အမုန်းတရားများ မရှိပါလျက်"မိတ္ထီလာမြို့ မှ အကြမ်းဖက်မှုမှာ လူ့အဖွဲ့အစည်းအားလုံးကို တုန်လှုပ်စေခဲ့ပြီး နိုင်ငံ့ပုံရိပ်ညှိုးနွမ်းစေခဲ့ သည်"
အောင်သူရရေးသား၍ သတင်းအဖွဲ့ ပံ့ပိုးသည်
ဖြစ်ရပ်(၁)
မီးလောင်ကျွမ်းနေသော သီရိမင်္ဂလာရက်ကွက်သို့ ကိုဖြိုးသန့်မင်းတစ်ယောက် မတ်လ၂၁ ရက် ညနေ ၄ နာရီခန့်က သွားကြည့်သည်။ အိမ်တစ်လုံးထဲတွင် အစ္စလာမ်ဘာသာဝင်အမျိုးသမီးတစ်ဦး ခိုလှုံနေရာမှ ထွက်မရဖြစ်နေကြောင်း လုံခြုံရေးဝန်ထမ်းများထံမှ သတင်းကြားပြီးနောက် ၎င်းကိုကယ်တင်ရန် ဆုံးဖြတ်လိုက်သည်။
ထိုနေရာသို့ သွားရောက်ပြီး အမျိုးသမီးအား လူအများ အစ္စလာမ်ဘာသာဝင်မှန်း သတိမထားမိရန် မျက်နှာကို ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ ဖုံးကွယ်ကာ ကယ်တင်ခဲ့ကြောင်း ကိုဖြိုးသန့်မင်းက ပြောသည်။
အမျိုးသမီးကို ကယ်ထုတ်ပြီးနောက် ပိတ်မိနေသော အစ္စလာမ်ဘာသာဝင်များထံမှ လာရောက် ကယ်တင်ပေးရန် ဖုန်းများဖြင့်မကြာခဏ အကူအညီတောင်းခံခြင်းခံရသည်။ ထို့ကြောင့် အောင်မြင် သာစည်ကျောင်းမှ ဆရာတော်နှင့်အတူ ကားနှစ်စီးဖြင့် အစ္စလာမ်ဘာသာဝင် ၄၀ ကျော်အား ပိတ်မိနေသောအိမ်များမှ ထွက်ခွာနိုင်အောင်ကူညီကာ ခရိုင်အားကစားကွင်းသို့ ပို့ဆောင်ပေးခဲ့ကြသည်။
“အဲဒီအချိန်မှာ ကျွန်တော့်ခေါင်းထဲ ဘာမှမရှိဘူး။ မဆိုင်တဲ့ လူတွေကို ကယ်တင်နိုင်ဖို့ပဲရှိတယ်” ဟု ထိုအချိန်က စိတ်ထဲဖြစ်ပေါ်ခဲ့ ပုံကို အသက်(၄၆)နှစ်အရွယ် ကိုဖြိုးသန့်မင်းကပြောသည်။
“ဘုန်းဘုန်းတွေပို့တာလည်းပါတယ်။
ဗုဒ္ဓဘာသာ ရပ်ကွက်ခေါင်းဆောင်တွေလည်း အားကစားကွင်းကို ပို့ပေးတာလည်းရှိတယ်”
ဟု ပညာရေးကောလိပ်ရှိ အစ္စလာမ် ဒုက္ခသည်ခေါင်းဆောင် ကိုမောင်မောင် က ပြောသည်။
ဖြစ်ရပ်(၂)
အကြမ်းဖက်မှုများဖြစ်ပွားသည့် ဒုတိယနေ့ မတ်လ ၂၁ ရက် ညနေ ၄ နာရီ။ အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ အတူနေထိုင်ရာ မိတ္ထီလာမြို့၊ ချမ်းအေးသာယာရပ်ကွက်၌ နေထိုင်သော မမြင့်တစ်ယောက် နေအိမ်မှ ထွက်ပြေးရန် ပစ္စည်းများသိမ်းနေခဲ့သည်။ ထိုသို့ သိမ်းဆည်းနေစဉ် တုတ်၊ ဓားများ ကိုင်ဆောင်ထားသော တစ်ရပ်ကွက်တည်းနေ အစ္စလာမ်ဘာသာဝင်များ အိမ်ရှေ့သို့ရောက် လာသောအခါ ဆောက်တည်ရာ မရတော့။ သို့သော် သူတို့က မမြင့်ကို ရန်မမူဘဲ လုံခြုံသောနေရာတွင် သွားနေရန်ပြောလေသည်။ ပစ္စည်းများသိမ်းပြီး ဆွေမျိုးများရှိရာ ပကောရွာသို့ ထွက်ပြေးစဉ် လမ်း၌ကြောက်လန့်တကြား ချုံထဲတွင် ပုန်းနေသောအစ္စလာမ် ဘာသာဝင်များနှင့် ပက်ပင်းတွေ့ ဆုံမိပြန်သည်။
