"အစ္စလာမ်"
အစ္စလာမ်သည် စကြဝဋ္ဌာခပ်သိမ်းကုန်တို့ကို ဖန်ဆင်းမွေးမြူသော ဉာဏ်တော်အနန္တနှင့်ပြည့်စုံတော်မူသော၊ တစ်ဆူတည်း တစ်ပါးတည်းဖြစ်တော်မူသော၊ မဟာကရုဏာတော်ရှင်ဖြစ်တော်မူသော အလ္လာဟ် အရှင်မြတ်ဟော ကြားတော်မူအပ်သော ဒေသနာတော်မြတ်ဖြစ်ပေသည်။ နှစ်ဘဝ၏ ငြိမ်းချမ်းသာယာမှုကို ညွှန်ပြသည်။
အစ္စလာမ်သည် နာခံခြင်းဟူသော အထူးဝိသေသဂုဏ်ပုဒ်တစ်ခုကို ဆောင်လျက်ရှိသည်။ အစ္စလာမ်၏ အဓိကရည်ရွယ်ချက်မှာ မိမိဆောင်ထားသော အစ္စလာမ်တည်းဟူသောဂုဏ်ပုဒ်ကို လူသားအားလုံးအား တပ်ဆင်ပေးရန်ဖြစ်သည်။ ထို့အတွက်ကြောင့်ပင် ခေတ်မရွေး၊ ပြည်မရွေး၊ လူမျိုးမရွေး၊ အုပ်စုမရွေး၊ လူတန်းစားမခွဲ၊ ဖြူနက်မခြား အစ္စလာမ်တည်းဟူသောဂုဏ်ပုဒ်နှင့် ပြည့်စုံကြကုန်သော ပုဂ္ဂိုလ်မွန်တို့သည် အတိတ်ခေတ်တွင်လည်း မွတ်စ်လင်မ်များပင်ဖြစ်ကြသည်။ ယခုပစ္စုပ္ပန်တွင်လည်း မွတ်စ်လင်များပင်ဖြစ်ကြ သည်။
အစ္စလာမ်ဟူသောပုဒ်သည် “နာခံခြင်း”အဓိပ္ပာယ်ပေးသည်။ ဤအယူဝါဒကို အစ္စလာမ်ဟု အမည် သမုတ်ခြင်း မှာလည်း ဤအယူဝါဒကို လက်ခံနာယူသော မွတ်စ်လင်မ်တိုင်းသည် အရေးကိစ္စအဝဝတွင် အလ္လာဟ်အရှင်မြတ်၏ ဒေသနာမြတ်များကို ဦးလည်မသုန် လိုက်နာကျင့်သုံးရခြင်းကြောင့်ပ င်ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်သည် စကြဝဋ္ဌာအဝှန်းကို စတင်ဖန်ဆင်းပြုစုပျိုးထောင်တော် မူသော
အရှင်သခင်ဖြစ်တော်မူပေရာ တစ်နည်းဆိုသော် စကြဝဋ္ဌာရှင်၏ အမိန့်တော်ကို
နာခံခြင်းသည်ပင် စကြဝဋ္ဌာတွင် ငြိမ်းချမ်းသာယာမှုကို ဖန်တီးရာမည်သည်။
သို့ဖြစ်ရာ အစ္စလာမ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးဝါဒဖြစ်သည်။
“မုဟမ္မဒ်နှင့် ကုရ်အာန်”
အလ္လာဟ်အရှင်မြတ်သည် ယခင်နှစ်ပေါင်း(၁၄ဝဝ)ကျော်က ကမ္ဘာသူကမ္ဘာသားအားလုံးကို ကရုဏာတရားပွားများ၍ နှစ်ဘဝသုခချမ်းသာအဖြာဖြာကို ရစိမ့်သောငှာ တမန်တော်အပေါင်းတို့၏ အချုပ်ဖြစ်သော တမန်တော်မုဟမ္မဒ်အား (ကောင်းချီးချမ်းသာမင်္ဂလာအဖြာဖြာ သည်
တမန်တော်မြတ်အပေါ်သို့ သက်ရောက်ပါစေ။) နောက်ဆုံးတမန်တော်အဖြစ်
စေလွှတ်တော်မူ၍ ကျမ်းဂန်အပေါင်းတို့၏ အချုပ်ဖြစ်သော
