Thursday, March 28, 2013

ပုသိမ်မြို့တွင် မတ်လ ၂၇ ရက်မှစ၍ ရဲတပ်ဖွဲ့ဝင်များအပြင် တပ်မတော်သား များပါ လုံခြုံရေး ဆောင်ရွက်လျက်

ပုသိမ်မြို့တွင် မတ်လ ၂၇ ရက်မှစ၍ ရဲတပ်ဖွဲ့ဝင်များအပြင် တပ်မတော်သား
များပါ လုံခြုံရေး ဆောင်ရွက်လျက်
Wednesday, March 27, 2013

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် မတ်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်း
မှ စတင်၍ မြို့အနှံ့ လုံခြုံရေးဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ဝင်များအပြင် တပ်မတော်သားများပါ ကင်းလှည့်စောင့်ကြပ်မှုများနှင့် ရပ်ကွက်အလိုက် လုံခြုံရေးဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည်။

“ကောလာဟလတွေကတော့ နေရာပေါင်းစုံကနေ အမျိုးမျိုး ကြားနေ
တာပါ၊ ကျွန်တော်တို့လည်း လုံခြုံရေးသတိ အမြဲရှိစွာနဲ့ နေပါတယ်၊ ကိုယ်မြို့သူမြို့သား အချင်းချင်းကတော့ ဘာမှပြဿနာ ဖြစ်စရာမရှိ
ပါဘူး၊ မမြင်နိုင်တဲ့ရန်သူကိုဘဲ ကြောက်တယ်၊ အခုလို ရဲတပ်ဖွဲ့ဝင်
တွေရော တပ်မတော်သားတွေပါ လုံခြုံရေး ဆောင်ရွက်နေပြီဆိုတော့ သိပ်တော့ မစိုးရိမ်ရတော့ဘူး” ဟု ပုသိမ်မြို့ခံတစ်ဦးက ပြောပြသည်။

ယ္ခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများအပေါ် အခြေခံ၍ ပုသိမ်မြို့တွင်လည်း ကောလာဟလ သတင်းများ ထွက်ပေါ်နေမှု
ကြောင့် အစ္စလာမ်ဘာသာဝင်များ အပါအ၀င် မြို့သူမြို့သား အများ
စုမှာ စိုးရိမ်ပူပန်မှုများ ရှိနေကြရာ ရဲတပ်ဖွဲ့ဝင်များက လွန်ခဲ့သည့် ရက်များမှပင် နေ့ရောညပါ မြို့တွင်းမြို့ပြင် ကင်းလှည့်စောင့်ကြပ်
မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

“ပုသိမ်မြို့ပေါ်မှာရှိတဲ့ ရပ်ကွက် ၁၅ ခုမှာတော့ မတ်လ ၂၆ ရက်နေ့က
စပြီး ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး ကော်မတီ ဖွဲ့ခဲ့
တယ်၊ အဲဒီကော်မတီက ရပ်ကွက်နဲ့ ပတ်သက်ပြီး ပဋိပက္ခဖြစ်စေမဲ့ ကိစ္စတွေကို ၀ိုင်းဝန်းထိန်းသိမ်းသွားဖို့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်” ဟု ပုသိမ်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပြသည်။

ပုသိမ်မြို့တွင် ဆူပူအကြမ်းဖက်မှုများနှင့် ပဋိပက္ခများ မဖြစ်ပွားစေရေးတွက် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများနှင့်အတူ ဘာသာရေး အဖွဲ့အစည်း
များ၊ နိုင်ငံရေးပါတီများနှင့် လူ့အခွင့်အရေး အဖွဲ့များ၊ လူမှုရေး အဖွဲ့အစည်း
များ ပူးပေါင်း၍ ဒေသတည်ငြိမ်ရေးအတွက် ဆောင်ရွက်မှုများ လုပ်ဆောင်
လျက်ရှိကြောင်း သိရသည်။

Eleven Media Group
Wednesday, March 27, 2013

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် မတ်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်၍ မြို့အနှံ့ လုံခြုံရေးဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ဝင်များအပြင် တပ်မတော်သားများပါ ကင်းလှည့်စောင့်ကြပ်မှုများနှင့် ရပ်ကွက်အလိုက် လုံခြုံရေးဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည်။

“ကောလာဟလတွေကတော့ နေရာပေါင်းစုံကနေ အမျိုးမျိုး ကြားနေတာပါ၊ ကျွန်တော်တို့လည်း လုံခြုံရေးသတိ အမြဲရှိစွာနဲ့ နေပါတယ်၊ ကိုယ်မြို့သူမြို့သား အချင်းချင်းကတော့ ဘာမှပြဿနာ ဖြစ်စရာမရှိ
ပါဘူး၊ မမြင်နိုင်တဲ့ရန်သူကိုဘဲ ကြောက်တယ်၊ အခုလို ရဲတပ်ဖွဲ့ဝင်တွေရော တပ်မတော်သားတွေပါ လုံခြုံရေး ဆောင်ရွက်နေပြီဆိုတော့ သိပ်တော့ မစိုးရိမ်ရတော့ဘူး” ဟု ပုသိမ်မြို့ခံတစ်ဦးက ပြောပြသည်။

ယ္ခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများအပေါ် အခြေခံ၍ ပုသိမ်မြို့တွင်လည်း ကောလာဟလ သတင်းများ ထွက်ပေါ်နေမှုကြောင့် အစ္စလာမ်ဘာသာဝင်များ အပါအ၀င် မြို့သူမြို့သား အများစုမှာ စိုးရိမ်ပူပန်မှုများ ရှိနေကြရာ ရဲတပ်ဖွဲ့ဝင်များက လွန်ခဲ့သည့် ရက်များမှပင် နေ့ရောညပါ မြို့တွင်းမြို့ပြင် ကင်းလှည့်စောင့်ကြပ်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

“ပုသိမ်မြို့ပေါ်မှာရှိတဲ့ ရပ်ကွက် ၁၅ ခုမှာတော့ မတ်လ ၂၆ ရက်နေ့ကစပြီး ရပ်ရွာအေးချမ်း သာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး ကော်မတီ ဖွဲ့ခဲ့တယ်၊ အဲဒီကော်မတီက ရပ်ကွက်နဲ့ ပတ်သက်ပြီး ပဋိပက္ခဖြစ်စေမဲ့ ကိစ္စတွေကို ၀ိုင်းဝန်းထိန်းသိမ်းသွားဖို့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်” ဟု ပုသိမ်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပြသည်။

ပုသိမ်မြို့တွင် ဆူပူအကြမ်းဖက်မှုများနှင့် ပဋိပက္ခများ မဖြစ်ပွားစေရေးတွက် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများနှင့်အတူ ဘာသာရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် လူ့အခွင့်အရေး အဖွဲ့များ၊ လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်း၍ ဒေသတည်ငြိမ်ရေးအတွက် ဆောင်ရွက်မှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment