မန္တလေးတိုင်း ပြင်ဦးလွင်မြို့တွင် ယခုရက် သတ္တ တစ်ပတ်အတွင်း လူအချို့မှ မွတ်စလင်ဆိုင်များကို ကျူးလွန်ရန်စခြင်းများ
ပြုလုပ်နေသည်ကို သတင်းရရှိပါသည်။ ပြီးခဲ့သည့် ရက်အနည်းငယ် က
ပြင်ဦးလွင်မြို့အဝင်ရှိ AM စက်သုံးဆီအရောင်း ဆိုင်တွင် ဓာတ်ဆီလာထည့်ပြီး
ဆိုင်အလုပ် သမားလေး မှ ဆီဖိုး ငါးထောင်တောင်းရာ လာထည့်သူက ပိုက်ဆံမပေးတော့
မင်းက ဘာလုပ်ချင်လည်းဟု ရန်စကားပြောရာ ဆိုင်ရှင် မှ ပြဿနာမဖြစ်ချင်၍
မပေးလည်းနေပါ၊ ရန်မရှာရန် ပြောဆို လွတ်လိုက်ကြောင်း သိရသည်။
ပြင်ဦးလွင် ဈေးကြီးထဲရှိ ဖန်စီပစ္စည်းရောင်းသည့် ဆိုင်တစ်ဆိုင်တွင်လည်း ခေါင်းရွက်မုန့်သည် အမျိုးသမီး တစ်ဦးက ခဏနားမည်ဆို၍ ဆိုင်ရိပ်တွင် ပေးနားလိုက်သည်။ ထိုဈေးသည်မှ သူရောင်းသည့် မုန့်အချိုတချို့ကို ထိုဆိုင်မှ အလုပ်သမလေးများကို အတင်းကျွေးသဖြင့် ကောင်မလေးများက ယူစားလိုက်သည်။ ထို့နောက် မုန့်ဖိုးငါးထောင်ကျကြောင်း တောင်းသဖြင့် အဒေါ်ကြီး ဒီမုန့်လေးက ဘယ်လိုဖြစ်လို့ ငါးထောင်ကျသလဲ ဟုပြန်မေးရာ ဈေးသည်မှ မြတ်စွာဘုရား၊ မုန့်စားပြီး ပိုက်ဆံမပေးဘူးဟု အော်သောကြောင့် ဆိုင်ရှင်မှ ပြဿနာတက်မည်စိုးသဖြင့် ငွေသုံးထောင်ပေး၍ လွတ်လိုက်ရသည်။
ဒီနေ့လည်း လူသုံးယောက် လာရှိုးလမ်းမရှိ မွတ်စလင်ပိုင် Bravo စတိုးတွင် အဝတ်အထည်အချို့ကို ယူ၍ ပိုက်ဆံမပေးပဲ ထွက်သွားရာ ဆိုင်မှပိုက်ဆံမပေးရသေးကြောင်း လိုက်ပြောသောအခါ မပေးတော့ ဘာလုပ်ချင်လည်း ဟုပြန်မေးပါသည်။ မွတ်စလင်အများစုမှာ မိတ္ထီလာတွင် အရောင်အဝယ်တစ်ခုမှ စဖြစ်သည့် ပြဿနာလေးကို အကြောင်းပြပြီး လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသည့် အကြမ်းဖက် တိုက်ခိုက်ခံရမှုကြီး လောလောလတ်လတ် ဖြစ်ထားသည့်အတွက် များစွာစိုးရိမ်ကြောင့်ကျလျက် ရှိကြသဖြင့် မတော်မတရားလုပ်နေသည်ကိုပင် ရန်ပွဲမဖြစ်စေရန် ဂရုတစိုက် ရှောင်ရှားကြသည်။ ထိုကဲ့သို့ ပစ္စည်းယူပြီး ငွေမပေးပဲ ရန်စကားပြောသည်ကိုပင် ပြဿနာမဖြစ်ချင်၍ ပစ္စည်းအဆုံးခံလိုက်သည်။
ယနေ့နေ့လည် သောကြာနေ့ဝတ်ပြုအပြီး ဗလီများမှ ဂေါပကနှင့် အကြီးအကဲအချို့ကို အုပ်ချုပ်ရေးမှူးက ခေါ်ယူတွေ့စုံပြီး ဒီရက်ပိုင်း ပြဿနာရှာသူများ ရှိလာပါက ပြန်လည်၍ ရန်တုံ့ပြန်ခြင်း မပြုဘဲ သည်းခံကြရန် ညွှန်ကြားသည်ဟု သတင်းရရှိပါသည်။၃၀၊ ၃၊ ၂၀၁၃ တွင်လည်း မန္တလေးမစိုးရိမ်ကျောင်းတိုက်တွင် ပြန်လွန်တော်မူသွားသော ဆရာတော်အတွက် ရည်းစူးပြီး YMBA နားတွင် တရားပွဲပြုလုပ်မည်ဟု သတင်းရရှိပါသည်။
