Sunday, April 21, 2013

“ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ” ……. ကိုရီးယား၊ အမေရိကန် ခရီးစဉ်။

ကိုမင်းကိုနိုင်ဟာ မေလ ၁၅ရက်နေ့ ကိုရီးယားကိုရောက်ရှိလာမှာဖြစ်ပြီး မေလ ၁၉ရက်နေ့ တွင် ကိုကိုကြီးနဲ့ အတူ အမေရိကန်နိုင်ငံ NEDမှ ပေးမယ့်ဆုကို လက်ခံယူရန် အမေရိကန်နိုင်ငံသို့ ထွက်ခွါမှာဖြစ်ပါတယ်။ ကိုဂျင်မီဟာ မေလ ၂၆ရက်နေ့မှာ ကျင်းပမယ့် ပြည်သူ့ဂုဏ်ရည်ဆုပေး...ပွဲ အခမ်းအနားသို့ တက်ရောက် ဂုဏ်ပြုပေးကာ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။

လာမယ့် မေလတွင် ကိုရီးယားနိုင်င၊ံ ဂွမ်ဂျူးဒီမိုကရေစီအရေးတော်ပုံနှစ်ပတ်လည် အခမ်းအနား သို့ ၈၈ခေါင်းဆောင်များတက်ရောက်မည်။ အခမ်းအနားတွင် ဂွမ်ဂျူးလူ့အခွင့်ရေးဆုကို ကိုမင်းကိုနိုင်မှ လက်ခံ ရယူမှာဖြစ်ပါတယ်။ အဆိုပါ လူ့အခွင့်ရေးဆုဟာ ၂၀၀၈ခုနှစ် ကိုမင်းကိုနိုင် နိုင်ငံရေးအကျဉ်းသားအဖြစ် အကျဉ်း ထောင်ထဲရှိနေချိန်တွင် “The May 18 Memorial Foundation”မှ ကိုမင်းကိုနိုင်ကိုပေးခဲ့တာဖြစ်ပေမယ့် အခုမှကိုယ်တိုင် လက်ခံ ရယူမှာဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်း(ကိုရီးယားဌာနခွဲ)မှ မေလ ၂၆ရက်နေ့တွင် “ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ”အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲ အခမ်းအနားကို အမေရိကန်နိုင်ငံရောက် မျိုးချစ်မြန်မာများ၊ ဂျပန်နိုင်ငံရောက် မျိုးချစ်မြန်မာများ၊ အင်္ဂလန်နိုင်ငံရာက် မျိုးချစ်မြန်မာများလည်းတက်ရောက် ဂုဏ်ပြုမှာဖြစ်ပါတယ်။ အထူးဧည့်သည်တော်များ အနေဖြင့် ဒေါ်ဆွေဇင်ထိုက်၊ ကိုဂျင်မီတို့ တက်ရောက်မှာဖြစ်ပါတယ်။

(Coba Ko ဖေ့ဘုတ်မှ ကူးယူဖော်ပြထားသည်)

No comments:

Post a Comment