို အသုံးပြုပြီး အခြားသူတစ်ဦးက အသုံးချတာမျိုးတွေလည်း တွေ့လာရပါတယ်။
 ပုံတွေကို အနုပညာရှင်ကိုယ်တိုင်က တင်တာမျိုး ရှိသလို အနုပညာရှင်တွေရဲ့ မတော်တရော်ပုံတွေကို သီးသန့်တင်တဲ့ page တွေလည်း ရှိနေပါတယ်။
 အပြန်အလှန် ထိန်းကွပ်လာကြ
“အခုနောက်ပိုင်းဆိုရင် တစ်ခုခု လှုံ့ ဆော်တဲ့ သတင်းပို့စ်တစ်ခု အွန်လိုင်းမှာ တက်လာရင် ဒီသတင်းအပေါ် ခွဲခြမ်းစိတ် ဖြာပြီး တခြားရှုထောင့်တွေကနေ ရေးတာမျိုးတွေ ချက်ချင်းပြန်တင်လာကြတယ်၊ ဒါက အွန်လိုင်းပေါ်မှာပဲ အချင်းချင်း ပြန် ထိန်းကွပ်သွားတာမျိုးပေါ့”လို့ MIDO မှ Executive Director ကိုနေဘုန်းလတ် က ဆိုပါတယ်။
 အွန်လိုင်းမှာသုံးလို့ ethics ပိုင်း စဉ်းစားစရာ မလိုဘူး၊ ကိုယ့်စာမျက်နှာ ကိုယ်ပိုင်တယ်၊ ရေးချင်တာရေးမယ်ဆိုတာမျိုး ကို ဆင်ခြင်သင့်တယ်။ ကိုယ့်စာမျက်နှာမှာ ကိုယ်ရေးလည်း သူငယ်ချင်းတွေဆီ ရောက်ပြီး ပျံ့တာပဲလေ။ Only me နဲ့တော့ ဘယ်သူမှ မရေးဘူး။ ကိုယ်ကိုယ်တိုင် တာဝန် မယူနိုင်တာမျိုး တင်ပါများလာရင် ဂုဏ်သိက္ခာ ထိခိုက်လာနိုင်တယ်လို့ ကိုနေဘုန်းလတ်က သူ့အမြင်ကို ပြောပါတယ်။
 ဝေဖန်တာနဲ့ ပုတ်ခတ်စော်ကားတာ
 ထိုင်းနိုင်ငံမှာ ဘုရင်ကို အွန်လိုင်းမှာ ပုတ်ခတ်စော်ကားတာကို အရေးယူတဲ့ ဥပဒေ သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံက အွန်လိုင်း အသုံးပြုသူတွေ သမ္မတ အပေါ် ရင့်သီးရိုင်းစိုင်းတဲ့ အသုံးအနှုန်းမျိုး၊ လှောင်ပြောင်သရော်တဲ့ အသုံးအနှုန်းမျိုးကို လက်ခံအသုံးပြုနေတာ တွေ့ရပါတယ်။
 ကိုနေဘုန်းလတ်ကပဲ “သာမန်လူအ ချင်းချင်း ပြောတာနဲ့ အစိုးရပိုင်းကို ပြောတာ မတူဘူးဆိုတာကို အွန်လိုင်းသုံးတဲ့သူတွေ သိသင့်တယ်၊ မပြောရဘူး မဟုတ်ဘူး၊ အပြုသဘောနဲ့ ဝေဖန်လို့ရတယ်၊ ဒါပေမဲ့ ပုတ်ခတ်စော်ကားတာဆိုရင်တော့ အသရေဖျက်မှုနဲ့ တရားစွဲမယ်ဆိုရင် ရတယ်”လို့ ဆိုပါတယ်။
 လွတ်လပ်ပေမဲ့ အစွန်းမရောက်သင့်
 အွန်လိုင်းအသုံးပြုသူတွေ အနေနဲ့ လွတ်လပ်စွာ အသုံးပြုနိုင်မှုပေါ်မှာ အခြေခံပေမဲ့ အစွန်းရောက်သမားနဲ့ ဝါဒဖြန့်သမားတွေရဲ့ လှုံ့ဆော်မှုတွေကိုတော့ ကိုယ်ပိုင်အတွေးအခေါ်နဲ့ လက်ခံသင့် မခံ သင့် ဆုံးဖြတ်သင့်ပါတယ်။
 လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တောင်းဆိုတာမျိုးတွေလည်း အွန်လိုင်းပေါ်ကို ရောက်ရှိလာတတ်ပြီး အဆိုပါ တောင်းဆိုမှုတွေ ကိုယ်တိုင်က အစွန်းတစ်ဖက်ရောက်ပြီး လူ့အခွင့်အရေးကို ပြန်ချိုးဖောက်နေတာမျိုးကိုလည်း တွေ့ရပါတယ်။