ကုရ်အာန်ကျမ်းမြတ်ကိုလည်း တမန်တော်မုဟမ္မဒ်ထံသို့ ချပေးသနားတော်မူခဲ့သည်။
ကုရ်အာန်ကျမ်းမြတ်သည် အလ္လာဟ်အရှင်မြတ်၏ မုက္ခပါဌ်တော်ဖြစ်သည်။ တမန်တော်မြတ်သည် မိမိထံကျရောက်လာခဲ့သော ကုရ်အာန်ကျမ်းလာ မုက္ခပါဌ်တော်များကို အချိန်မလင့်စေဘဲ စနစ်တကျ ရေးမှတ်စေတော်မူခဲ့သည်။ အာဂုံဆောင်စေတော်မူခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်သည် ယနေ့တိုင် ကမ္ဘာအရပ်ရပ်ရှိ မွတ်စ်လင်မ်တို့၏ လက်များတွင်လည်းကောင်း၊ ကုရ်အာန်ကျမ်းမြတ်ကို စ-လယ်-ဆုံး အာဂုံဆောင်ထားကြသော (ဟာဖီးဇ်) အာဂမဓရတို့၏ နှလုံးသားများတွင်လည်းကောင်း တည်ရှိနေပေသည်။ ကမ္ဘာအရပ်ရပ်တွင် ကုရ်အာန်ကျမ်းစာအစောင်ပေါင်း အသင်္ချေ အသင်္ချာ ရှိငြားသော်လည်း တစ်စောင်နှင့် တစ်စောင် ပုဒ်၊ ပါဒ၊ သရ၊ သုညမှအစ ကွဲပြားမှုအလျှင်းမရှိဘဲ ပကတိအတိုင်း လုံးလုံးလျားလျား တစ်မျိုးတစ်စားတည်းပင် ရှိနေပေသည်။ ဤသည် ကုရ်အာန်ကျမ်းမြတ်၏ ထူးခြားချက်တစ်ရပ်ဖြစ်သည်။ “ကုရ်အာန်ကျမ်းမြတ်ကို ငါအရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူ၍ ယင်းကျမ်းမြတ်ကို ငါအရှင်မြတ်ကိုယ်တော်တိုင် ထိန်းသိမ်းစောင့်ရှောက်တော်မူမည်”ဟူသော ဗျာဒိတ်တော်၏ ကျေးဇူးပင်ဖြစ်သည်။ (ကုရ်အာန် ၁၅း၉)
ကုရ်အာန်ဟူသောပုဒ်သည် များစွာရွတ်ဖတ်ရသောကျမ်းဟု အနက်ပေးထားသည်။ ကုရ်အာန်ကျမ်းမြတ်သည် နာမည်နှင့်အညီ ယနေ့တိုင်ကမ္ဘာပေါ်တွင် အများဆုံးရွတ်ဖတ်သရဇ္ဈာယ်ရသော ကျမ်းတစ်ဆူလည်းဖြစ်ပေသည်။
တမန်တော်မြတ်သည် ကုရ်အာန်ကျမ်းမြတ်ကို ဦးထိပ်ထားကာ အစ္စလာမ်အယူဝါဒကို လက်တွေ့ကျင့် သုံးပြ သတော်မူခဲ့သည်။
တိုတောင်းလှစွာသော (၂၃)နှစ်အတွင်း ဆိုးသွမ်းမိုက်မဲလမ်းလွဲလျက်
ရှိနေခဲ့ကြသောသူများအား အမှောင်ခွင်း၍ အလင်းသို့ ဆောင်တော်မူခဲ့သည်။
လူရိုင်းတို့အား ယဉ်ပါးစေတော်မူခဲ့သည်။ လူ့ဘဝတွင် အောက်ဆုံးအဆင့်သို့
ရောက်ရှိနေခဲ့ကြသောသူတို့အား လူ့ဘဝအထွတ်အထိပ်သို့ တင်ဆောင်ပေးတော်မူခဲ့သည်။
တမန်တော်မြတ်သည် အစ္စလာမ်အယူဝါဒကို မိမိကိုယ်တိုင် ကျင့်သုံးပြသခဲ့သည်သာမက
စံပြမွတ်စ်လင်မ်အုပ်စုကြီးတစ်ခု လုံးကိုလည်း မွေးထုတ် ထားတော်မူခဲ့ပေသည်။
