ဌေးလွင်ဦး
RB News
4.4.2013
မြန်မာ ပြည်ဆိုတဲ့ ဧရိယာ အတွင်းမှာ တည်ငြိမ် အေးချမ်းမှုတွေ ဖြစ်လာစေဘို့-
ကျုပ်တို့ အစ္စလာမ် သာသနာဝင် များ ဘက်က အခု အချိန်ထိ အနစ်နာခံ၊ ဒုက္ခခံ၊
အမုန်းခံပြီး- တည်ဆောက် ပေးနေတယ်။ အနာဂါတ် မြန်မာနိုင်ငံ ရဲ့
ငြိမ်းချမ်းရေး၊ လူ့မှု ဘ၀ တိုးတက် ဖွံ့ဖြိုးရေး၊ ဆင်းရဲ မွဲတေ ဖွတ်ဘိုးအေ
ဘ၀များမှ ကင်းလွတ်ရေး-၊ နိုင်ငံ တစ်ကာ မျက်နှာမှာ မသိမ်ငယ် ရစေရေး
တို့အတွက် ကျုပ်တို့ဘက်က ငြိမ်းချမ်းရေး ကမ်းလက်ကို ဆန့်ထား နေဆဲ
ဖြစ်ပါတယ်။
“လှေမြော-လှေနဲ့လိုက်” မူဝါဒကို ကျုပ်တို့ဘက်က စတင်လိုက် တဲ့တနေ့ မြန်မာ
ပြည်တွင်းက လူဦးရေ အနည်း ဆုံး ၅ သန်း စားဝတ် နေရေး ပြတ်လပ် သွားပါ
လိမ့်မယ်။ အဲ့ဒီ မိသားစု တွေ ကို ထောက်ပံ့ ပေးနေဘို့ ပြည်ပမှာ အလုပ်လုပ်
နေတဲ့ လူဦးရေ ၂ သိန်း လောက်ဟာ ဒုက္ခကို စတင် ရင်ဆိုင် ရပါ တော့မယ်။
ကျုပ်တို့ အစ္စလာမ် သာသနာဝင် တွေရဲ့ အသက် တစ်ထောင် ပေးရရင်-၊ ကျုပ်တို့
ကလည်း လူ တစ်ထောင်ရဲ့ အသက်ကို ပြန်ယူနိုင် တယ်၊ ကျုပ်တို့ အစ္စလာမ် သာသနာဝင်
တွေရဲ့ မိသားစု ၂ သန်း စားဝတ် နေရေး ဒုက္ခ ရောက်ရရင်- ကျုပ်တို့က လည်း
လူဦးရေ ၂ သန်းရဲ့ စားဝတ် နေရေးကို ပြန်လည် ဒုက္ခပေး နိုင်တယ်။ ကျုပ်တို့
အစ္စလာမ် သာသနာဝင်တွေ ကို မအိပ်နိုင် မစားနိုင် သောကထဲမှာ ပစ်ထားရင်၊
ကျုပ်တို့ကလည်း အဲ့ဒီ လူဦးရေနဲ့ ညီမျှတဲ့ လူဦးရေကို ထပ်တူသောက
ပေးနိုင်ပါတယ်။ ကျုပ်တို့ ဘက်က မီးစိမ်းပြ လိုက်တာနဲ့ အာဆီယံ ဒေသတွင်း
ကြီးမားတဲ့ ၀ရုန်းသုန်း ကားမှုကြီးကို တစ်ပြိုင်နက်ထဲ လုပ်ပစ် နိုင်ပါတယ်။
ဒါပေမယ့်--၊ ဒီနေ့ထိ ကျုပ်တို့ ဘက်က ငြိမ်းချမ်း ရေးလက်ကို ကမ်းလှမ်း
ထားဆဲပါ။
ပြစ်ဒဏ် တစ်ခုကို ချမှတ်တဲ့ အခါ- “လူဆိုး လူမိုက်များ အတွက်သာ သီးသန့်
ကျရောက်မည် မဟုတ်သော ပြစ်ဒဏ်” ဆိုတာ ရှိမြဲပါ။ ဥပမာ- ထန်းပင် တစ်ပင်ကို
မိုးကြိုးပစ်ရင်- ထန်းပင် အောက် မှာ နေတဲ့ ဖား၊ ထန်းပင်ပေါ် မှာ ရှိတဲ့ ငှက်၊
ထန်းပင်မမှာ ကပ်နေတဲ့ ပုရွက်ဆိတ်က အစ အကုန်ပါ သွားလေ့ ရှိပါတယ်။-
မိုးကြိုး စက်ကွင်းထိ ရာ တစ်ခုလုံး လွတ်မြောက်ဘို့ အခွင့် အလမ်း နည်းပါး
