Sunday, February 17, 2013

ရခိုင်ပြည်နယ်အရေးကိစ္စ သက်ဆိုင်ရာ လူမျိုးစု ၂ စုတို့ ညှိနှိုင်းအဖြေ ရှာရမည်ဟု ကင်တားနားပြော

=======================================
February 15, 2013

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်နေသော လူမျိုးစု ၂ စု အတူတကွ ပြန်လည် အခြေချ နေထိုင်နိုင်ရေးသည် နိုင်ငံတကာ အဖွဲ့အစည်းများ ၀င်ရောက် ဆောင်ရွက်၍ မရဘဲ ထိုလူမျိုးစု ၂ စုကသာ ဆွေးနွေး ညှိနှိုင်း အဖြေရှာရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ရခိုင်ပြည်နယ် သို့ ၂ ရက်ကြာ ခရီးသွားရောက်စဉ် ပြောကြားသည်။

ရခိုင်ပြည်နယ် အရေးသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် အလွန်အရေးကြီးသော အနေအထားတွင် ရှိနေကြောင်း၊ တကမ္ဘာလုံးကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြောင်း မစ္စတာ ကင်တားနားက မှတ်ချက်ပြုသည်။

စစ်တွေဟိုတယ်တွင် ပြုလုပ်ခဲ့သော ဒေသခံလူထုနှင့် တွေ့ဆုံရာတွင် ရခိုင်များဘက်မှ ၁၆ ဦး တက်ရောက်ခဲ့ပြီး ရိုဟင်ဂျာမွတ်စလင် များဘက်မှ ၁၀ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ သက်ကယ်ပြင်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ တစ်ဦးဖြစ်သည့် ဦးမောင်ဖြူကလည်း ၎င်းတို့သည် နိုင်ငံသားဖြစ်ကြောင်း၊ ထို့အတွက် နိုင်ငံသား အခွင့်အရေးများကို အပြည့်အ၀ လိုချင်ကြောင်း၊ ယခင်ကကဲ့သို့ ကိုယ့်နေရာကိုယ်ပြန်နေပြီး တရားဥပဒေ စိုးမိုးမှုအောက်တွင် လုံခြုံမှုဘ၀ကို ပြန်လည်တည်ဆောက်ချင်ကြောင်း ပြောသည်။

“အချိန်ကာလ တခုအတွင်း ၂ ဘက်စလုံးက အဖြေတခု ထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ရခိုင်လူထု အနေနဲ့ လူမျိုးကြီး ၀ါဒကို နည်းနည်းလျှော့လိုက်ရင်တော့ အဖြေတခု ထွက်လာမယ်လို့ မျှော်လင့်တယ်” ဟု ၎င်းက ဆိုသည်။

မစ္စတာ ကင်တားနား အနေဖြင့် ဒုက္ခသည်များ၏ အနေအထားကို စိုးရိမ်မိကြောင်း၊ ယင်း လူမျိုးစု ၂ စု၏ အခြေခံလူ့အခွင့် အရေး မြှင့်တင်ရေးကို စိတ်ဝင်စားသည်ဟု ဆိုကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် စစ်တွေမြို့ခံ ဦးသန်းထွန်းက ပြောသည်။

ဒုက္ခသည်များ အနေဖြင့် တရားဝင် မှတ်ပုံတင် လျှောက်ထားရာတွင် လူမျိုးနေရာ၌ ဘင်္ဂါလီဟု အသုံးပြုပြီး တဦးချင်း အလိုက် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်ကြောင်း၊ အစိုးရ၏ ဥပဒေများ အတိုင်း ဖြစ်လာမည် ဖြစ်ကြောင်းဟု ၎င်းက ဆက်ပြောသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၁၁ ရက်နှင့် ၁၂ ရက် ၂ ရက်အကြာ ရခိုင်ပြည် ခရီးစဉ်အတွင်း ပြည်နယ်ဝန်ကြီး အစိုးရအဖွဲ့၊ မြေပုံနှင့် ပေါက်တောမြို့နယ်များ အတွင်းရှိ ကြိမ်လီပြင် ဒုက္ခသည်စခန်း အပါ အဝင် ဒုက္ခသည် စခန်း ၃ ခုသို့ သွားရောက်ကာ ဒုက္ခသည်များနှင့် စစ်တွေ အကျဉ်းထောင်မှ အကျဉ်းသားတချို့နှင့်ပါ တွေ့ဆုံခဲ့ကြောင်း သိရသည်။

