M-Media
ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်၏ နောက်ဆုံး အပြီးသတ် အစီအရင်ခံစာကို ဧပြီလ ၂၂ ရက် နေ့ တွင် သမ္မတဦးသိန်းစိန်သို့ ပေးပို့တင်ပြထားကြောင်း ယနေ့ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဧပြီ ၂၃ ရက်နေ့ တွင်ပြည်သူများအား ချပြ အသိပေးမည်ဟု မူလ ကြေငြာထားခဲ့သော်လည်း ယနေ့ အစီအရင်ခံစာကို ပြည်သူ များကို ထုတ်ပြန်ခြင်းမရှိတာကို တွေ့ရပါသည်။
စုံစမ်းရေးကော်မရှင်၏ တွေ့ရှိချက်များနှင့် ပတ်သက်ပြီး ဧပြီလ နောက်ဆုံးအပတ်တွင် မြန်မာငြိမ်းချမ်းရေးစင်တာ ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ပြိး အချိန်နဲ့ ရက်စွဲကို ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဧပြီ ၂၃-၂၀၁၃
No comments:
Post a Comment