Saturday, March 9, 2013

သီရိလင်္ကာမွတ်စ်လင်မ်များ ခြိမ်းခြောက်ခံနေရမှုကို ကုလသမဂ္ဂထံ အသိပေးအကြောင်းကြား

ဗုဒ္ဓဘာသာဝင်အမျိုးသားရေးဝါဒီတို့၏တိုက်ခိုက်မှုအရှိန်အဟုန်မြင့်လာခြင်းအား စိုးရိမ်လာ သည့်အပေါ် သီရိလင်္ကာမှ မွတ်စ်လင်မ်များသည် ကမ္ဘာ့ကုလသမဂ္ဂသို့ အကြောင်းကြား စာပို့လိုက်သည်။ ၄င်း၌ အစွန်းရောက်ဗုဒ္ဓဘာသာဝင်တို့မှ ဦးဆောင်နေသော မွတ်စ်လင်မ် ဆန့်ကျင်ရေးလှုပ်ရှားမှုများအကြောင်း၊ အစိုးရဖက်မှ မွတ်စ်လင်မ်တို့အား အကာအ ကွယ်ပေးမှု မရှိကြောင်း ဖော်ပြထားသည်။

“ တမီလ်ကျားအဖွဲ့ရှုံးနိမ့်သွားပြီ
းနောက် သီရိလင်္ကာမွတ်စ်လင်မ်များ အနေနဲ့ နိုင်ငံ အပြောင်းအလဲ ကာလမှာ အမျိုးသားညီညွတ်ရေးကို နည်းလမ်းပေါင်းစုံနဲ့ ဖော်ဆောင် လျက်ရှိ ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေကို ထိန်းကွပ်ဖို့ပျက်ကွက်နေတာဟာ ကိုယ့်နိုင်ငံကို ကိုယ်တိုင်ဖျက်ဆီး ရာရောက်ပါ တယ်။ ဒီလို လက်လွှတ်ထားတဲ့ သီရိလင်္ကာ အစိုးရကို ကျွန်တော်တို့ နားလည်ရခက်နေပါတယ် ” ဟု မွတ်စ်လင်မ်-တမီလ် အမျိုးသား မိတ်သဟာယအဖွဲ့မှ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ ပေးပို့သော စာ၌လည်းကောင်း၊ ကိုလံဘို ဂေဇက်သတင်း စာ၌လည်းကောင်း ရေးသား ထားသည်။

No comments:

Post a Comment