အစ္စလာမ်အယူဝါဒသည် တစ်နေ့တစ်ခြား ပြန့်ပွားလာခဲ့ပေရာ ယနေ့မွတ်စ်လင်မ်တို့သည် ကမ္ဘာအရပ်ရပ် တွင် ပျံ့နှံ့လျက်ရှိကြပေသည်။
“အစ္စလာမ်၏ ယုံကြည်ချက်များ”
(၁) အလ္လာဟ်အရှင်မြတ်အား ယုံကြည်ခြင်း
(၂) ထိုအရှင်မြတ်၏ ကောင်းကင်တမန်များကို ယုံကြည်ခြင်း
(၃) ထိုအရှင်မြတ်၏ ကျမ်းဂန်များကို ယုံကြည်ခြင်း
(၄) ထိုအရှင်မြတ်၏ တမန်တော်များကို ယုံကြည်ခြင်း
(၅) စကြဝဋ္ဌာပျက်စီးဆိတ်သုဉ်းမည့် နောက်ဆုံးနေ့ကို ယုံကြည်ခြင်း
(၆) ထိုအရှင်မြတ်၏ ကြိုတင်စီမံဖန်တီးမှုကို ယုံကြည်ခြင်း
(၇) သေပြီးနောက် ရှင်ပြန်ထရမည်ကို ယုံကြည်ခြင်း ဟူ၍ဖြစ်သည်။
“အစ္စလာမ်၏ အမြစ်တရားငါးပါး”
(၁) အလ္လာဟ်အရှင်မြတ်မှတစ်ပါး ကိုးကွယ်ရာဟူ၍အလျဉ်းမရှိသည်ကိုလ ည်းကောင်း၊ တမန်တော်မြတ် မုဟမ္မဒ်သည် ထိုအရှင်မြတ်၏ တမန်တော်ဖြစ်သည်ကိုလည်းကောင်း ယုံကြည်သက်သေခံခြင်း။
(၂) ဆွလာသ်ဆောက်တည်ခြင်း (ဝတ်ပြုခြင်း)
(၃) ဇကာသ်ပေးလှူခြင်း
(၄) ဆွီယာမ်ဥပုသ်ဆောက်တည်ခြင်း
(၅) ဟဂ်ျပြုခြင်း ဟူ၍ဖြစ်လေသည်။
အစ္စလာမ်၏ ယုံကြည်ချက်များကို လက်ခံယုံကြည်သူ မွတ်စ်လင်မ်တစ်ဦးသည် တမန်တော်မြတ် ချမှတ်တော်မူသည့် ကျင့်စဉ်ကျင့်ရပ်များနှင့်အညီ တစ်နေ့လျှင်ငါးကြိမ် ဆွလာသ်ဆောက်တည်ရသည်။ စားဝတ်နေရေးအတွက် လိုအပ်သည်ထက်ပိုသော ဥစ္စာပစ္စည်းများထဲမှ ဆင်းရဲသားများကို ဇကာသ်ပေးလှူရသည်။ တစ်နှစ်လျှင် တစ်လ“ဆွိယာမ်”ဆောက်တည်ရသည်။ ခရီးစရိတ်တတ်နိုင် ကုန်လျှင် တစ်သက်တစ်ခါ မက္ကဟ်မြို့တော်သို့သွားရောက်၍ “ဟဂ်ျ”ပြုရသည်။ ဤသည်ကား အစ္စလာမ့်အခြေခံ ယုံကြည်ချက်များနှင့် ကျင့်စဉ်များဖြစ်ပေသည်။
(ဆက်လက်ဖော်ပြပါမည်။)
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)။ ရေးသူ- သီရိပျံချီ အလ်ဟာဂ်ျ ဃာဇီမုဟမ္မဒ်ဟာရှင်မ်။
အစ္စလာမ်သည် စကြဝဋ္ဌာခပ်သိမ်းကုန်တို့ကို ဖန်ဆင်းမွေးမြူသော ဉာဏ်တော်အနန္တနှင့်ပြည့်စုံတော်မ
