ပဲခူးအနောက်သို့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်၏ကူညီရန်ခရီးစဉ်ဒေသအခြေအနေကြောင့် သာယာဝတီမှလှည့်ပြန်ရ
မတ်လ ၃၀ ရက် နံနက်ပိုင်း တွင် ဆရာတော်ဦးပြည်ကျော်ဦးစီး သော သံဃာတော် ၁၀
ပါးနှင့် နိုင်ငံရေးအကျဉ်းသာဟောင်းများ အဖွဲ့ချုပ်မှ ကိုညိုထွန်း၊ ကိုသောင်
ကြီး၊ ကိုကျော်စိုးလင်း၊ ကိုစိုးမိုးတို့ သည် မော်တော်ယာဉ်နှစ်စီးဖြင့်
ပဲခူးတိုင်းဒေသကြီးတွင်းရှိမြို့နယ် အချို့သို့လူသားချင်း စာနာမူခရီး ထွက်ခွာခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး စစ်ကွင်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖိုကြို့ပင် ကောက်၊
နတ္တလင်းဇီကုန်း၊ သဲကုန်း၊ ပုတီးကုန်းမြို့နယ်များတွင် အိုးအိမ်
အဖျက်ဆီးခံရသော ဒုက္ခလသည် များကို ထောက်ပံလှူဒါန်းရန်
ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။ ထောက်ပံရန်ကားတစ်စီးတိုက်ပစ္စည်း
များမှာ သောက်ရေသန့်များ၊ စောင်များ၊ အ၀တ်အထည်များ၊
ဆေးဝါများစားသောက်ဖွယ်ကုန် ခြောက်ရိက္ခာများ စုစုပေါင်းကျပ် သိန်း ၅၀
ဖိုးခန့်ရှိသည်။
အဆိုပါသံဃာတော်နှင့် နိုင်/
ချုပ်တို့ စီးနင်းလိုက်ပါလာသော မော်တော်ယာဉ်နှစ်စီးကို သာယာ ၀တီမြို့နယ်မှ
ကြိုတင်စောင့်ဆိုင်း နေသော မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသိန်းနိုင်နှင့်
အဖွဲ့သည် သံဃာ တော်များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပြီးနောက် ရှေ့ဆက်
မည့်ခရီးအတွက် သံဃာတော်များ ဆက်လက်မသွားသင့်သော အခြေအနေဖြစ်နေပါ၍ အလှူ
ပစ္စည်းများကိုလည်း ကိုယ်စား ဆောင်ရွက်ပေး မည့်တာဝန်ရှိအဖွဲ့
အစည်းထံသို့သာလွှဲပြောင်းပေး ကြပြီး သာယာဝတီမြို့မှ
နောက်ကြောင်းပြန်စေ လိုပါကြောင်း လျှောက်ထားတားမြစ်ခဲ့ကြသည်။
ရဲမှူးဦးသိန်နိုင်မှ ဆက်လက်ပြော ကြားရာတွင် နောက်၃/၎
ရက် အကြာဒေသတည်ငြိမ်အေးချမ်း သည့်အချိန်အခါတွင် ပြန်လည်
လာရောက်နိုင်ပါကြောင်းနှင့် ၎င်းမှ အကူအညီပေးမည်ဖြစ်ကြောင်း
လျှောက်ထားတောင်းပန်းခဲ့မှုကြောင့် သံဃာတော်ဦးပြည်ကျော်နှင့် နိုင်/ချုပ်
အဖွဲ့မှ လှူဒါန်းထောက် ပံ့မည်ပစ်္စည်းများကို သာယာဝတီ
မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူးထံသို့ စာရင်းဇယားနှင့်
တကွလွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ယခုပေးအပ်ထောက်ပံ့သော
လှူဒါန်းမှူးများကို CAMELINTERNRTIONAL,TOE
မော်တော်ယာဉ်ရောင်း/၀ယ်ရေးး စိုးစံမော်တော် ယာဉ်ရောင်း/၀ယ် ရေးတို့နှင့်Hot
News Jouryတို့မှ ၀ိုင်းဝန်းကူညီထည့်ဝင် လှူဒါန်း ပေးခဲ့ကြောင်းလည်း
သိရသည်။
No comments:
Post a Comment