“ နင့်တို့ကို ဘာမှမလုပ်ဘူး။ သွားစရာရှိတာသွားပါ” ဟု ပြောသဖြင့် သွားလိုသော နေရာသို့ဘေးကင်း စွာရောက်ခဲ့ကြော င်း အသက် ၄၁ နှစ်အရွယ် မမြင့်က အတွေ့အကြုံကိုပြန်လည်ပြောပြသည်။
ပြဿနာဖြစ်ပွားပြီး နှစ်ရက်အကြာ ဒုက္ခသည်စခန်းများသို့ရောက်သွားချိန်တွင်လည်း တစ်ရပ်ကွက်တည်း အတူနေခဲ့သူများနှင့်ဘာသာမတူသော်လည်း သိကျွမ်းသူများအချင်းချင်း အပြန်အလှန်ကူညီကြသည်။
“အစ္စလာမ်ဘာသာဝင်တွေထားတဲ့ အမှတ်(၁) ရဲစခန်းရှေ့ရောက်တော့ အထဲကနေ လက်ထောင်ပြတယ်။ ဒါနဲ့ ကျွန်တော်လည်း ပြန်ထောင်ပြတော့ ကွမ်းစားချင်လို့ ဆေးလိပ်သောက်ချင်လို့ ပြောတဲ့ အတွက် ၀ယ်ပေးခဲ့တယ်” ဟု မီးလောင်ပြာကျခဲ့ရသော ချမ်းအေးသာယာရပ်ကွက်မှ အသက် (၂၅) နှစ်အရွယ် ကိုအာကာက ပြောသည်။
ထို့အပြင် စခန်းထဲတွင်ရှိနေသူတစ်ဦးက ဆေးရုံတင်ထားရသော ကိုယ်ဝန်ဆောင်သည် အစ္စလာမ်ဘာသာဝင် အမျိုးသမီးအတွက် အသုံးအဆောင်ပစ္စည်းများပို့ပေးရန် အကူအညီတောင်းခဲ့သဖြင့် ပို့ဆောင်ပေးခဲ့သည်။
“အိမ်တွေမီးရှို့ခံရတုန်းကတော့ ဒေါသဖြစ်တာပေါ့။ ဒုက္ခသည် စခန်းမှာတွေ့တော့ သနားသွားတဲ့အတွက် ကူညီပေးခဲ့တာ” ဟု ကိုအာကာက ပြောသည်။
အောင်သူရရေးသား၍ သတင်းအဖွဲ့ ပံ့ပိုးသည်
ဖြစ်ရပ်(၁)
မီးလောင်ကျွမ်းနေသော သီရိမင်္ဂလာရက်ကွက်သို့ ကိုဖြိုးသန့်မင်းတစ်ယောက် မတ်လ၂၁ ရက် ညနေ ၄ နာရီခန့်က သွားကြည့်သည်။ အိမ်တစ်လုံးထဲတွင် အစ္စလာမ်ဘာသာဝင်အမျိုးသမီးတစ်ဦး
ထိုနေရာသို့ သွားရောက်ပြီး အမျိုးသမီးအား လူအများ အစ္စလာမ်ဘာသာဝင်မှန်း သတိမထားမိရန် မျက်နှာကို ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ ဖုံးကွယ်ကာ ကယ်တင်ခဲ့ကြောင်း ကိုဖြိုးသန့်မင်းက ပြောသည်။
