Tuesday, April 23, 2013

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း

နေပြည်တော်၊ ဧပြီ ၂၃

အကျဉ်းထောင်၊ အလုပ်စခန်းများတွင် ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီးဖြစ်သည့် နိုင်ငံသား အကျဉ်းသား/ အကျဉ်းသူ (၉၀) ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ (၃) ဦး စုစုပေါင်း အကျဉ်းသား/အကျဉ်းသူ (၉၃) ဦးတို့အား နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄ (က)နှင့် အညီ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁)အရ ၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့မှ စ၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်းနှင့် နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ တို့အား ပြည်နှင် ဒဏ် ပေး ခဲ့ ကြောင်း သိရှိရပါသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်ခွင့် ရရှိစေရေး အတွက်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ် မပျက် ဆက်ဆံရေး၊ နှစ်နိုင်ငံ ချစ်ကြည်ရေးတို့ကို ရှေ့ရှုသောအားဖြင့် လည်းကောင်း၊ လူမှုရေးအရ ငဲ့ညှာသော အားဖြင့် လည်းကောင်း၊ အဆိုပါ အကျဉ်းသား/အကျဉ်းသူ (၉၃)ဦးတို့အား နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြ ပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံအကျိုးအတွက် အများပြည်သူနှင့်အတူ တာဝန်ထမ်းဆောင်သွားနိုင်စေ ရန် ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

(ပြန်ကြားရေးဝန်ကြီးဌာန)

No comments:

Post a Comment