ပြင်ဦးလွင်မြို့သည် ရှေးအစဉ်အဆက် ဘာသာလူမျိုး စုံလင်စွာဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် လာခဲ့ကြပြီး၊ လူမျိုးရေး ဘာသာရေး ပြဿနာ မရှိခဲ့ဘူးသော အစဉ်အလာ ကောင်းသည့် မြို့လေးဖြစ်ပါသည်။ ထို့ကြောင့် မြို့နေလူအများစုသည် မည်သည့်ပြဿနာမှ မဖြစ်ပေါ်စေချင်ပဲ အေးအေး ချမ်းချမ်း နေချင်ကြသည်။ အေးချမ်းလှသည့် မြို့ကလေးကို ဤကဲ့သို့ ရန်စစော်ကားမှုများမှတဆင့် အကျည်းတန်လှသည့် ပြဿနာများ ဖြစ်ပေါ်မလာစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အချိန်မှီ ကာကွယ်ထိမ်းသိမ်းစောင့်ရှောက်ပေးစေရန် မြို့ခံလူ အများစုက ဆန္ဒရှိနေကြပါသည်ဟု သတင်းရရှိပါသည်။
ပြင်ဦးလွင် ဈေးကြီးထဲရှိ ဖန်စီပစ္စည်းရောင်းသည့် ဆိုင်တစ်ဆိုင်တွင်လည်း ခေါင်းရွက်မုန့်သည် အမျိုးသမီး တစ်ဦးက ခဏနားမည်ဆို၍ ဆိုင်ရိပ်တွင် ပေးနားလိုက်သည်။ ထိုဈေးသည်မှ သူရောင်းသည့် မုန့်အချိုတချို့ကို ထိုဆိုင်မှ အလုပ်သမလေးများကို အတင်းကျွေးသဖြင့် ကောင်မလေးများက ယူစားလိုက်သည်။ ထို့နောက် မုန့်ဖိုးငါးထောင်ကျကြောင်း တောင်းသဖြင့် အဒေါ်ကြီး ဒီမုန့်လေးက ဘယ်လိုဖြစ်လို့ ငါးထောင်ကျသလဲ ဟုပြန်မေးရာ ဈေးသည်မှ မြတ်စွာဘုရား၊ မုန့်စားပြီး ပိုက်ဆံမပေးဘူးဟု အော်သောကြောင့် ဆိုင်ရှင်မှ ပြဿနာတက်မည်စိုးသဖြင့် ငွေသုံးထောင်ပေး၍ လွတ်လိုက်ရသည်။
ဒီနေ့လည်း လူသုံးယောက် လာရှိုးလမ်းမရှိ မွတ်စလင်ပိုင် Bravo စတိုးတွင် အဝတ်အထည်အချို့ကို ယူ၍ ပိုက်ဆံမပေးပဲ ထွက်သွားရာ ဆိုင်မှပိုက်ဆံမပေးရသေးကြောင်း လိုက်ပြောသောအခါ မပေးတော့ ဘာလုပ်ချင်လည်း ဟုပြန်မေးပါသည်။ မွတ်စလင်အများစုမှာ မိတ္ထီလာတွင် အရောင်အဝယ်တစ်ခုမှ စဖြစ်သည့် ပြဿနာလေးကို အကြောင်းပြပြီး လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသည့် အကြမ်းဖက် တိုက်ခိုက်ခံရမှုကြီး လောလောလတ်လတ် ဖြစ်ထားသည့်အတွက် များစွာစိုးရိမ်ကြောင့်ကျလျက် ရှိကြသဖြင့် မတော်မတရားလုပ်နေသည်ကိုပင် ရန်ပွဲမဖြစ်စေရန် ဂရုတစိုက် ရှောင်ရှားကြသည်။ ထိုကဲ့သို့ ပစ္စည်းယူပြီး ငွေမပေးပဲ ရန်စကားပြောသည်ကိုပင် ပြဿနာမဖြစ်ချင်၍ ပစ္စည်းအဆုံးခံလိုက်သည်။
ယနေ့နေ့လည် သောကြာနေ့ဝတ်ပြုအပြီး ဗလီများမှ ဂေါပကနှင့် အကြီးအကဲအချို့ကို အုပ်ချုပ်ရေးမှူးက ခေါ်ယူတွေ့စုံပြီး ဒီရက်ပိုင်း ပြဿနာရှာသူများ ရှိလာပါက ပြန်လည်၍ ရန်တုံ့ပြန်ခြင်း မပြုဘဲ သည်းခံကြရန် ညွှန်ကြားသည်ဟု သတင်းရရှိပါသည်။၃၀၊ ၃၊ ၂၀၁၃ တွင်လည်း မန္တလေးမစိုးရိမ်ကျောင်းတိုက်တွင
ပြင်ဦးလွင်မြို့သည် ရှေးအစဉ်အဆက် ဘာသာလူမျိုး စုံလင်စွာဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် လာခဲ့ကြပြီး၊ လူမျိုးရေး ဘာသာရေး ပြဿနာ မရှိခဲ့ဘူးသော အစဉ်အလာ ကောင်းသည့် မြို့လေးဖြစ်ပါသည်။ ထို့ကြောင့် မြို့နေလူအများစုသည် မည်သည့်ပြဿနာမှ မဖြစ်ပေါ်စေချင်ပဲ အေးအေး ချမ်းချမ်း နေချင်ကြသည်။ အေးချမ်းလှသည့် မြို့ကလေးကို ဤကဲ့သို့ ရန်စစော်ကားမှုများမှတဆင့် အကျည်းတန်လှသည့် ပြဿနာများ ဖြစ်ပေါ်မလာစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အချိန်မှီ ကာကွယ်ထိမ်းသိမ်းစောင့်ရှောက်ပေ
No comments:
Post a Comment