အမျိုးသမီးကို ကယ်ထုတ်ပြီးနောက် ပိတ်မိနေသော အစ္စလာမ်ဘာသာဝင်များထံမှ လာရောက် ကယ်တင်ပေးရန် ဖုန်းများဖြင့်မကြာခဏ အကူအညီတောင်းခံခြင်းခံရသည်။ ထို့ကြောင့် အောင်မြင် သာစည်ကျောင်းမှ ဆရာတော်နှင့်အတူ ကားနှစ်စီးဖြင့် အစ္စလာမ်ဘာသာဝင် ၄၀ ကျော်အား ပိတ်မိနေသောအိမ်များမှ ထွက်ခွာနိုင်အောင်ကူညီကာ ခရိုင်အားကစားကွင်းသို့ ပို့ဆောင်ပေးခဲ့ကြသည်။
“အဲဒီအချိန်မှာ ကျွန်တော့်ခေါင်းထဲ ဘာမှမရှိဘူး။ မဆိုင်တဲ့ လူတွေကို ကယ်တင်နိုင်ဖို့ပဲရှိတယ်” ဟု ထိုအချိန်က စိတ်ထဲဖြစ်ပေါ်ခဲ့ ပုံကို အသက်(၄၆)နှစ်အရွယ် ကိုဖြိုးသန့်မင်းကပြောသည်။
“ဘုန်းဘုန်းတွေပို့တာလည်းပါတယ်။
ဖြစ်ရပ်(၂)
အကြမ်းဖက်မှုများဖြစ်ပွားသည့် ဒုတိယနေ့ မတ်လ ၂၁ ရက် ညနေ ၄ နာရီ။ အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ အတူနေထိုင်ရာ မိတ္ထီလာမြို့၊ ချမ်းအေးသာယာရပ်ကွက်၌ နေထိုင်သော မမြင့်တစ်ယောက် နေအိမ်မှ ထွက်ပြေးရန် ပစ္စည်းများသိမ်းနေခဲ့သည်။ ထိုသို့ သိမ်းဆည်းနေစဉ် တုတ်၊ ဓားများ ကိုင်ဆောင်ထားသော တစ်ရပ်ကွက်တည်းနေ အစ္စလာမ်ဘာသာဝင်များ အိမ်ရှေ့သို့ရောက် လာသောအခါ ဆောက်တည်ရာ မရတော့။ သို့သော် သူတို့က မမြင့်ကို ရန်မမူဘဲ လုံခြုံသောနေရာတွင် သွားနေရန်ပြောလေသည်။ ပစ္စည်းများသိမ်းပြီး ဆွေမျိုးများရှိရာ ပကောရွာသို့ ထွက်ပြေးစဉ် လမ်း၌ကြောက်လန့်တကြား ချုံထဲတွင် ပုန်းနေသောအစ္စလာမ် ဘာသာဝင်များနှင့် ပက်ပင်းတွေ့ ဆုံမိပြန်သည်။
“ နင့်တို့ကို ဘာမှမလုပ်ဘူး။ သွားစရာရှိတာသွားပါ” ဟု ပြောသဖြင့် သွားလိုသော နေရာသို့ဘေးကင်း စွာရောက်ခဲ့ကြော
ပြဿနာဖြစ်ပွားပြီး နှစ်ရက်အကြာ ဒုက္ခသည်စခန်းများသို့ရောက်သွားခ
“အစ္စလာမ်ဘာသာဝင်တွေထားတဲ့ အမှတ်(၁) ရဲစခန်းရှေ့ရောက်တော့ အထဲကနေ လက်ထောင်ပြတယ်။ ဒါနဲ့ ကျွန်တော်လည်း ပြန်ထောင်ပြတော့ ကွမ်းစားချင်လို့ ဆေးလိပ်သောက်ချင်လို့ ပြောတဲ့ အတွက် ၀ယ်ပေးခဲ့တယ်” ဟု မီးလောင်ပြာကျခဲ့ရသော ချမ်းအေးသာယာရပ်ကွက်မှ အသက် (၂၅) နှစ်အရွယ် ကိုအာကာက ပြောသည်။
ထို့အပြင် စခန်းထဲတွင်ရှိနေသူတစ်ဦးက ဆေးရုံတင်ထားရသော ကိုယ်ဝန်ဆောင်သည် အစ္စလာမ်ဘာသာဝင် အမျိုးသမီးအတွက် အသုံးအဆောင်ပစ္စည်းများပို့ပေးရန
“အိမ်တွေမီးရှို့ခံရတုန်းကတော့ ဒေါသဖြစ်တာပေါ့။ ဒုက္ခသည် စခန်းမှာတွေ့တော့ သနားသွားတဲ့အတွက် ကူညီပေးခဲ့တာ” ဟု ကိုအာကာက ပြောသည်။
No comments:
Post a Comment