 အွန်လိုင်းမီဒီယာနဲ့ ပုံနှိပ်မီဒီယာပိုင်းမှာရှိရမယ့် ethics (ကျင့်ဝတ်)ကို အတူတူ သတ်မှတ် ကျင့်သုံးသင့်တယ်လို့ သိရတယ်။
 ကိုယ်တင်လိုက်တဲ့ သတင်းပို့စ်၊ အ မြင်၊ ဓာတ်ပုံနဲ့ အကြောင်းအရာမှာပါဝင်တဲ့ သက်ဆိုင်သူတွေရဲ့ နာမည်က ခိုင်မာမှုမရှိ ဘဲ လုပ်ကြံဖန်တီးထားတဲ့ အရာမျိုးဆိုရင် ကာယကံရှင်တွေအတွက် ထိခိုက်နစ်နာမှု၊ ဆုံးရှုံးမှု ကြီးမားနိုင်ပါတယ်။
 မိန်းကလေးတစ်ယောက်နဲ့ ပတ်သက်ပြီး မကျေနပ်လို့ သူမရဲ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ အတွင်းရေးတစ်ခုကို အွန်လိုင်း ပေါ်မှာ ဓာတ်ပုံနဲ့တကွ ဖြန့်ဝေတာမျိုးကတော့ ကျင့်ဝတ်ပိုင်း ချိုးဖောက်ရာကျသလို လူ့အခွင့်အရေး ချိုးဖောက်ရာလည်း ကျပါတယ်။
 ဟက်ကာမှာလည်း ကျင့်ဝတ် ရှိ
 ဟက်ကာတွေကို နည်းပညာကျွမ်းကျင်သူတွေလို့ သတ်မှတ်ရာကနေ ဖျက်ဆီးသူတွေအဖြစ် သတ်မှတ်လာကြတာကလည်း ကျင့်ဝတ်ပိုင်းနဲ့ပဲ ဆိုင်တယ်လို့ သိရတယ်။
 ဝက်ဘ်ဆိုက်တွေကို ဝင်ကြည့်လို့မရအောင် ထိန်းချုပ်တာမျိုးက လုံခြုံရေးစနစ်ကို သတိပေးရာကျပေမဲ့ ဝက်ဘ်ဆိုက်တစ်ခုလုံးကို ဖြုတ်ချပြီး ကိုယ်တင်ချင်တဲ့ စာတွေ၊ ပုံတွေနဲ့ ဝင်ကြည့်သူတွေကိုဖော်ပြ တဲ့ (deface) ပုံစံမျိုးကတော့ black hacker တွေနဲ့ hacktivist တွေ လုပ်လေ့ရှိတယ် လို့ သိရပါတယ်။
“Black hacker မှာ ethics လဲ မရှိ ဘူး၊ သူ့ကိုလဲ ဘယ်သူကမှ ထိန်းချုပ်လို့ မရဘူး၊ အချက်အလက်တွေ ရောင်းစားတယ်၊ ဖျက်ဆီးတယ်၊ သူလုပ်ချင်ရာလုပ်တာ”လို့ ကိုသက်အောင်မင်းလတ်က ရှင်းပြပါတယ်။
 ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် အွန်လိုင်းအသုံးပြုခွင့်ရှိသလို လွတ်လပ်ခွင့်လည်းရှိတာ အမှန်ပါပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့လွတ်လပ်စွာ အွန်လိုင်းအသုံးပြုခြင်းကနေ တစ်ပါးသူရဲ့ လွတ်လပ်ခွင့်ကို ထိပါးတာ၊ ဂုဏ်သိက္ခာကျဆင်းစေတာမျိုး၊ လှုံ့ဆော်မှုဆန် တဲ့ အသုံးနှုန်းမျိုးတွေဘက်ကို မရောက်သွားအောင်တော့ ကိုယ်ကိုယ်တိုင်ပဲ လူမှုကျင့်ဝတ်ပိုင်းအရ ထိန်းချုပ်သွားသင့်တယ် လို့ သိရပါတယ်။



Re-Post By ACM 3-4-2013
အေးချမ်းမွန် Credit & Copy From >>Kumudra<< Thank
Re-Post By ACM 3-4-2013
ရဲလင်းလင်းသန်း.

