မိတ္ထီလာ၊ ဧပြီ ၂။
မိတ္ထီလာ အကြမ်းဖက်မှုတွင်ပါဝင်သူများကို စုံစမ်းဖော်ထုတ်ပြီး ဥပဒေကြောင်းအရ အရေးယူမှုများပြု လုပ်တော့မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က ပြောကြားသည်။
“နောက်လာမယ့်အပတ်မှာ အကြမ်းဖက်မှုမှာ ပါတဲ့သူတွေကို ဖမ်းဆီးပြီးစစ်ဆေးမှုတွေပြုလုပ်တော့မယ်။
လူသေအောင်လုပ်တဲ့လူတွေကို သေဒဏ်ပေးမယ်။ မီးရှို့ တဲ့သူတွေကို
တစ်သက်တစ်ကျွန်း။ အနာတရဖြစ်အောင် ရိုက်နှက်တဲ့သူတွေကိုလည်း
တစ်သက်တစ်ကျွန်းပေးမယ်။ အဲ့ဒီ တော့ ထိထိရောက်ရောက်အရေးယူနိုင်အောင် ပြည်သူတွေဘက်ကလည်းပူးပေါင်းဖို့လိုအပ်ပါတယ်။”
ဟု မန္တလေး တိုင်းဒေသ ကြီး ဥပဒေရေး ရာချုပ် ဦးရဲအောင်မြင့်က မိတ္ထီလာမြို့ရှိ
ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်များကို ထောက်ပံ့ပစ္စည်းများပေးအပ်စဉ်ပြောကြားသည်။
“ဥပဒေအတိုင်း အရေးယူမယ်ဆိုရင်ကောင်းပါတယ်။ ဒါမှ မြို့က
အရင်လိုပုံမှန်ပြန်ဖြစ်မှာပါ။ အခုကတော့ နှစ်ဖက်စလုံးက ကြောက်နေကြတာ
ဆိုတော့။ ဒီလိုဖော်ထုတ်မှလည်း အသက်ဆုံးရှုံးရ တဲ့သူတွေရော ဒုက္ခသည်
ဖြစ်သွားရတဲ့သူတွေအားလုံးအတွက်လည်း တရားမျှတမှာပါ” ဟု အစ္စလာမ် ဘာသာဝင်ဒုက္ခသည် ဒေါ်မြင့်ကြည်ကပြောကြားသည်။
“ပုဒ်မ ၁၄၄ ထုတ်ထားတယ်ဆိုတာကလည်း လိုအပ်လို့ထုတ်တာပါ။ အပြစ်မဲ့တဲ့ အသက်အိုးအိမ် စည်းစိမ်တွေထက်ပြီး
မပျက်ဆီးရအောင် ထုတ်ထားတာပါ။ လူတွေထုတ်ပြန်တဲ့ ဥပဒေပဲ ဒီနေ့ ဒေသဒေသ
အေးချမ်း သွားတာနဲ့ ဒီနေ့ပုဒ်မ ၁၄၄ကို ရုတ်သိမ်းပေးမှာပါ” ဟု မန္တလေးတိုင်း
ဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က ရှင်းလင်းပြောကြားသည်။
ယခုအခါ မိတ္ထီလာ အကြမ်းဖက်မှုနှင့်စပ်လျဉ်ပြီး ပြည်ထဲရေးဒုတိယ၀န်ကြိး
ဗိုလ်မှုးချုပ်ကျော်ဇံမြင့်၊ မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ်
ဦးရဲအောင်မြင့်၊ ခရိုင်အုပ်ချုပ်ရေးမှုး ဦးခင်မောင်စိုး နှင့်
အခြားဌာနဆိုင်ရာများမှ သက်ဆိုင်ရာ အရရှိများဦးဆောင်သော
စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ပြစ်မှု ကျူးလွန်သူများကိုဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment