RB News
27.4.2013
အော့စ်ဖို့ဒ် ။ ။ လွန်ခဲ့သည့် ကြာသပတေးနေ့ (ဧပြီလ ၂၅ ရက်) နေ့လည် ပိုင်းမှာ အင်္ဂလန်နိုင်ငံ အော့စ်ဖို့ဒ် မြို့၊ ကာဖက်စ် တာဝါ ရှေ့မှာ မြန်မာ နိုင်ငံမှာ မွတ်စလင် တွေကို ဗုဒ္ဓ ဘာသာဝင် တွေက သတ်ဖြတ် နေခြင်း အတွက် ငြိမ်းချမ်းစွာ ဆုတောင်း ဆန္ဒ ဖော်ထုတ်ပွဲ တစ်ရပ် ပြုလုပ်ခဲ့ ပါတယ်။
အဲဒီ ဆုတောင်း ဆန္ဒ ဖော်ထုတ်ပွဲကို အော့စ်ဖို့ဒ် မြို့မှာရှိတဲ့ အစ္စလာမစ် ပြန်ကြားရေး စင်တာက ဦးဆောင်ပြီး ပြုလုပ်ခဲ့ တာ ဖြစ်ပါတယ်။ အစ္စလာမစ် စင်တာရဲ့ ဒါရိုက်တာ တစ်ဦး ဖြစ်တဲ့ ဒေါက်တာ ဟိုဂျက် ရမ်ဇီက “ကျွန်တော်တို့ အနေနဲ့ ဒီလို အကြမ်းဖက် မှုတွေ ဘာကြောင့် ဖြစ်ရလဲ ဆိုတာကို သိချင်ပါတယ်” လို့ ပြောပါတယ်။
“ကျွန်တော်တို့ ယုံကြည်တာက ဗုဒ္ဓ ဘာသာဝင် တွေဟာ ငြိမ်းချမ်းတဲ့ သူတွေ ဖြစ်တယ်။ အဲဒါကြောင့် အခုလို သတ်ဖြတ် နေတာတွေ ဖြစ်နေတဲ့ အလွန့် အလွန် ၀မ်းနည်းစရာ ကောင်းတယ်”
“သူတို့တွေဟာ နှစ်ပေါင်း ထောင်ပေါင်း များစွာ ငြိမ်းငြိမ်း ချမ်းချမ်း နေလာတယ်။ ဗုဒ္ဓ ဘာသာဝင် အစွန်းရောက် အချို့က အပြစ်မဲ့တဲ့ သူတွေကို သတ်တာလို့ မြင်တယ်။ အဲဒါကလည်း ဗုဒ္ဓ ဘာသာဝင် တွေယုံကြည် တာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေ တယ်” လို့ ဒေါက်တာ ရမ်ဇီက ဆက်ပြော ပါတယ်။
အဆိုပါ ဆုတောင်း ဆန္ဒ ဖော်ထုတ်ပွဲကို လူပေါင်း ၇၀ ကနေ ၁၀၀ ကြား တက်ရောက် ခဲ့တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ လက မိတ္တီလာမြို့မှာ အကြမ်းဖက် မှုတွေဖြစ် ပွားခဲ့ပြီး လူပေါင်း ၄၀ ကျော်သေဆုံး ခဲ့တယ်လို့ အစိုးရ မီဒီယာ များမှာ ဖော်ပြ ခဲ့ပါတယ်။
ကိုးကား ။ ။ Oxford Mail

No comments:
Post a Comment