ပါတယ်။ ဒါတွေကို ကျုပ်တို့ ဘက်က စဉ်းစားပေး နေဆဲပါ။ တိုင်းပြည် တစ်ခုရဲ့
ရည်ရှည်ကို စဉ်းစား ပေးနေဆဲပါ။
တိုင်းပြည် တစ်ခု- လူ့အသင်း အဖွဲ့တစ်ခု ဆိုတာ ပတ်ဝန်းကျင်နဲ့ မဆက်ဆံလို့
မရသလို၊ ပတ်ဝန်း ကျင်ကို မမှီခိုပဲ ရပ်တည်လို့ မရနိုင်ပါ။ ပြည်တွင်းမှာ
မွတ်ဆလင် တွေကို ဒုက္ခ ပေးနေတဲ့ လူမျိုးတွေရဲ့ မိသားစု တွေဟာ-၊ အပြင်
လောကကို မှီခိုနေရတယ် ဆိုတာ လောက်တော့ မေ့မထားဘို့ လိုပါတယ်။
မြန်မာ ပြည်ထဲမှာ ဖြစ်နေ သမျှ၊ ဖြစ်ခဲ့ သမျှ၊ အားလုံးမှာ အစိုးရမှာ
တာဝန်ရှိပါတယ်။ ရခိုင် လူမျိုးကို ထိုးချလိုက်၊ ၉၆၉ ကို ထိုးချလိုက် ကစား
နေခြင်းက ရုပ်ပျက် ဆင်းပျက် လိမ်လည် လှည့်စား နေခြင်းသာ ဖြစ်ပါတယ်။
အပြစ်ရှိ သူကို တိုက်ရိုက် အရေး မယူရဲဘူး ဆိုကတည်းက အဲ့ဒီ အပြစ် ရှိသူလို့
စွပ်စွဲ ခံနေရသူ များရဲ့ နောက်က အစိုးရဟာ တိုက်ရိုက် ပတ်သက် နေကြောင်း
ထင်ရှား နေပါတယ်။
ပေါ်တင်ကြီး မြှောက်ပင့် လိမ်ညာ ရေးသား ဖေါ်ပြနေတဲ့ ၀ါဒဖြန့် သတင်းစာများ၊
လူမျိုးနွယ် တစ်ခုကို မျိုးဖြုတ် နိုင်စေဘို့ သမိုင်း လိမ်ပေး နေတဲ့
အုပ်စုများ၊ အစ္စလာမ် သာသနာ ၀င်တွေကို ဘာသာ မတူတဲ့ အကြောင်း ပြချက်နဲ့
အမျိုးမျိုး အပြစ်ရှာ နေသူများ-၊ ဒီလူတွေကို လွှတ်ပေး ထားတာ-၊ အစိုးရဟာ
သူတို့ကို မွေးထားကြောင်း ထင်ရှား နေပါတယ်။ အမှု ပြန်ပတ် မှာစိုးလို့ အရေး
မယူရဲ ဖြစ်နေတာ ဆိုတဲ့ အချက်လည်း ထင်ရှား နေပါတယ်။ အစိုးရဟာ တိုင်းပြည်
အပေါ်မှာ အမှန် တစ်ကယ် စေတနာ ရှိနေရင်-၊ ရှိခဲ့ရင် လက်ရှိ ဖြစ်ပျက် နေတဲ့
အခင်း အကျင်း အားလုံး ကို ရပ်တန်းက ရပ်ပေးရပါမယ်။
မကောင်းတဲ့ ပတ်ဝန်း ကျင်ကို ပစ်ပါယ်ဘို့ လူထုကြီး တစ်ရပ်လုံး မှာလည်း
တာဝန်ရှိ ပါတယ်။ လက်ရှိ ဖြစ်ရပ်တွေ ကို ၀ိုင်းဝန်း မတားဆီးဘဲ-၊ ရပ်ကြည့်
နေတာမျိုး၊ အလျှဉ်း သင့်သလို ဆွမ်းကြီး ၀င်လောင်း တာမျိုး၊ မွတ်ဆလင်
များကို မတရား သဖြင့် မုန်းတီးပြီး နှိပ်ကွပ် တာမျိုး-ကို လုံးဝ
ရှောင်ကြဉ် ပေးရ ပါမယ်။ ကျုပ်တို့ ဘက်က ငြိမ်းချမ်း ရေး ကမ်းလက်ကို
ကမ်းထား ဆဲပါ။ အစိုးရ အဆက်ဆက်က မြန်မာ ပြည်မှာ မွတ်ဆလင် ဆိုတာ ၄ ရာနှုန်းပဲ
ရှိ တယ်လို့ ပြောထားတဲ့- ပမာဏက အလွန် သေးငယ်တဲ့ ပမာဏပါ။ ဒီလောက် သေးငယ်တဲ့