ယခုနောက်ပိုင်း ကိစ္စ တော်တော်များများမှာ ethics (ကျင့်ဝတ်) နဲ့ ပတ်သက်ပြီး ပြောလာကြသလို အွန်လိုင်းအသုံးပြုတဲ့အပိုင်းမှာလည်း အွန်လိုင်းကျင့်ဝတ် ရှိသင့်တယ်လို့ အိုင်တီ ပညာရှင်တချို့က ဆိုကြပါတယ်။
MTDC မှ ကိုစိုးမင်းထွန်းက “မြန်မာပြည်မှာက တင်းထားတဲ့ အနေအထားကနေ ဖြည်းဖြည်းချင်းမဟုတ်ဘဲ ရုတ်တရက် လွှတ်ချလိုက်လို့ လှုပ်ခတ်မှုတွေ များလာတယ်၊ မိုဘိုင်းဖုန်းမှာပါ အင်တာနက် သုံးလို့ ရတာကနေ ဘယ်မှာ ဘာဖြစ်တယ် ချက်ချင်းတင်နိုင်လာတယ်၊ တချို့ အစွန်းရောက်တဲ့ အရေးအသားတွေကြောင့် စိတ်ခံစားချက်ကို မထိန်းနိုင်တဲ့ လူတွေကြားမှာ တုံ့ပြန်ကြတယ်”လို့   ပြောပါတယ်။
တစ်ကမ္ဘာလုံးမှာ ဖေ့စ်ဘုတ်ကို ပိုအသုံးများလို့ cyber abuse တွေက ဆို ရှယ်နက်ဝပ်ခ်တွေ၊ အထူးသဖြင့် ဖေ့စ်ဘုတ်ပေါ်မှာ တွေ့ရများတယ်လို့ သိရတယ်။ဆိုရှယ်နက်ဝပ်ခ်ကို စီးပွားရေး၊ လူမှုရေးအတွက် စတင်အသုံးပြုရာကနေ လူမျိုးရေး၊ နိုင်ငံရေးလှုံ့ဆော်လိုသူတွေရဲ့ ဝင်ရောက် ဝါဒဖြန့်မှုတွေ ပေါ်ပေါက်လာပြီး အာရပ်နွေဦးလို အဓိကရုဏ်းတွေအထိ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
လှုံ့ဆော်မှုကို တုံ့ပြန်တာ နည်းလာ
Yangon Heartz Media မှ ကိုဇော်ဇော်မျိုးလွင်က “ရည်ရွယ်ချက်ကြီးကြီးနဲ့ ပုဂ္ဂိုလ်ရေးအရ ဦးတည်တိုက်ခိုက်တာမျိုး တွေလဲ အခုဆို တွေ့လာရတာပဲ၊ အဲဒါကို အပြန်အလှန် တုံ့ပြန်နေတာမျိုး ရှိခဲ့ဖူးပေမဲ့ အခုနောက်ပိုင်းတော့ မတွေ့ရသလောက် နည်းသွားတယ်၊ ဒီသတင်းကို စဖြန့်တဲ့လူ ကိုယ်တိုင်က တစ်ဖက်တည်းကို အလွန် ရေးထားတာမျိုးကတော့ ethics မရှိရာကျတယ်”လို့ ဆိုပါတယ်။
“လှုံ့ဆော်မှုဆန်ဆန် သတင်းတွေရဲ့ ဒဏ်ကို ခံရတာမှာ လူလတ်ပိုင်း ပိုများတယ်၊ ၂၅ နဲ့ ၄၀ ကြားပေါ့၊ လူငယ်ပိုင်းကတော့ သိပ်ပြီး စိတ်ဝင်စားပုံမပေါ်ဘူး၊ ဒီလို ဆိုက်ဘာနှောင့်ယှက်မှု မမှန်သတင်း၊ မှန် သတင်းတွေကို စိတ်လိုက်မာန်ပါမလုပ်ဘဲ ဒါကို အရေးမကြီးဘူးလို့ သဘောထားနိုင်ရင် ကိုယ်က ဆိုရှယ်နက်ဝပ်ခ်ကို အနိုင်ပိုင်းပြီး သုံးတဲ့သူဖြစ်တယ်”လို့ ကိုဇော်ဇော်မျိုးလွင်က သူ့အမြင်ကို ပြောပါတယ်။