လက်ရှိ လုံခြုံရေးတပ်ဖွဲ့များ ပြန်လည် ရုပ်သိမ်းလိုက်သည်နှင့် ပဋိပက္ခပြန်လည် ဖြစ်နိုင်ချေ ရှိနေသေးသည်ကို မြင်နေရသည့် အတွက် အချိန်အတိုင်းအတာ တခုအထိ လုံခြုံရေး စည်းများခြားပြီး လူမျိုးစု ၂ စုကို ခွဲခြားထားသင့်သည် ဟု မြင်ကြောင်း၊ ပဋိပက္ခ လွန်ကာလတွင် ရခိုင်တိုင်းရင်းသားများနှင့် ရိုဟင်ဂျာလူမျိုးများ အတူပြန်လည် ယှဉ်တွဲ နေထိုင်ရန် ရိုဟင်ဂျာများ ဘက်က လိုလားသော်လည်း ရခိုင်များက လုံးဝလက်ခံနိုင်ခြေ မရှိသေးကြောင်း မစ္စတာ ကင်တားနား၏ အဆိုအရ သိရသည်။

ခရီးစဉ်၏ ပထမနေ့တွင် မစ္စတာ ကင်တားနားသည် ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်ခွင့် ဥပဒေ ကိစ္စကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အား အလေးထားမေးမြန်းကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ရခိုင် – ရိုဟင်ဂျာ ပဋိပက္ခ ကာလအတွင်း ဖမ်းဆီးခံထားရသည့် အကျဉ်းသားများနှင့် စစ်တွေ အကျဉ်းထောင်တွင် အကျဉ်းကျ ခံနေရသည့် ကုလသမဂ္ဂ၏ ရခိုင်ပြည်နယ် ဝန်ထမ်းတဦးဖြစ်သူ ဒေါက်တာ ထွန်းအောင်တို့၏ အခြေအနေကိုလည်း မေးမြန်းခဲ့သည်။

စစ်တွေ အကျဉ်းထောင်တွင် အကျဉ်းသားပေါင်း ၁၄၇၅ ဦးအနက် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် ဖမ်းဆီး ထိမ်းသိမ်းခံခဲ့ရသည့် အကျဉ်းသားပေါင်း ၈၃၇ ဦးရှိသည်။

RSV

February 15, 2013

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်နေသော လူမျိုးစု ၂ စု အတူတကွ ပြန်လည် အခြေချ နေ ထိုင်နိုင်ရေးသည် နိုင်ငံတကာ အဖွဲ့အစည်းများ ၀င်ရောက် ဆောင်ရွက်၍ မရဘဲ ထိုလူမျိုးစု ၂ စုကသာ ဆွေးနွေး ညှိနှိုင်း အဖြေရှာရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ရခိုင်ပြည်နယ် သို့ ၂ ရက်ကြာ ခရီးသွားရောက်စဉ် ပြောကြားသည်။

ရခိုင်ပြည်နယ် အရေးသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် အလွန်အရေးကြီးသော အနေအထားတွင် ရှိနေကြောင်း၊ တကမ္ဘာလုံးကလည်း စိတ်ဝင် တစား စောင့်ကြည့်နေကြောင်း မစ္စတာ ကင်တားနားက မှတ်ချက်ပြုသည်။

စစ်တွေဟိုတယ်တွင် ပြုလုပ်ခဲ့သော ဒေသခံလူထုနှင့် တွေ့ဆုံရာတွင် ရခိုင်များဘက်မှ ၁၆ ဦး တက်ရောက်ခဲ့ပြီး ရိုဟင်ဂျာမွတ်စလင် များဘက်မှ ၁၀ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ သက်ကယ်ပြင်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ တစ်ဦးဖြစ်သည့် ဦးမောင်ဖြူကလည်း ၎င်းတို့သည် နိုင်ငံသားဖြစ်ကြောင်း၊ ထို့အတွက် နိုင်ငံသား အခွင့်အရေးများကို အပြည့်အ၀ လိုချင်ကြောင်း၊ ယခင်ကကဲ့သို့ ကိုယ့်နေရာကိုယ်ပြန်နေပြီး တရားဥပဒေ စိုးမိုးမှုအောက်တွင် လုံခြုံမှုဘ၀ကို ပြန်လည်တည်ဆောက်ချင်ကြောင်း ပြောသည်။

