မြောက် ကိုရီးယား နိုင်ငံသည် ယခုအခါ တောင် ကိုရီးယား နိုင်ငံနှင့်
စစ်ပွဲဆင်နွှဲရန် အခြေ အနေ တစ်ရပ် အတွင်းသို့ ဝင်ရောက် လာပြီ ဖြ စ်
ကြောင်း
မြောက် ကိုရီးယား အာဏာ ပိုင် များ က ပြောကြား လိုက်ပြီး အမေရိကန်
ပြည်ထောင်စု၏ အဓိက ပြည်မကြီး ကိုလည်း တိုက်ခိုက် ဖျက်ဆီး ပစ်မည်ဟု
ခြိမ်းခြောက် ခဲ့မှုကြောင့် တဖြည်းဖြည်း မြင့်တက် လာသည့် ကိုရီးယား
ကျွန်းဆွယ်ပေါ်မှ တင်းမာ မှုများနှင့် စပ်လျဉ်း၍ အင်အားကြီး နိုင်ငံများက
မျက်ခြည် မပြတ် စောင့်ကြည့်လျက် ရှိသည်ကို တွေ့ရသည်။
တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံက ၁၉၅ဝ- ၁၉၅၃ ခုနှစ် စစ်ပွဲ
အပြီးတွင် ချုပ်ဆို ခဲ့သည့် သဘောတူ စာချုပ်မှာ အပစ် အခတ် ရပ်စဲရေး အတွက်သာ
ဖြစ်ပြီး ငြိမ်းချမ်းရေး စာချုပ် မဟုတ်သောကြောင့် ယင်း နှစ်နိုင်ငံသည်
ဥပဒေ သတ်မှတ်ချက် အရ ဆိုရ ပါမူ စစ်ဖြစ်နေဆဲ အခြေ အနေတွင် ရှိနေသည်ဟု
ဆိုနိုင် ပါသည်။ ယင်းအပစ် အခတ် ရပ်စဲရေး သဘောတူ စာချုပ် ကိုလည်း
မြောက်ကိုရီးယား အစိုးရက ဖျက်သိမ်းကြောင်း မတ် ၁၁ ရက်က ကြေညာ ခဲ့သည်။
မြောက် ကိုရီးယား အစိုးရ အနေဖြင့် ဟာဝိုင်အီ၊ ဂူဟမ်ကျွန်း၊ တောင်
ကိုရီးယား နိုင်ငံ အတွင်းရှိ အမေရိကန် စစ်စခန်း များနှင့် အမေရိကန်
ပြည်ထောင်စု အတွင်း ရှိ ပစ်မှတ် များကို ဦးစွာ တိုက်ခိုက် သွားမည်ဟု
ကြေညာထားပြီး မြောက် ကိုရီးယား စစ်တပ်၏ မဟာဗျူဟာ ဒုံးကျည် တပ်ဖွဲ့ကို
လက်ရှိ အချိန်တွင် အသင့် အနေ အထား ပြင်ဆင်ထားရန် ကင်ဂျုံအွန်က အမိန့်ပေး
ထားပြီး ဖြစ်သည်။
မြောက် ကိုရီးယား၏ ခြိမ်းခြောက်မှု များသည်
တောင်ကိုရီးယားနှင့် အမေရိကန်တို့ နှစ်နိုင်ငံ အကြား ပူးတွဲစစ်ရေး
လေ့ကျင့်မှု ပြုလုပ်စဉ် အတွင်း အမေရိကန် အစိုးရ က နျူကလီးယားဗုံး သယ်
ဆောင်နိုင်သော B-2 ကိုယ်ပျောက် ဗုံးကြဲ လေယာဉ်ကို အသုံးပြု လေ့ကျင့်ပြီး
နောက်ပိုင်း တွင် ထွက်ပေါ် လာခြင်း ဖြစ်သည်
Read more>> http://bit.ly/13HJKZ6
မြောက် ကိုရီးယား နိုင်ငံသည် ယခုအခါ တောင် ကိုရီးယား နိုင်ငံနှင့်
စစ်ပွဲဆင်နွှဲရန် အခြေ အနေ တစ်ရပ် အတွင်းသို့ ဝင်ရောက် လာပြီ ဖြ စ်
ကြောင်း မြောက် ကိုရီးယား အာဏာ ပိုင် များ က ပြောကြား လိုက်ပြီး အမေရိကန် ပြည်ထောင်စု၏ အဓိက ပြည်မကြီး ကိုလည်း တိုက်ခိုက် ဖျက်ဆီး ပစ်မည်ဟု ခြိမ်းခြောက် ခဲ့မှုကြောင့် တဖြည်းဖြည်း မြင့်တက် လာသည့် ကိုရီးယား ကျွန်းဆွယ်ပေါ်မှ တင်းမာ မှုများနှင့် စပ်လျဉ်း၍ အင်အားကြီး နိုင်ငံများက မျက်ခြည် မပြတ် စောင့်ကြည့်လျက် ရှိသည်ကို တွေ့ရသည်။
တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံက ၁၉၅ဝ- ၁၉၅၃ ခုနှစ် စစ်ပွဲ အပြီးတွင် ချုပ်ဆို ခဲ့သည့် သဘောတူ စာချုပ်မှာ အပစ် အခတ် ရပ်စဲရေး အတွက်သာ ဖြစ်ပြီး ငြိမ်းချမ်းရေး စာချုပ် မဟုတ်သောကြောင့် ယင်း နှစ်နိုင်ငံသည် ဥပဒေ သတ်မှတ်ချက် အရ ဆိုရ ပါမူ စစ်ဖြစ်နေဆဲ အခြေ အနေတွင် ရှိနေသည်ဟု ဆိုနိုင် ပါသည်။ ယင်းအပစ် အခတ် ရပ်စဲရေး သဘောတူ စာချုပ် ကိုလည်း မြောက်ကိုရီးယား အစိုးရက ဖျက်သိမ်းကြောင်း မတ် ၁၁ ရက်က ကြေညာ ခဲ့သည်။
မြောက် ကိုရီးယား အစိုးရ အနေဖြင့် ဟာဝိုင်အီ၊ ဂူဟမ်ကျွန်း၊ တောင် ကိုရီးယား နိုင်ငံ အတွင်းရှိ အမေရိကန် စစ်စခန်း များနှင့် အမေရိကန် ပြည်ထောင်စု အတွင်း ရှိ ပစ်မှတ် များကို ဦးစွာ တိုက်ခိုက် သွားမည်ဟု ကြေညာထားပြီး မြောက် ကိုရီးယား စစ်တပ်၏ မဟာဗျူဟာ ဒုံးကျည် တပ်ဖွဲ့ကို လက်ရှိ အချိန်တွင် အသင့် အနေ အထား ပြင်ဆင်ထားရန် ကင်ဂျုံအွန်က အမိန့်ပေး ထားပြီး ဖြစ်သည်။
မြောက် ကိုရီးယား၏ ခြိမ်းခြောက်မှု များသည် တောင်ကိုရီးယားနှင့် အမေရိကန်တို့ နှစ်နိုင်ငံ အကြား ပူးတွဲစစ်ရေး လေ့ကျင့်မှု ပြုလုပ်စဉ် အတွင်း အမေရိကန် အစိုးရ က နျူကလီးယားဗုံး သယ် ဆောင်နိုင်သော B-2 ကိုယ်ပျောက် ဗုံးကြဲ လေယာဉ်ကို အသုံးပြု လေ့ကျင့်ပြီး နောက်ပိုင်း တွင် ထွက်ပေါ် လာခြင်း ဖြစ်သည်

No comments:
Post a Comment