ဖုန်းနဲ့ အွန်လိုင်း သုံးသူများလာအရင်က ပြည်တွင်းမှာ အွန်လိုင်းသုံးစွဲ သူဦးရေ နည်းပါးပြီး မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုနိုင်ချိန်မှာတော့ အွန်လိုင်း အသုံးပြုသူ သိသိသာသာ တိုးတက်လာ ပြီး အွန်လိုင်း မီဒီယာတွေ၊ ကိုယ်ပိုင်ဝက်ဘ်ဆိုက်နဲ့ ဘလော့ဂ်ရေးသားသူတွေ ပိုမိုများပြားလာ ခဲ့ပါတယ်။
မြန်မာ့အင်တာနက်မှ မန်နေးဂျင်း ဒါရိုက်တာ ကိုဇော်ထွဋ်က “အွန်လိုင်းအသုံးပြုမှုကို သီးသန့်ကြီး ဥပဒေနဲ့ ဘာနဲ့ ထိန်းချုပ်ဖို့မလိုဘူးဆိုရင်တောင် အင်တာနက် အသုံးပြုတဲ့သူတွေ အားလုံး တည်ဆဲ ဥပဒေနဲ့အညီ နေသင့်တယ်၊ သုံးတဲ့သူတွေကိုယ်တိုင်က အင်တာနက်ပေါ်မှာ ဥပဒေ ဖောက်ဖျက်ရင် အပြင်မှာ ဥပဒေဖောက် ဖျက်တာနဲ့ အတူတူ အရေးယူခံရနိုင်တယ် လို့ သတ်မှတ်ပြီးသုံးရင် အလိုလို social ethics ထိန်းပြီးသား ဖြစ်တယ်” လို့ ပြောပါတယ်။
“ဒါပေမဲ့ စောင့်ထိန်းတာ မစောင့်ထိန်းတာကလဲ တစ်ဦးချင်းရဲ့ ကျင့်ဝတ်နဲ့ပဲ ဆိုင်တယ်၊ လူတစ်ယောက်ချင်းက ကိုယ့်ကိုယ်ကိုပဲ တာဝန်ယူရမှာ၊ တရားမ ကြောင်းအရ ဆိုရင် အွန်လိုင်းနဲ့ပတ်သက်တဲ့ တည်ဆဲ ဥပဒေ ဘာမှမရှိပေမဲ့ တစ်ဖက်ဖက်မှာ တိုင်းတာလို့မရတဲ့ နစ်နာမှုမျိုး ဖြစ်လာရင် နစ်နာသူက ပြန်ပြီး တရားစွဲတောင်းခံတာမျိုး ရှိလာနိုင်တယ်”လို့ ကိုဇော်ထွဋ်က ဆိုပါတယ်။
အပြင်မှာပါ မှုခင်းဖြစ်နိုင်အွန်လိုင်းပေါ်မှာ အခြေအနေမှန် မဟုတ်ဘဲ တလွဲ အသရေဖျက်ခံရ တာမျိုးတွေကနေ အပြင်လောကမှာပါ မှုခင်းတွေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံရဲ့ ဥပဒေကြောင်းအရ နစ်နာတယ်ဆိုတဲ့ အချက်နဲ့တိုင်းပြီး တရားစွဲဆိုမှု ပြုနိုင်ပေမဲ့ မလုပ်ဖြစ်ကြ တာများတဲ့ အပေါ်မှာ အခွင့်ကောင်းယူပြီး အွန်လိုင်း ပြစ်မှုတွေ ပိုများလာပါတယ်။
