Saturday, February 16, 2013

နေပြည်တော် ကောင်စီနယ်မြေရှိ ဘုန်းကြီးကျောင်း ၂၆ ကျောင်း မဖယ်ရှား၍ တရားစွဲဆိုထား

နေပြည်တော်ကောင်စီနယ်မြေ ဇဗ္ဗူသီရိ၊ ဥတ္တရသီရိနှင့် ဒက္ခိဏသီရိမြို့နယ်ရှိ ဘုန်းကြီးကျောင်း ၂၆ ကျောင်းမှ သံဃာတော်များအား နေပြည်တော် သာသနာရေးမှူးမှ တရားစွဲဆိုထားကြောင်း အဆိုပါကျောင်းမှ သံဃာတော်များက မိန့်ကြားသည်။

အဆိုပါ သံဃာတော်များသည် ယနေ့ နံနက် ၁၀ နာရီတွင် မြန်မာ ဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ မိန့်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါကျောင်း ၂၆ ကျောင်းအား ဖယ်ရှားပေးရန် ပြောဆိုသော်လည်း မဖယ်ရှားသည့်အတွက် သာသနာရေးမှူးမှ တရားလိုပြုလုပ်စွဲဆိုခြင်း ဖြစ်ပြီး ယင်းအတွက် ယခုလ ၁၃ ရက်နေ့တွင် ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ်ကျောင်း တိုက်ရှိ ၀ိနိစ္ဆယရုံးသို့ ဆင့်ခေါ်ခဲ့ကြောင်း ၊ သို့သော် ၎င်းသံဃာတော်များမှာ ဆင့်ခေါ်ရာ ၀ိနိစ္ဆယရုံးသို့ သွားရောက်ခြင်း မရှိခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ကျင်းပသည့် ဆဌမအကြိမ် နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ (၄၇)ပါး စုံညီ သတ္တရသမ အစည်းအဝေး မှ နေပြည်တော် ကောင်စီနယ်မြေရှိ ကျူးကျော်ဘုန်းကြီးကျောင်း (၂၄) ကျောင်းအား ဘုန်းတော်ကြီးကျောင်းအဖြစ် အသိအမှတ် မပြုရန် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းအတွက် အဆိုပါ ကျောင်းများရှိ သံဃာတော်များမှ ကျောင်းများအား ၀ါဆိုသံဃာစာရင်းဝင် ကျောင်း များအဖြစ် သတ်မှတ်ပေးရန် ၂၂ ရက် ဇန်န၀ါရီလ ၂၀၁၃ ခုနှစ် ရက်စွဲပါ လျှောက်ထားချက်အား ကမ္ဘာအေး မြို့နယ်ရှိ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ လျှောက်ထားခဲ့သော်လည်း တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိသေးကြောင်း သိရသည်။

ထို့အပြင် ယခုလ ၁၄ ရက်နေ့တွင်လည်း တရားစွဲဆိုထားမှုအား အမြန်ဆုံး တားမြစ်ပေးရန် အသနားခံလျှောက်ထားခြင်း ထပ်မံပြုလုပ်ထားကြောင်း သိရသည်။

by: Popular

No comments:

Post a Comment