အစ္စလာမ်သည် နာခံခြင်းဟူသော အထူးဝိသေသဂုဏ်ပုဒ်တစ်ခုကို ဆောင်လျက်ရှိသည်။ အစ္စလာမ်၏ အဓိကရည်ရွယ်ချက်မှာ မိမိဆောင်ထားသော အစ္စလာမ်တည်းဟူသောဂုဏ်ပုဒ်ကို လူသားအားလုံးအား တပ်ဆင်ပေးရန်ဖြစ်သည်။ ထို့အတွက်ကြောင့်ပင် ခေတ်မရွေး၊ ပြည်မရွေး၊ လူမျိုးမရွေး၊ အုပ်စုမရွေး၊ လူတန်းစားမခွဲ၊ ဖြူနက်မခြား အစ္စလာမ်တည်းဟူသောဂုဏ်ပုဒ်နှင့် ပြည့်စုံကြကုန်သော ပုဂ္ဂိုလ်မွန်တို့သည် အတိတ်ခေတ်တွင်လည်း မွတ်စ်လင်မ်များပင်ဖြစ်ကြသည်။ ယခုပစ္စုပ္ပန်တွင်လည်း မွတ်စ်လင်များပင်ဖြစ်ကြ သည်။
အစ္စလာမ်ဟူသောပုဒ်သည် “နာခံခြင်း”အဓိပ္ပာယ်ပေးသည်။ ဤအယူဝါဒကို အစ္စလာမ်ဟု အမည် သမုတ်ခြင်း မှာလည်း ဤအယူဝါဒကို လက်ခံနာယူသော မွတ်စ်လင်မ်တိုင်းသည် အရေးကိစ္စအဝဝတွင် အလ္လာဟ်အရှင်မြတ်၏ ဒေသနာမြတ်များကို ဦးလည်မသုန် လိုက်နာကျင့်သုံးရခြင်းကြောင့်ပ
အလ္လာဟ်အရှင်မြတ်သည် စကြဝဋ္ဌာအဝှန်းကို စတင်ဖန်ဆင်းပြုစုပျိုးထောင်တော်
“မုဟမ္မဒ်နှင့် ကုရ်အာန်”
အလ္လာဟ်အရှင်မြတ်သည် ယခင်နှစ်ပေါင်း(၁၄ဝဝ)ကျော်က ကမ္ဘာသူကမ္ဘာသားအားလုံးကို ကရုဏာတရားပွားများ၍ နှစ်ဘဝသုခချမ်းသာအဖြာဖြာကို ရစိမ့်သောငှာ တမန်တော်အပေါင်းတို့၏ အချုပ်ဖြစ်သော တမန်တော်မုဟမ္မဒ်အား (ကောင်းချီးချမ်းသာမင်္ဂလာအဖြာဖြာ
ကုရ်အာန်ကျမ်းမြတ်သည် အလ္လာဟ်အရှင်မြတ်၏ မုက္ခပါဌ်တော်ဖြစ်သည်။ တမန်တော်မြတ်သည် မိမိထံကျရောက်လာခဲ့သော ကုရ်အာန်ကျမ်းလာ မုက္ခပါဌ်တော်များကို အချိန်မလင့်စေဘဲ စနစ်တကျ ရေးမှတ်စေတော်မူခဲ့သည်။ အာဂုံဆောင်စေတော်မူခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်သည် ယနေ့တိုင် ကမ္ဘာအရပ်ရပ်ရှိ မွတ်စ်လင်မ်တို့၏ လက်များတွင်လည်းကောင်း၊ ကုရ်အာန်ကျမ်းမြတ်ကို စ-လယ်-ဆုံး အာဂုံဆောင်ထားကြသော (ဟာဖီးဇ်) အာဂမဓရတို့၏ နှလုံးသားများတွင်လည်းကောင်း တည်ရှိနေပေသည်။ ကမ္ဘာအရပ်ရပ်တွင် ကုရ်အာန်ကျမ်းစာအစောင်ပေါင်း အသင်္ချေ အသင်္ချာ ရှိငြားသော်လည်း တစ်စောင်နှင့် တစ်စောင် ပုဒ်၊ ပါဒ၊ သရ၊ သုညမှအစ ကွဲပြားမှုအလျှင်းမရှိဘဲ ပကတိအတိုင်း လုံးလုံးလျားလျား တစ်မျိုးတစ်စားတည်းပင် ရှိနေပေသည်။ ဤသည် ကုရ်အာန်ကျမ်းမြတ်၏ ထူးခြားချက်တစ်ရပ်ဖြစ်သည်။ “ကုရ်အာန်ကျမ်းမြတ်ကို ငါအရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူ၍ ယင်းကျမ်းမြတ်ကို ငါအရှင်မြတ်ကိုယ်တော်တိုင် ထိန်းသိမ်းစောင့်ရှောက်တော်မူမည