ပမဏလေးက ၂၁ ရာစုမှာ မြန်မာ နိုင်ငံကို သိမ်းပိုက် ပစ်မယ် ဆိုတဲ့ စကား များက
အရူး စကား များသာ ဖြစ်ပါတယ်။ မွတ်ဆလင်တွေ ကို မျိုးတုံး သတ်ဖြတ်ဘို့
ကြံစည် သွေးထိုးတဲ့ စကား များသာ ဖြစ်ပါတယ်။ ၈၅ ရာနှုန်း ရှိတဲ့ ဗုဒ္ဓ ဘာသာက-
နှစ်ပေါင်း ၆၀ ကျော် အာဏာကို ပိုင်ထား ခဲ့တယ်။ လုပ်ပိုင် ခွင့်များကို
ပိုင်ထား ခဲ့တယ်။ စစ်တပ်ကို ပိုင်ထားခဲ့ တယ်။ တိုင်းပြည်ရဲ့ သယံဇာတ ဥစ္စာ
ပစ္စည်း များကို ပိုင်ထား ခဲ့တယ်။- ဒီလောက် လူဦးရေ များပြီး- ဒီလောက် ပိုင်
ဆိုင်မှုများ ခဲ့ပါလျက် မွတ်ဆလင် ၄ ရာနှုန်းကို မျိုးမဖြုတ် နိုင်ခဲ့ရင်-၊
ဘာဆို ဘာမှ မပိုင်တဲ့ မွတ်ဆလင် ၄ ရာနှုန်း က ၈၅ ရာနှုန်း + ရှိသမျှ
အားလုံးကို ပိုင်ဆိုင် ထားတဲ့ လူမျိုးကြီးကို ၂၁ ရာစု အတွင်း (ဒီနှစ်ကစ
နောင် ၈၇ နှစ် အတွင်း) လွှမ်းမိုး သိမ်းပိုက် သွားမယ် ဆိုတာ-၊ ရူးသွပ်
နေသူတွေရဲ့ ၀ါဒ ဖြန့်ချီမှု မျှသာ ဖြစ်တယ် ဆိုတာတော့ ဉာဏ်ရှိ သူတိုင်း
ဆင်ခြင် သင့်ပါတယ်။ ဒါတွေဟာ အာဏာရှိ သူများက နောက်ခံ ပေးလို့ ၀ါဒ
ဖြန့်နိုင်ခြင်း ဖြစ်တယ် ဆိုတာ လောက်တော့- မြန်မာ ပြည်သူတွေ ဆင်ခြင် နားလည်
သင့်တယ်။
ကျုပ်တို့ ဘက်က ဘယ်ဘုန်းကြီး ကျောင်း၊ ဘယ် ခရစ်ယာန် ကျောင်းကိုမှ ၀င်ရောက်
စစ်ဆေးခြင်း၊ မယုံ သင်္ကာ ခြင်း မရှိခဲ့ဘူး။ ဘယ်ဘုန်းကြီး ကျောင်းကိုမှလည်း
မတရား သဖြင့် မစွပ်စွဲ ခဲ့ဘူး-။ ကျုပ်တို့ ဗလီများကို ၀င်ရောက် စစ်ဆေးမယ်-
ဘာညာ စွပ်စွဲ နေခြင်း များဟာလည်း-၊ ဗလီ အတွင်း ဖေါက်ခွဲ ပစ်ဘို့၊ မီးရှို့
ပစ်ဘို့၊ ဖြိုဖျက် ပစ်ဘို့ ၀င်ရောက် ကြည့်ရှုခြင်း မျှသာ ဖြစ်တယ်။ ဒီအထိ
ကျုပ်တို့ သည်းခံ ပေးနေတယ်။ ကလိမ် ကကျစ် နည်းတွေ-၊ နိုင်ငံရေး အောက်လမ်း
နည်းတွေကို ရပ်တန်းက ရပ်ပေးရမယ်။ ရာဇ၀တ် ကောင်တွေကို ချက်ချင်း လက်ငင်း
အရေး ယူပေးရမယ်။- ကျုပ်တို့ ဘက်က ငြိမ်းချမ်း ရေးကို ကမ်းလက် ပေးထား ဆဲပါ။
ဌေးလွင်ဦး
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ
မြန်မာ မွတ်ဆလင် တန်းတူညီမျှ အခွင့် အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု
No comments:
Post a Comment