“အချိန်ကာလ တခုအတွင်း ၂ ဘက်စလုံးက အဖြေတခု ထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ရခိုင်လူထု အနေနဲ့ လူမျိုးကြီး ၀ါဒကို နည်းနည်းလျှော့လိုက်ရင်တော့ အဖြေတခု ထွက်လာမယ်လို့ မျှော်လင့်တယ်” ဟု ၎င်းက ဆိုသည်။

မစ္စတာ ကင်တားနား အနေဖြင့် ဒုက္ခသည်များ၏ အနေအထားကို စိုးရိမ်မိကြောင်း၊ ယင်း လူမျိုးစု ၂ စု၏ အခြေခံလူ့အခွင့် အရေး မြှင့်တင်ရေးကို စိတ်ဝင်စားသည်ဟု ဆိုကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် စစ်တွေမြို့ခံ ဦးသန်းထွန်းက ပြောသည်။

ဒုက္ခသည်များ အနေဖြင့် တရားဝင် မှတ်ပုံတင် လျှောက်ထားရာတွင် လူမျိုးနေရာ၌ ဘင်္ဂါလီဟု အသုံးပြုပြီး တဦးချင်း အလိုက် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင်ကြောင်း၊ အစိုးရ၏ ဥပဒေများ အတိုင်း ဖြစ်လာမည် ဖြစ်ကြောင်းဟု ၎င်းက ဆက်ပြောသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၁၁ ရက်နှင့် ၁၂ ရက် ၂ ရက်အကြာ ရခိုင်ပြည် ခရီးစဉ်အတွင်း ပြည်နယ်ဝန်ကြီး အစိုးရအဖွဲ့၊ မြေပုံနှင့် ပေါက်တောမြို့နယ်များ အတွင်းရှိ ကြိမ်လီပြင် ဒုက္ခသည်စခန်း အပါ အဝင် ဒုက္ခသည် စခန်း ၃ ခုသို့ သွားရောက်ကာ ဒုက္ခသည်များနှင့် စစ်တွေ အကျဉ်းထောင်မှ အကျဉ်းသားတချို့နှင့်ပါ တွေ့ဆုံခဲ့ကြောင်း သိရသည်။

လက်ရှိ လုံခြုံရေးတပ်ဖွဲ့များ ပြန်လည် ရုပ်သိမ်းလိုက်သည်နှင့် ပဋိပက္ခပြန်လည် ဖြစ်နိုင်ချေ ရှိနေသေးသည်ကို မြင်နေရသည့် အတွက် အချိန်အတိုင်းအတာ တခုအထိ လုံခြုံရေး စည်းများခြားပြီး လူမျိုးစု ၂ စုကို ခွဲခြားထားသင့်သည် ဟု မြင်ကြောင်း၊ ပဋိပက္ခ လွန်ကာလတွင် ရခိုင်တိုင်းရင်းသားများနှင့် ရိုဟင်ဂျာလူမျိုးများ အတူပြန်လည် ယှဉ်တွဲ နေထိုင်ရန် ရိုဟင်ဂျာများ ဘက်က လိုလားသော်လည်း ရခိုင်များက လုံးဝလက်ခံနိုင်ခြေ မရှိသေးကြောင်း မစ္စတာ ကင်တားနား၏ အဆိုအရ သိရသည်။

ခရီးစဉ်၏ ပထမနေ့တွင် မစ္စတာ ကင်တားနားသည် ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်ခွင့် ဥပဒေ ကိစ္စကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အား အလေးထားမေးမြန်းကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ရခိုင် – ရိုဟင်ဂျာ ပဋိပက္ခ ကာလအတွင်း ဖမ်းဆီးခံထားရသည့် အကျဉ်းသားများနှင့် စစ်တွေ အကျဉ်းထောင်တွင် အကျဉ်းကျ ခံနေရသည့် ကုလသမဂ္ဂ၏ ရခိုင်ပြည်နယ် ဝန်ထမ်းတဦးဖြစ်သူ ဒေါက်တာ ထွန်းအောင်တို့၏ အခြေအနေကိုလည်း မေးမြန်းခဲ့သည်။

စစ်တွေ အကျဉ်းထောင်တွင် အကျဉ်းသားပေါင်း ၁၄၇၅ ဦးအနက် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် ဖမ်းဆီး ထိမ်းသိမ်းခံခဲ့ရသည့် အကျဉ်းသားပေါင်း ၈၃၇ ဦးရှိသည်။

No comments:

Post a Comment