Wednesday, February 13, 2013
ယာယီနိုင်ငံကူးလက်မှတ်လျှောက်ထာ
မြန်မာအလုပ်သမား ခန့်မှန်းချေ ၁၀ သိန်းခန့်အတွက် သတင်းကောင်းတခု ရှိနေသည်။
နှစ်နိုင်ငံအစိုးရ သဘောတူညီချက်ဖြင့် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမည့်အစီအစဉ် လာမည့် သောကြာနေ့တွင် ပြန်လည် စတင်မည်ဟူသော သတင်း ဖြစ်သည်။
ထို့အပြင် ထိုင်းနိုင်ငံအတွင်း နေ့ချင်းပြီး ထုတ်ပေးသွားမည် ဆိုသောကြောင့် အလုပ်သမားတို့ ပိုမို အဆင်ပြေကြမည် ဖြစ်သည်။
ယာယီနိုင်ငံကူးလက်မှတ်ရှိပါက တရားဝင်အလုပ်လုပ်ကိုင်နိုင်ကြမည
ထိုင်းနိုင်ငံတွင်းသို့ အဓိက ၀င်ရောက်ရာ နယ်စပ်ဂိတ်တခုဖြစ်သည့် မြ၀တီ မဲဆောက် ချစ်ကြည်ရေးတံတားအနီးတွင် နေ့ချင်းပြီး ၀န်ဆောင်မှု လုပ်ငန်း ဆောင်ရွက်ပေးနိုင်ရန်အတွက် နှစ်ဘက် အရာရှိများ လုပ်ငန်းခွင်သို့ရောက်ရှိနေပြီ ဖြစ်ကြောင်း ထိုင်းဝန်ထမ်းတဦးကပြောသည်။
၎င်းက ”ဒီလ ၁၅ ရက်နေ့ကနေ စမယ်။ ထိုင်းဝန်ထမ်းတွေ မြန်မာဝန်ထမ်းတွေ ပူးတွဲပြီး ထိုင်းဘက်မှာပဲ ၀န်ဆောင်မှုပေးသွားမှာဖြစ်တယ်။ အဓိက ထိုင်းမှာ ရောက်နေပြီး ယာယီနိုင်ငံကူးလက်မှတ်မလုပ်ရသေး
ထိုင်းအစိုးရသည် သတ်မှတ်ကာလအတွင်း နိုင်ငံသားစီစစ်မှု၊ ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားမှု များ ဆောင်ရွက်ရန်ကျန် ရှိနေသည့် မြန်မာအလုပ်သမား ၁၀ သိန်းခန့်ကို ဖမ်းဆီး၍နေရပ်ပြန် ပို့မည်ဟု ကြေညာပြီးနောက် မြန်မာအစိုးရ၏မေတ္တာ ရပ်ခံချက်ကြောင့် သက်ညာမှုပေးသည့် ၃ လတာ အစီအစဉ်ဖြစ်သည်။
လျှောက်လွှာ ဘယ်လို တင်မလဲ?
ထိုင်းအလုပ်ရှင်နှင့်မြန်မာအလုပ
၎င်းအစီအစဉ်ကို ထိုင်းနိုင်ငံအတွင်း မဲဆောက်၊ ချင်းမိုင်၊ ရနောင်း၊ ခွန်းကယ်၊ အပါအ၀င်နေရာ ၁၁ နေရာတွင် ထိုင်းနှင့်မြန်မာနှစ်နိုင်ငံတာ
ယခုအစီအစဉ်သည် နှစ်နိုင်ငံအကြားပထမဆုံးအကြိမ်ထ
ထိုင်းရောက် မြန်မာတို့ တရားဝင်မှု အခြေအနေ
ယာယီနိုင်ငံကူးလက်မှတ် ရရှိပြီးသူ - ၁၃ သိန်းခန့်
ယာယီနိုင်ငံကူးလက်မှတ် ရရှိရန် လျှောက်ထားသူ - ၇ သိန်းကျော်
အထောက်မထားမရှိဘဲနေထိုင်နေသူ - ၁၀ သိန်းကျော်
(အချက်အလက် ရင်းမြစ် - မြန်မာအလုပ်သမားအရေးဆောင်ရွက်နေ
သက်ညာခွင့်ရက်ပေါင်း ၁၂၀ ကျော်ပါက ယာယီနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းမရှိဘဲ ဆက်လက်နေ ထိုင်သည့် မြန်မာအလုပ်သမားများကို ရှာဖွေ ဖမ်းဆီးဖွယ် ရှိသည်ဟု မဲဆောက်အခြေစိုက် ရောင်ခြည်ဦး
အလုပ်သမားအဖွဲ့မှ ဥပဒေရေးရာတာဝန်ခံ ကိုထွေးနိုင်က ဧရာဝတီသတင်းဌာနကို ပြောသည်။
နေ့ချင်းပြီးဝန်ဆောင်မှုများကို မဲဆောက်၊ ချင်းမိုင်၊ ခွန်းကယ်၊ ရနောင်း၊ မယ်ဆိုင်၊ နွန်ထဘူရီ၊ ပထုံဌာနီ၊ နခေါပထုံ၊ စ မွတ်စာခေါ၊ ကန်ချနဘူရီ၊ ချင်းရိုင်း စသည့်ဒေသများတွင် ပြုလုပ်ပေးသွားမည်ဟုသိရသည်။
ယခင်က ယာယီနိုင်ငံကူးလက်မှတ်လျှောက်ထာ
ဤလက်မှတ်ပိုင်ရှင်သည် ထိုင်းနိုင်ငံအတွင်း တရားဝင် အလုပ် လုပ်ကိုင်နိုင်သည်၊ ခရီးသွားလာနိုင် သည်။ မြန်မာနိုင်ငံသို့ ပြန်လိုလျှင်လည်း နယ်စပ်ဖြတ် ပြန်နိုင်သကဲ့သို့ လေကြောင်းခရီးဖြင့်လည်း ပြန်နိုင် သည်။
လေယာဉ်စီးခွင့်ပြုထားသော်လည်း အများစုမှာ ဈေးသက်သာသော ကားလမ်းခရီးကိုသာ ရွေးချယ်ကြသည်။
ဤလက်မှတ်ကို ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံတွင်သာ အသုံးပြုနိုင်သည်။
ပြည်တော်မြင့်
ဧရာဝတီ

No comments:
Post a Comment