Sunday, March 31, 2013

သမ္မတ ဦးသိန်းစိန် မတ်လ (၃၁)ရက်နေ့ ရေဒီယိုမိန့်ခွန်း ကောက်နှုတ်ချက်

"ပထမအချက်အနေနဲ့က ပြည်သူအများမျှော်လင့်စောင့်စားနေတဲ့ မိုဘိုင်းတယ်လီဖုန်း ကိစ္စဖြစ်ပါတယ်။ မိုဘိုင်းတယ်လီဖုန်း ဆင်းကဒ်များကို ယခုဧပြလမှ စပြီး သက်ဆိုင်ရာ ဆက်သွယ်ရေး သတင်းနှင့် နည်းပညာဝန်ကြီးဌာနမှ လိုအပ်တဲ့ အမိန့်ကြေညာစာ ထုတ်ပြန်ပြီး အသက်သာဆုံးကျပ်ငွေနှုန်းထားဖြင့် ကျွန်တော်ကတိပေးပြောကြားထားတဲ့အတိုင်း ရောင်းချပေးသွားမှာဖြစ်ပါတယ်။
မိုဘိုင်းတယ်လီဖုန်းဆင်း ကဒ်ရောင်းချရာမှာ တည်ဆောက်ပြီးဖြစ်တဲ့ အခြေခံ တပ်ဆင်ထားပြီးဖြစ်တဲ့ လိုင်းအင်အား ၀င်ဆန့်တဲ့ တယ်လီဖုန်းအရေအတွက်ကို တွက်ချက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံး မျှမျှ တတ ဖြစ်စေရန် ဖြန့်ခွဲ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

၎င်းအပြင်အခြေခံတယ်လီဖုန်း အဆောက်အအုံ နဲ့ တယ်လီဖုန်းလိုင်းများကို ပြည်တွင်းပြည်ပကုမ္မဏီများနဲ့ လစဉ်တိုးချဲ့ သွားမယ့်အပြင် မိုဘိုင်းတယ်လီဖုန်း ဆင်းကဒ်များကို လစဉ်မှန်မှန်ရောင်းချ ပေးသွားမှာ ဖြစ်တဲ့ အတွက် မြို့ပေါ်ရပ်ကွက်နဲ့ ကျေးလက်ဒေသ အထိ ဆက်သွယ်ရေးစနစ်များ တိုးတက်ကောင်းမွန် လာအောင် စီမံချက် ချမှတ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

တစ်ချိန်ထဲမှာပဲ လက်ရှိသုံးစွဲနေတဲ့ အော်တို တယ်လီဖုန်းများကို ပိုမိုကောင်းမွန်အောင် စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။"

No comments:

Post a Comment