ကုရ်အာန်ဟူသောပုဒ်သည် များစွာရွတ်ဖတ်ရသောကျမ်းဟု အနက်ပေးထားသည်။ ကုရ်အာန်ကျမ်းမြတ်သည် နာမည်နှင့်အညီ ယနေ့တိုင်ကမ္ဘာပေါ်တွင် အများဆုံးရွတ်ဖတ်သရဇ္ဈာယ်ရသော ကျမ်းတစ်ဆူလည်းဖြစ်ပေသည်။
တမန်တော်မြတ်သည် ကုရ်အာန်ကျမ်းမြတ်ကို ဦးထိပ်ထားကာ အစ္စလာမ်အယူဝါဒကို လက်တွေ့ကျင့် သုံးပြ သတော်မူခဲ့သည
အစ္စလာမ်အယူဝါဒသည် တစ်နေ့တစ်ခြား ပြန့်ပွားလာခဲ့ပေရာ ယနေ့မွတ်စ်လင်မ်တို့သည် ကမ္ဘာအရပ်ရပ် တွင် ပျံ့နှံ့လျက်ရှိကြပေသည်။
“အစ္စလာမ်၏ ယုံကြည်ချက်များ”
(၁) အလ္လာဟ်အရှင်မြတ်အား ယုံကြည်ခြင်း
(၂) ထိုအရှင်မြတ်၏ ကောင်းကင်တမန်များကို ယုံကြည်ခြင်း
(၃) ထိုအရှင်မြတ်၏ ကျမ်းဂန်များကို ယုံကြည်ခြင်း
(၄) ထိုအရှင်မြတ်၏ တမန်တော်များကို ယုံကြည်ခြင်း
(၅) စကြဝဋ္ဌာပျက်စီးဆိတ်သုဉ်းမည့် နောက်ဆုံးနေ့ကို ယုံကြည်ခြင်း
(၆) ထိုအရှင်မြတ်၏ ကြိုတင်စီမံဖန်တီးမှုကို ယုံကြည်ခြင်း
(၇) သေပြီးနောက် ရှင်ပြန်ထရမည်ကို ယုံကြည်ခြင်း ဟူ၍ဖြစ်သည်။
“အစ္စလာမ်၏ အမြစ်တရားငါးပါး”
(၁) အလ္လာဟ်အရှင်မြတ်မှတစ်ပါး ကိုးကွယ်ရာဟူ၍အလျဉ်းမရှိသည်ကိုလ
(၂) ဆွလာသ်ဆောက်တည်ခြင်း (ဝတ်ပြုခြင်း)
(၃) ဇကာသ်ပေးလှူခြင်း
(၄) ဆွီယာမ်ဥပုသ်ဆောက်တည်ခြင်း
(၅) ဟဂ်ျပြုခြင်း ဟူ၍ဖြစ်လေသည်။
အစ္စလာမ်၏ ယုံကြည်ချက်များကို လက်ခံယုံကြည်သူ မွတ်စ်လင်မ်တစ်ဦးသည် တမန်တော်မြတ် ချမှတ်တော်မူသည့် ကျင့်စဉ်ကျင့်ရပ်များနှင့်အညီ တစ်နေ့လျှင်ငါးကြိမ် ဆွလာသ်ဆောက်တည်ရသည်။ စားဝတ်နေရေးအတွက် လိုအပ်သည်ထက်ပိုသော ဥစ္စာပစ္စည်းများထဲမှ ဆင်းရဲသားများကို ဇကာသ်ပေးလှူရသည်။ တစ်နှစ်လျှင် တစ်လ“ဆွိယာမ်”ဆောက်တည်ရသည်။ ခရီးစရိတ်တတ်နိုင် ကုန်လျှင် တစ်သက်တစ်ခါ မက္ကဟ်မြို့တော်သို့သွားရောက်၍ “ဟဂ်ျ”ပြုရသည်။ ဤသည်ကား အစ္စလာမ့်အခြေခံ ယုံကြည်ချက်များနှင့် ကျင့်စဉ်များဖြစ်ပေသည်။
(ဆက်လက်ဖော်ပြပါမည်။)
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)။ ရေးသူ- သီရိပျံချီ အလ်ဟာဂ်ျ ဃာဇီမုဟမ္မဒ်ဟာရှင်မ်။

No comments:
Post a Comment