30.4.2013
ရန်ကုန် ။ ။ ရန်ကုန်တိုင်း ဒေသကြီး၊ ဥက္ကံမြို့တွင် ဗုဒ္ဓဘာသာဝင် အကြမ်းဖက် အုပ်စု ၄၀၀ ခန့်တို့သည် ယနေ့ မွန်းတည့်ပိုင်း အချိန်မှ စ၍ အစ္စလာမ် ဘာသာဝင် များပိုင်ဆိုင် သော ဈေးဆိုင် ခန်းများ၊ ဘာသာရေး အဆောက် အအုံများ၊ နေအိမ် များကို ဖျက်ဆီး မီးရှို့မှု များပြုလုပ် လျက်ရှိကြောင်း သိရှိ ရပါသည်။
အစောပိုင်းတွင် ဈေးဆိုင်ခန်း များကို ဖျက်ဆီးရုံ ဖျက်ဆီးခဲ့ သော်လည်း အကြမ်းဖက် အုပ်စု အင်အား တောင့်တင်း လာပြီး မီးရှို့မှု ပြုလုပ် လျက်ရှိကြောင်း သိရသည်။
အင်အား ကြီးမား လာသော အကြမ်းဖက် အုပ်စုကို ရဲတပ်ဖွဲ့ဝင် များမှ ထိန်းသိမ်း နိုင်ခြင်း မရှိဟု သိရသည်။
နောက်ဆုံး သတင်းများ အရ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း တစ်ကျောင်း၊ ငွေကြေး ချမ်းသာသူ များ၏ စတိုးဆိုင်ကြီး များကိုလည်း ဖျက်ဆီးပြီး၊ ဥက္ကံဈေး ဗလီကို ဖျက်ဆီးရန် ကြိုးစားလျက် ရှိကြောင်း သိရသည်။

No comments:
Post a Comment