အွန်လိုင်းအသုံးပြုသူတွေအနေနဲ့ ကိုယ်က စိတ်ဝင်စားလို့ အမှတ်တမဲ့ like လုပ်လိုက်တဲ့ ကိစ္စတစ်ခုက ကိုယ့်ရဲ့သူငယ်ချင်း၊ သူငယ်ချင်းရဲ့ သူငယ်ချင်း၊ နောက်ဆုံး ရေတွက်လို့မရတဲ့ အနေအထားအထိ ပျံ့နှံ့ရောက်ရှိနိုင်တာကို သတိပြုသင့်ပါတယ်။
အွန်လိုင်းမှာလည်း ကျင့်ဝတ်ရှိသင့်
T - Bit Solution မှ ကိုသက်အောင် မင်းလတ်က “အပြင်မှာပဲဖြစ်ဖြစ်၊ အွန်လိုင်းမှာပဲဖြစ်ဖြစ် ethics က ရှိသင့်တယ်၊ အွန်လိုင်းမှာတင်တဲ့ နိုင်ငံရေးပဲဖြစ်ဖြစ်၊ လူမှုရေးပဲဖြစ်ဖြစ် ကိုယ်ပြောတဲ့စကားက ဘယ်သူ့ကိုမှ မထိခိုက်ဘဲ မှန်တာ၊ ကိုယ် ပြောတဲ့ကိစ္စ ကိုယ်တာဝန်ယူနိုင်တာမျိုး ရှိရမယ် ”လို့ ပြောပါတယ်။
တချို့ဆို အနိဋ္ဌာရုံပုံတွေ တင်တယ်။ လှုံ့ဆော်မှုဖြစ်စေနိုင်တဲ့ အရေးအသားမျိုး တင်တယ်။ ဒါဟာ မြန်မာ့လူ့အဖွဲ့အစည်း က အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို လက်ခံထားသူတွေအတွက် စိတ်အနှောင့်အယှက်ပဲ။ အကြမ်းဖက်မှုကို လှုံ့ ဆော်တာက ပြင်ပဥပဒေအရ ငြိသလို ဖွဲ့ စည်းပုံ အခြေခံဥပဒေမှာလည်း ဘာသာရေးနဲ့ လူမျိုးရေး ခွဲခြားလို့မရဘူးဆိုတာ နိုင်ငံသားတို့ရဲ့ မူလတာဝန်နဲ့ အခွင့်အရေးတွေမှာ ပါတယ်လို့ ကိုသက်အောင်မင်းလတ်က ဆိုပါတယ်။
အနုပညာရှင်တချို့လည်း အွန်လိုင်းနဲ့ ဆိုရှယ်မီဒီယာ အသုံးပြုမှုကနေ လူထုနဲ့ တိုက်ရိုက်ထိတွေ တဲ့ပုံစံမျိုး ပြုလုပ်လာကြ ပါတယ်။ အစစ်အမှန်ရှိသလို အနုပညာရှင် ရဲ့ နာမည်၊ ဓာတ်ပုံကို အသုံးပြုပြီး အခြားသူတစ်ဦးက အသုံးချတာမျိုးတွေလည်း တွေ့လာရပါတယ်။ပုံတွေကို အနုပညာရှင်ကိုယ်တိုင်က တင်တာမျိုး ရှိသလို အနုပညာရှင်တွေရဲ့ မတော်တရော်ပုံတွေကို သီးသန့်တင်တဲ့ page တွေလည်း ရှိနေပါတယ်။
အပြန်အလှန် ထိန်းကွပ်လာကြ“အခုနောက်ပိုင်းဆိုရင် တစ်ခုခု လှုံ့ ဆော်တဲ့ သတင်းပို့စ်တစ်ခု အွန်လိုင်းမှာ တက်လာရင် ဒီသတင်းအပေါ် ခွဲခြမ်းစိတ် ဖြာပြီး တခြားရှုထောင့်တွေကနေ ရေးတာမျိုးတွေ ချက်ချင်းပြန်တင်လာကြတယ်၊ ဒါက အွန်လိုင်းပေါ်မှာပဲ အချင်းချင်း ပြန် ထိန်းကွပ်သွားတာမျိုးပေါ့”လို့ MIDO မှ Executive Director ကိုနေဘုန်းလတ် က ဆိုပါတယ်။
