Wednesday, March 27, 2013

မွန်ပြည်နယ်နောက်ဆက်တွဲသတင်း (မွန်လူငယ် ဗုဒ္ဓဘာသာဝင်တစ်ဦး)

မူလ Sponsorship များဖြစ်ကြသော နာမည်ကြီး လုပ်ငန်းရှင်များသည် ဘာသာပေါင်းစုံ အစည်းအဝေးပြုလုပ်၍ အကြမ်းဖက်လုပ်ရပ်ကို မပြုလုပ်တော့ကြောင်း သတင်းစာရှင်းလင်း ပွဲနှင့်တကွ ကြေညာချက်များ ထုတ်ပြန်ပြီးနောက်တွင်လည်း လက်နက်ကိရိယာ အသစ်များကို ထပ်မံတင်သွင်းလျက်ရှိပြီး လူမိုက်များကိုလည်း ကျောက်တန်းရပ်ကွက် ကိုရွှေ့ထားလိုက်ကြောင်း သိရပါတယ်။ အသစ်ရောက်ရှိလာသော လက်နက်များမှာ ပုဆိန်များ၊ ပေါက်ချွန်းပြားများ နှင့် စိတ်ကြွဆေးပြားများ (pills) ဖြစ်ပါတယ်။

သူပြောခဲ့တာတွေကို စာပြန်စီပေးလိုက်ပါတယ်။

ကျွန်တော်ဟာ မွန်လူမျိုး ဗုဒ်ဓဘာသာ အစစ်ပါ။ ကျွန်တော် မွန်ပြည်နယ်ကို ချစ်သလို အဲဒီမှာနေထိုင်တဲ့ လူမျိုးအားလုံးကိုလည်း ချစ်မြတ်နိုးပါတယ်။ မွန်ပြည်နယ်ကို သွေးစွန်းမခံနိုင်လို့ ဒီသတင်းကို ပေးတာပါ။ ကျွန်တော် အင်တာနက်ဆိုတာဘာမှန်းမသိသလို အကောင့်တွေဘာတွေ မသိပါ။ မွန်ပြည်နယ်ကို အကြမ်းဖက်သူများလက်က ကာကွယ်ဖို့ အရေးတကြီးလိုအပ်တယ်ထင်လို့ ပြောပြတာပါ။ ဒီအကြမ်းဖက် လူသတ်သမားတွေဟာ သူတို့အစီအစဉ် မအောင်မြင်လို့ မကျေမနပ်ဖြစ်နေပြီး နောက်ထပ်ကျူးလွန်ဖို့ လက်နက်တွေကို ရွှေ့ထား ၊ လူတွေကို နေရာပြောင်းထားတဲ့အပြင် နောက်ထပ် လက်နက်တွေ ထပ်ရောက်လာတာလည်းရှိပါတယ်။ အစ်ကို ဒီသတင်းကို အမြန်ဆုံး လူကြီးတွေသိအောင်လုပ်ပေးပါ။

မွန်လူငယ်တစ်ဦး

No comments:

Post a Comment