Sunday, March 31, 2013

၉၆၉ ဂိုဏ်းခေါင်းဆောင်တစ်ဦးအားဖမ်းဆီးရမိခြင်း

မိတ္ထီလာမြို့အပါအ၀င် မြန်မာနိုင်ငံအနှံ့အပြားတွင် အစ္စလာမ်ဘာသာဝင်တို့အား အကြမ်းဖက် တိုက်ခိုက် ခဲ့သော အစွန်းရောက် ဗုဒ္ဓဘာသာဂိုဏ်းတစ်ခုဖြစ်သည့် ၉၆၉ ဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင် တစ်ဦးအား ယနေ့စတင်ဖမ်းဆီးလိုက်ကြောင်းသတင်းရရှိသည်။၉၆၉ ဂိုဏ်းခေါင်းဆောင် တစ်ဦးဖြစ်သည့် ၀ိမုတ္တိသင်္ကန်း တိုက် ပိုင်ရှင် ဦးတင်ငွေ(အသက်-၅၁နှစ်)အား ရန်ကုန်လေဆိပ်တွင် ယနေ့ဖမ်းဆီး လိုက်ကြောင်း၊ အလားတူပင် ပျဉ်းမနား၌လည်း အခြားခေါင်းဆောင်နှစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။မိတ္ထီလာ ကိစ္စအပါအ၀င် လတ်တလောဆူပူမှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြည်သူလူထုထံ ရှင်းလင်းပြောကြားမှုနောက်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ဖမ်းဆီးခြင်းဖြစ် သည်။ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့လုပ်ရပ်မှန်သမျှကို လုံးဝလက်သင့်ခံမှာ မဟုတ်ကြောင်း၊ လိုအပ်လျှင် အင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးတွင် အဓိကတာဝန်ရှိနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ရဲဝံ့ပြတ်သား စွာ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း သမ္မတကြီးက ပြောကြားသွားသည်။

No comments:

Post a Comment