အီကြာကွေးစားသုံးမှု သတိပြု
ဖေဖော်ဝါရီ ၁၇ ၊ ၂၀၁၃
လူအများ စားသုံးလျက်ရှိ သော အီကြာကွေးထဲ၌ ရောင်းပန်း လှရန်အတွက် မိုးနီးယား (NH3) ဟုခေါ်သော ဓာတုဆေးဝါးတစ် မျိုးအားသုံးစွဲကာ ကြော်လှော် ရောင်းချမှုများ ရှိကြောင်း စားသုံး သူကာကွယ်ရေးအသင်းမှ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားသည်။
““ဒီလိုဖြစ်တဲ့ နေရာကတော့ ရွှေပြည်သာက ထန်းခြောက်ပင် ဈေးမှာ ဖြစ်တာ။ ဆရာတို့ကို လူ တွေက အဲဒီဆိုင်က အီကြာကွေး တွေက သေးစော်နံလို့ ဆိုပြီး တိုင်တယ်။ ဆရာတို့ သွားစစ်တဲ့အခါ ကျတော့ သေးစော်နံမှာပေါ့ မိုး နီးယား (NH3) ကိုထည့်သုံးထား တာကို မိုးနီးယား ဆိုတဲ့ ဓာတုဆေးဝါး တစ်မျိုးကို အီကြာကွေးတို့အခြား ကြော်တဲ့ နေရာတွေမှာ ထည့်သုံး မယ်ဆိုရင် အဲဒီဆေးက အခြားပွ ဆေးတွေ သုံးတာထက် ပိုပွတယ်။
အရင်တုန်းက အီကြာကွေးတွေ ထဲမှာ ဆော်ဒါထည့် သုံးကြတယ်။ အဲဒါကိုသုံးတာ ဆရာတို့ဘာမှ မပြောပါဘူး။အခုဟာက တရား လွန်လာ တယ်။ ဘယ်သူသေသေ ငတေမာရင်ပြီးရောစိတ်နှင့်အလုပ် လုပ်နေကြ တယ်””ဟု ပြောကြားခဲ့ သည်။
အဆိုပါကဲ့သို့ ၀ိဿမလော ဘသမားများ မတော်စီးပွားရှာကာ ပြုလုပ် ရောင်းချ ခြင်းကြောင့် စားဖို့ အသက်ရှင်နေသည်ဟု မဖြစ် ရစေပဲ အသက်ရှင်ဖို့ စားရသည် ဖြစ်စေလို သောကြောင့် ကျန်းမာ ရေးအတွက် ဂရုစိုက်ကာစား သောက်စေလိုကြောင်း ဦးဗအုပ်ခိုင် ၏ မှာကြားချက်အရ သိရှိရသည်။
အဆိုပါ မိုးနီးယား (NH3) သည် ရေခဲစက်နှင့် အဲယားကွန်း များတွင် သုံးသည် မိုးနီးယား (NH3) အမျိုးအစားဖြစ်ပြီး ယင်းကဲ့သို့ အသုံးပြု ထားသော အစားအစာ ရောဂါဝေဒနာ ရရှိနိုင်ပြီး ရေရှည် စားသုံးပါက ကင်ဆာရောဂါများ ရရှိနိုင်ကြောင်း အဆိုပါပုဂ်္ဂိုလ် ပြောကြားချက်အရ သိရသည်။
ဖြိုးအောင်

No comments:
Post a Comment