SK မတ် ၂၇
နတ်တလင်းမြို့ရှိ အကြမ်းဖက်တိုက်ခိုက်မှုသည် အရှိန် အပြင်းထန်ဆုံး အဆင့်သို့ရောက်ရှိနေပြီး လုံခြုံရေးများနှင့်ဒေသအတွင်း သြဇာကြီးမားသည့် ဆရာတော်ကြီးများမှာလည်း လူသတ်မီးရှို့မှုများ မဖြစ်စေရန်သာ တိုက်တွန်းနေကြပြီး အကြမ်းဖက်ဖျက်ဆီးမှုများကိုမူလုံးဝ လျစ်လျုရှု့ထားနေကြောင်း မြို့ခံ ဗုဒဘာသာဝင်တစ်ဦးက မြန်မာမွတ်စလင်မ် မီဒီယာသို့ ၂၇ ရက်နေ့ နံနက် ၂ နာရီ အချိန်တွင် အတည်ပြုပြောကြားသည်။
မြို့ထဲမှာ မွတ်စလင်မ်တွေ တစ်ယောက်မှ မရှိတော့ဘူး လာဖျက်တဲ့ သူတွေက အင်အားထောင်ချီ ရှိတယ်။ဗလီကို ဖျက်တုန်းက ဆိုရင် ကမ္ဘာမကျေသီချင်းဆိုပြီးဖျက်တာပါ ရဲတင်းတွေ ဆယ်ပေါင်တူတွေ နဲ့ဖျက်ပစ်တာပါ မြို့ခံတွေ ပါပါတယ်။ရွာသားရုပ်နဲ့ မျက်နှာစိမ်းတွေလည်းပါတယ်။သကာင်္န်းဝတ် ဦးဇင်းတွေ ပါပေမဲ့ နည်းတယ်။မြို့ခံ ကိုယ်တော်တွေလည်းပါတာရှိတယ် ပာု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
အကြမ်းဖက်သမားများက မင်းမဲ့စရိုက်ပုံစံဖြင့် ဖျက်ဆီးမှုကြောင့် ဗလီဝတ်ကျောင်းတော်မှာလုံးဝ ပြိုပျက်သွားပြီဖြစ်ပြီး ည ၂ နာရီ အချိန်ခန့်တွင် မြို့ အစွန်(ပေါင်းတည် ဘက်အထွက် တံတားကြီးဘက်)ရှိ အစ္စလာမ်ဘာသာဝင်ပိုင် ဆီဆိုင်ကို ရိုက်ချိုးဖျက်ဆီးခဲ့ကြောင်းနှင့် ထိုမှတဆင့် အကြမ်းဖက် အုပ်စုများသည် မြို့တွင်းသိုံ့ ထပ်မံဝင်ရောက်သွားကြောင်း ၊ယခု အခါ အကြမ်းဖက် အုပ်စုသည် လူခွဲကာ နေရာ အနှံ့ရှိ
အစ္စလာမ်ဘာသာဝင်များနှင့် ပတ်သက်သမျှတို့ကို ဖျက်ဆီးနေပြီဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်ဖျက်ဆီးနေသည့်လူစုထဲတွ င် ပုဆိုး အကျီဝတ် ခေါင်းတုံးထားသူများကိုလည်းတွေ ရကြောင်းမြို့ခံတစ် ဦးက myanmarmuslimmedia သို့ပြောသည်။ မီးသတ်ကားတွေကလည်း ဖျက်ဆီးရေး သမားတွေ အနောက်လိုက်နေတယ်
င်္မီးလောင်မှာစိုးလို့ပါ ဆရာတော်တွေ နဲ့လုံခြုံရေးတွေကတော့ မီးမရှို့ဖို့နဲ့
လူမသတ်ဖို့ပဲ ပြောနေတယ် ပာု အထက်ပါပုဂ္ဂိုလ်ကပင် ပြောသည်။
ယခုအုံကြွမှုမတိုင်မှီ နတ်တလင်းမြို့နှင့် ကျေးရွာများတွင် ၀ီရသူ တရားခွေများပျံ့နှံ့ခဲ့ကြောင်းသိရသည်။ဝီရသူ သည် အစ္စလာမ်ဘာသာဝင်များ ၏ ဗလီဝတ်ကျောင်းတော်သည် စစ်အခြေစိုက် စခန်းဖြစ်ကြောင်း ဗလီ အတွင်း မြေအောက်ခန်းများ ရှိကြောင်း အထောက်အထားမဲ့ပောာပြောခြင်း မီဒီယာများသို့ဖြေကြားခြင်းများပြုလုပ်ခဲ့ဖူးသည့် သကာင်္န်းံခြုံတစ်ဦးဖြစ်သည်။
နတ်တလင်းမြို့ရှိ အကြမ်းဖက်တိုက်ခိုက်မှုသည် အရှိန် အပြင်းထန်ဆုံး အဆင့်သို့ရောက်ရှိနေပြီး လုံခြုံရေးများနှင့်ဒေသအတွင်း သြဇာကြီးမားသည့် ဆရာတော်ကြီးများမှာလည်း လူသတ်မီးရှို့မှုများ မဖြစ်စေရန်သာ တိုက်တွန်းနေကြပြီး အကြမ်းဖက်ဖျက်ဆီးမှုများကိုမူလုံးဝ လျစ်လျုရှု့ထားနေကြောင်း မြို့ခံ ဗုဒဘာသာဝင်တစ်ဦးက မြန်မာမွတ်စလင်မ် မီဒီယာသို့ ၂၇ ရက်နေ့ နံနက် ၂ နာရီ အချိန်တွင် အတည်ပြုပြောကြားသည်။
မြို့ထဲမှာ မွတ်စလင်မ်တွေ တစ်ယောက်မှ မရှိတော့ဘူး လာဖျက်တဲ့ သူတွေက အင်အားထောင်ချီ ရှိတယ်။ဗလီကို ဖျက်တုန်းက ဆိုရင် ကမ္ဘာမကျေသီချင်းဆိုပြီးဖျက်တာပါ
အကြမ်းဖက်သမားများက မင်းမဲ့စရိုက်ပုံစံဖြင့် ဖျက်ဆီးမှုကြောင့် ဗလီဝတ်ကျောင်းတော်မှာလုံးဝ ပြိုပျက်သွားပြီဖြစ်ပြီး ည ၂ နာရီ အချိန်ခန့်တွင် မြို့ အစွန်(ပေါင်းတည် ဘက်အထွက် တံတားကြီးဘက်)ရှိ အစ္စလာမ်ဘာသာဝင်ပိုင် ဆီဆိုင်ကို ရိုက်ချိုးဖျက်ဆီးခဲ့ကြောင်းနှင
အကြမ်းဖက်ဖျက်ဆီးနေသည့်လူစုထဲတွ
ယခုအုံကြွမှုမတိုင်မှီ နတ်တလင်းမြို့နှင့် ကျေးရွာများတွင် ၀ီရသူ တရားခွေများပျံ့နှံ့ခဲ့ကြောင်
No comments:
Post a Comment