အွန်လိုင်းမှာသုံးလို့ ethics ပိုင်း စဉ်းစားစရာ မလိုဘူး၊ ကိုယ့်စာမျက်နှာ ကိုယ်ပိုင်တယ်၊ ရေးချင် တာရေးမယ်ဆိုတာမျိုး ကို ဆင်ခြင်သင့်တယ်။ ကိုယ့်စာမျက်နှာမှာ ကိုယ်ရေးလည်း သူငယ်ချင်းတွေ ဆီ ရောက်ပြီး ပျံ့တာပဲလေ။ Only me နဲ့တော့ ဘယ်သူမှ မရေးဘူး။ ကိုယ်ကိုယ်တိုင် တာဝန် မယူနိုင်တာမျိုး တင်ပါများလာရင် ဂုဏ်သိက္ခာ ထိခိုက်လာနိုင်တယ်လို့ ကိုနေဘုန်းလတ်က သူ့အမြင်ကို ပြောပါတယ်။
ဝေဖန်တာနဲ့ ပုတ်ခတ်စော်ကားတာ
ထိုင်းနိုင်ငံမှာ ဘုရင်ကို အွန်လိုင်းမှာ ပုတ်ခတ်စော်ကားတာကို အရေးယူတဲ့ ဥပဒေ သတ်မှတ်ထားပါ တယ်။ မြန်မာနိုင်ငံက အွန်လိုင်း အသုံးပြုသူတွေ သမ္မတ အပေါ် ရင့်သီးရိုင်းစိုင်းတဲ့ အသုံးအနှုန်း မျိုး၊ လှောင်ပြောင်သရော်တဲ့ အသုံးအနှုန်းမျိုးကို လက်ခံအသုံးပြုနေတာ တွေ့ရပါတယ်။
ကိုနေဘုန်းလတ်ကပဲ “သာမန်လူအ ချင်းချင်း ပြောတာနဲ့ အစိုးရပိုင်းကို ပြောတာ မတူဘူးဆိုတာကို အွန်လိုင်းသုံးတဲ့သူတွေ သိသင့်တယ်၊ မပြောရဘူး မဟုတ်ဘူး၊ အပြုသဘောနဲ့ ဝေဖန်လို့ရတယ်၊ ဒါပေမဲ့ ပုတ်ခတ်စော်ကားတာဆိုရင်တော့ အသရေဖျက်မှုနဲ့ တရားစွဲမယ်ဆိုရင် ရတယ်”လို့ ဆိုပါတယ်။
လွတ်လပ်ပေမဲ့ အစွန်းမရောက်သင့်
အွန်လိုင်းအသုံးပြုသူတွေ အနေနဲ့ လွတ်လပ်စွာ အသုံးပြုနိုင်မှုပေါ်မှာ အခြေခံပေမဲ့ အစွန်းရောက်သမားနဲ့ ဝါဒဖြန့်သမားတွေရဲ့ လှုံ့ဆော်မှုတွေကိုတော့ ကိုယ်ပိုင်အတွေးအခေါ်နဲ့ လက်ခံသင့် မခံ သင့် ဆုံးဖြတ်သင့်ပါတယ်။
လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တောင်းဆိုတာမျိုးတွေလည်း အွန်လိုင်းပေါ်ကို ရောက်ရှိလာတတ်ပြီး အဆိုပါ တောင်းဆိုမှုတွေ ကိုယ်တိုင်က အစွန်းတစ်ဖက်ရောက်ပြီး လူ့အခွင့်အရေးကို ပြန်ချိုးဖောက်နေ တာမျိုးကိုလည်း တွေ့ရပါတယ်။အွန်လိုင်းမီဒီယာနဲ့ ပုံနှိပ်မီဒီယာပိုင်းမှာရှိရမယ့် ethics (ကျင့်ဝတ်)ကို အတူတူ သတ်မှတ် ကျင့်သုံးသင့်တယ်လို့ သိရတယ်။
