မတ်လ ၂၈၊ ၂၀၁၃
M-Media
အေးမောင်
ပဲခူး ။ ။ ပဲခူးတိုင်း သဲကုန်းတိုက်နယ် အင်းမမြို့ရှိ ဗလီနှင့် မွတ်စလင်မ်အိမ်များအား ဖျက်ဆီးရန် အကြမ်းဖက်သမားများ အုပ်စုဖွဲ့၍ ချီတက် လာနေကြာင်း သတင်းရရှိသည်။
အင်းမမြို့ရှိ ဗလီအား လွန်ခဲ့သောရက်က ဖျက်ဆီးရန်ပြုခဲ့ပြီး ယနေ့ညတွင် ဗလီနှင့် မွတ်စလင်မ်အိမ် များအား ဆက်လက်ဖျက်ဆီးရန်အတွက် အင်းမအနီးရှိ ဘုရားကြီးကုန်းရွာနှင့် ပျားစည်ရွာတို့မှ အကြမ်းဖက်သမားများစုပေါင်း၍ လူ-၁၅၀ ခန့် ချီတက်လာကြောင်းကို အခြားရွာမှနေ၍ အင်းမမြို့သို့ သတိပေးပြောဆိုသောကြောင့် အင်းမမြို့ရှိ မွတ်စလင်မ်များ အလွန်အမင်း စိုးရိမ်ထိတ်လန့် နေသောကြောင်း အင်းမမှ M-Media သို့ လွန်ခဲ့သော ၁၅-မိနစ်ခန့်တွင် ပြောကြားလာပါတယ်။

No comments:
Post a Comment