Sunday, April 7, 2013

မုံရွာ မီးလောင်မှုသတင်း

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက် အမှတ်(၁)
လမ်းတွင် ယနေ့ည(၈)နာရီအချိန်ခန့်က မီးလောင်မှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရပါသည်။
 မီးလောင်မှုဖြစ်စဉ်မှာ အောင်မင်္ဂလာရပ်ကွက် အမှတ်(၁)လမ်း ဦးညွန့်မောင်+ဒေါ်တင်အေး ကုန်စုံဆိုင် မှ မီးအားမြင့်စက်အပူချိန်လွန်ကဲရာမှ ၀ါယာရှောဖြစ်ပြီးမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။မီးလောင်မှု
ကြောင့် အဆိုပါနေအိမ်မှ မိသားစုဝင်တစ်ဦး လက်ကျိုးခဲ့တယ်လို့လဲ အောင်မင်္ဂလာရပ်ကွက်နေသူတစ်ဦးကဆိုပါတယ်။
  မီးလောင်မှုဖြစ်ပွားရာသို့ နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးကြည်နိုင် တိုင်း/ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှူးကြီးများ မီးသတ်ဦးစီးဌာ
နမှ တိုင်းဦးစီး မြို့နယ်ဦးစီးများ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှအရာရှိ အရာခံအကြပ်စစ်သည်များ မုံရွာမြို့ပေါ်ရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ အရံမီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား(၁၅၀)ကျော်တို့က ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြပြီး လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဌာနမှရေ သယ်ယာဉ်များနှင့် မုံရွာမြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ရေသယ်ယာဉ်
များကလည်းလာရောက်ခဲ့ကြကြောင်းသိရပါသည်။
 မီးလောင်မှုကြောင့် ပျက်စီးဆုံးရှူံးမှုတန်ဘိုးမှာ ကျပ်သိန်း(၂၀)ကျော်ရှိမယ် လို့လည်းသိရပါတယ်။
 ၆ .၄. ၂၀၁၃ စနေနေ့
 
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက် အမှတ်(၁) လမ်းတွင် ယနေ့ည(၈) နာရီအချိန်ခန့်က မီးလောင်မှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရပါသည်။
မီးလောင်မှုဖြစ်စဉ်မှာ အောင်မင်္ဂလာရပ်ကွက် အမှတ်(၁)လမ်း ဦးညွန့်မောင်+ဒေါ်တင်အေး ကုန်စုံဆိုင် မှ မီးအားမြင့်စက်အပူချိန်လွန်ကဲရာမှ ၀ါယာရှောဖြစ်ပြီးမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။မီးလောင်မှုကြောင့် အဆိုပါနေအိမ်မှ မိသားစုဝင်တစ်ဦး လက်ကျိုးခဲ့တယ်လို့လဲ အောင်မင်္ဂလာ ရပ်ကွက်နေသူတစ်ဦးကဆိုပါတယ်။
မီးလောင်မှုဖြစ်ပွားရာသို့ နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးကြည်နိုင် တိုင်း/ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှူးကြီးများ မီးသတ်ဦးစီးဌာနမှ တိုင်းဦးစီး မြို့နယ်ဦးစီးများ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိ အရာခံအကြပ်စစ်သည်များ မုံရွာမြို့ပေါ်ရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ အရံမီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား(၁၅၀)ကျော်တို့က ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြပြီး လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဌာနမှရေ သယ်ယာဉ်များနှင့် မုံရွာမြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ရေသယ်ယာဉ်
များကလည်းလာရောက်ခဲ့ကြကြောင်းသိရပါသည်။
မီးလောင်မှုကြောင့် ပျက်စီးဆုံးရှူံးမှုတန်ဘိုးမှာ ကျပ်သိန်း(၂၀)ကျော်ရှိမယ် လို့လည်းသိရပါတယ်။

No comments:

Post a Comment