ကိုယ်တင်လိုက်တဲ့ သတင်းပို့စ်၊ အ မြင်၊ ဓာတ်ပုံနဲ့ အကြောင်းအရာမှာပါဝင်တဲ့ သက်ဆိုင်သူတွေရဲ့ နာမည်က ခိုင်မာမှုမရှိ ဘဲ လုပ်ကြံဖန်တီးထားတဲ့ အရာမျိုးဆိုရင် ကာယကံရှင်တွေအတွက် ထိခိုက်နစ်နာမှု၊ ဆုံးရှုံးမှု ကြီးမားနိုင်ပါတယ်။
မိန်းကလေးတစ်ယောက်နဲ့ ပတ်သက်ပြီး မကျေနပ်လို့ သူမရဲ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ အတွင်းရေးတစ်ခုကို အွန်လိုင်း ပေါ်မှာ ဓာတ်ပုံနဲ့တကွ ဖြန့်ဝေတာမျိုးကတော့ ကျင့်ဝတ်ပိုင်း ချိုးဖောက်ရာကျသလို လူ့အခွင့်အရေး ချိုးဖောက်ရာလည်း ကျပါတယ်။
ဟက်ကာမှာလည်း ကျင့်ဝတ် ရှိ
ဟက်ကာတွေကို နည်းပညာကျွမ်းကျင်သူတွေလို့ သတ်မှတ်ရာကနေ ဖျက်ဆီးသူတွေအဖြစ် သတ်မှတ်လာကြတာကလည်း ကျင့်ဝတ်ပိုင်းနဲ့ပဲ ဆိုင်တယ်လို့ သိရတယ်။
ဝက်ဘ်ဆိုက်တွေကို ဝင်ကြည့်လို့မရအောင် ထိန်းချုပ်တာမျိုးက လုံခြုံရေးစနစ်ကို သတိပေးရာကျပေမဲ့ ဝက်ဘ်ဆိုက်တစ်ခုလုံးကို ဖြုတ်ချပြီး ကိုယ်တင်ချင်တဲ့ စာတွေ၊ ပုံတွေနဲ့ ဝင်ကြည့်သူတွေကိုဖော်ပြ တဲ့ (deface) ပုံစံမျိုးကတော့ black hacker တွေနဲ့ hacktivist တွေ လုပ်လေ့ရှိတယ် လို့ သိရပါတယ်။
“Black hacker မှာ ethics လဲ မရှိ ဘူး၊ သူ့ကိုလဲ ဘယ်သူကမှ ထိန်းချုပ်လို့ မရဘူး၊ အချက်အလက်တွေ ရောင်းစားတယ်၊ ဖျက်ဆီးတယ်၊ သူလုပ်ချင်ရာလုပ်တာ”လို့ ကိုသက်အောင်မင်းလတ်က ရှင်းပြပါတယ်။
ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် အွန်လိုင်းအသုံးပြုခွင့်ရှိသလို လွတ်လပ်ခွင့်လည်းရှိတာ အမှန်ပါပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့လွတ်လပ်စွာ အွန်လိုင်းအသုံးပြုခြင်းကနေ တစ်ပါးသူရဲ့ လွတ်လပ်ခွင့်ကို ထိပါးတာ၊ ဂုဏ်သိက္ခာကျဆင်းစေတာမျိုး၊ လှုံ့ဆော်မှုဆန် တဲ့ အသုံးနှုန်းမျိုးတွေဘက်ကို မရောက်သွားအောင်တော့ ကိုယ်ကိုယ်တိုင်ပဲ လူမှုကျင့်ဝတ်ပိုင်းအရ ထိန်းချုပ်သွားသင့်တယ် လို့ သိရပါတယ်။

No comments:

Post a Comment