Tuesday, March 19, 2013

အစ္စရေး ကြည်းတပ် ဦးစီးချုပ်ဟောင်း မိုရှီရာလွန်အား ကာကွယ်ရေး ဝန်ကြီးအဖြစ် မတ်လ ၁၇ ရက်နေ့တွင် ရွေးချယ်


အစ္စရေး ကြည်းတပ် ဦးစီးချုပ်ဟောင်း မိုရှီရာလွန်အား ကာကွယ်ရေး ဝန်ကြီးအဖြစ် မတ်လ ၁၇ ရက်နေ့တွင် ရွေးချယ်ခဲ့ကြောင်း အစ္စရေး အာဏာရ Likud ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ ပါသည်။
အစ္စရေး နိုင်ငံ လုံခြုံရေး အတွက် လက်ရှိအချိန်သည် အလွန် အရေးကြီးကြောင်း၊ ဒေသ တစ်ဝန်းလုံးတွင် ဆူပူ အုံကြွမှုများ ဖြစ်ပေါ် နေခြင်းကြောင့် မိုရှီရာလွန် ကဲ့သို့ အတွေ့အကြုံ များပြားသူအား ကာကွယ်ရေးဝန်ကြီး ခန့်အပ်ရမည် ဖြစ်ကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်ဟု ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါ ရှိ ပါသည်။ နေတန်ယာဟုသည် အစိုးရသစ်အား ဖွဲ့စည်းပြီးနောက် မတ်လ ၁၇ ရက်နေ့ ညနေတွင် အစိုးရအဖွဲ့ ဖွဲ့စည်းပြီးကြောင်းအား သမ္မတ ရှီမွန်ပီးရက်စ်ထံ တရားဝင် အစီရင်ခံခဲ့ ပါသည်။ အစိုးရ အဖွဲ့သစ်သည် အမေရိကန် သမ္မတ ဘားရက်အိုဘားမား အစ္စရေးသို့ မရောက်မီ ၂ ရက် အလိုတွင် ကျမ်းသစ္စာ ကျိန်ဆို မည် ဖြစ်ပါသည်။

No comments:

Post a Comment