ဇန်နဝါရီ ၂၈ ၊ ၂၀၁၃
M-Media
ကိုလံဘို ။ ။နိုင်ငံအတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအား ဆန့်ကျင်တိုက်ခိုက်နေမှုကို ရပ်တန့်ရန် အားထုတ်မှုအဖြစ် သီရိလင်္ကာ သမ္မတ Mahinda Rajapakse က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ အားတွေ့ဆုံ၍ တိုင်းပြည်အတွင်း ဘာသာရေးမုန်းတီးမှု၊ အကြမ်းဖက်မှုများ လှုံ့ဆော်ခြင်းကို ရပ်တန့် ရန် လျှောက်ထားခဲ့သည်။
“ဗုဒ္ဓသာသနာကို တည်တံ့ခိုင်မြဲအောင် လုပ်တာက ပြဿနာမရှိပါဘူး။ ဒါပေမယ့် တခြားဘာသာ တရားတွေနဲ့ ပဋိပက္ခဖြစ်အောင် ဖန်တီးတာမျိုး မဟုတ်ဘဲ လုပ်ဆောင်သင့်ပါတယ်။” ဟု သမ္မတ ပြောဆိုချက်ကို ဇန်န၀ါရီ ၂၈ရက်၊ တနင်္လာနေ့က Nahar Net တွင် ဖော်ပြထား သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။
နိုင်ငံအတွင်းရှိ မွတ်စလင်များအား တိုက်ခိုက်မှုများကို ရပ်တန့်စေရန် နည်းလမ်းများနှင့် ပက်သက်၍ ဆွေးနွေးရန် သမ္မတနှင့် ဘုန်းတော်ကြီးများ တနင်္ဂနွေနေ့က အစည်းအဝေးပြုလုပ်ခဲ့ကြသည်။ မွတ်စလင်များကို ဦးဆောင်တိုက်ခိုက်သည်ဟု စွပ်စွဲခံထားရသည့် “Bodu Bala Sena” သို့မဟုတ် Buddhist Force ဟု အမည်ရသည့်အဖွဲ့မှ အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံခဲ့သည်။
ထိုအဖွဲ့မှာ ဟလာလ် အသားများ ပိတ်ပင်ရန် လှုံ့ဆော်မှုတစ်ခုကို ပြုလုပ်ခဲ့ကြပြီး အစိုးရမှ ကာကွယ်နိုင်ခဲ့လေသည်။
အဆိုပါအဖွဲ့ကမှု မွတ်စလင်များကို တိုက်ခိုက်ခြင်းနှင့်ပက်သက်၍ငြင
ပြီးခဲ့သည့် ဇွန်လက ဘုန်းတော်ကြီးအချို့ ဦးဆောင်သည့် လူပေါင်း ၂၀၀ခန့်ရှိသော ဆန္ဒပြသူများသည် ကိုလံဘိုမြို့ဆင်ခြေဖုံး Dehiwala အရပ်ရှိ အစ္စလာမ့်စင်တာသို့ လာရောက်ခဲ့ကြပြီး ကျောက်တုံးများ၊ အသားပုပ်များဖြင့် ဂိတ်ပေါက်ဝသို့ ပစ်ပေါက်ခဲ့ကြကာ ဗလီဝတ်ကျောင်းတော် ပိတ်ပစ်ရေး ကို တောင်းဆိုသည့် ကြွေးကျော်သံများကိုလည်း ဟစ်အော်ခဲ့ကြသည်။
ဧပြီလတွင်လည်း ဘုန်းတော်ကြီးအချို့က Dambulla ရွာရှိ မွတ်စလင်များ ၀တ်ပြုဆုတောင်းနေမှု ကို နှောက်ယှက်ခဲ့ကြပြီး ၁၉၆၂ ခုနှစ်က တည်ဆောက်ခဲ့သော အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ တရားမ၀င်ဟု ပြောဆိုခဲ့ကြသည်။ သီတင်းပါတ်အနည်းငယ်ကြာပြီးနောက်
စိတ်ဝမ်းကွဲခြင်း
သီရိလင်္ကာမွတ်စလင်များအား တိုက်ခိုက်မှုများသည် နိုင်ငံအတွင်း စိုးရိမ်ပူပန်မှုများ ကို မြင့်တက် လာစေသည်။
“အဲဒါဟာ တရားဥပဒေ ပျက်ပြားမှုပါ။ လူ့အဖွဲ့အစည်းတွေကြားမှာ စိတ်ဝမ်းကွဲမှုတွေကို ရည်ရွယ်ချက်ရှိရှိ ဖန်းတီးနေတဲ့ အုပ်စုတစ်ခု ရှိနေပါပြီ။”ဟု နိုင်ငံ၏ အဓိကအတိုက်အခံပါတီတစ်ခုဖြစ်သည့်
သီရိလင်္ကာ မွတ်စလင်ကောင်စီ ၏ ဥက္ကဌဖြစ်သူ N. M. Ameen ကလည်း ယင်းကိစ္စနှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိနေခဲ့ပြီး ဘုန်းတော်ကြီးများက အဆိုပါ ဆန္ဒပြမှုများမှာ ‘မွတ်စလင် အကြမ်းဖက်သမား များ’ဟု ခေါ်သူများအတွက်သာ ဖြစ်သည်ဟုကြွေးကြော်နေသော်လည်း သာမန်မွတ်စလင်များ အပေါ်သို့လည်း သက်ရောက်မှုများ ရှိနေသည်ဟု သူက ဆိုသည်။
လွန်ခဲ့သည့် သီတင်းပတ်က မွတ်စလင်ရှေ့နေများသည် လူ့အဖွဲ့အစည်းအတွင်း တိုက်ခိုက်မှုများနှင့် ပက်သက်ပြီးဆွေနွေးရန်အတွက် အစည်းအဝေး တစ်ခုပြုလုပ်ရန် သမ္မတအား ဆော်သြခဲ့လေသည်။
အစိုပါကိစ္စကို စောင့်ကြည့်ရန် သမ္မတမှ ကော်မတီတစ်ရပ်ဖွဲ့စည်း ထားရှိပြီးပြီဟု Buddha Sasana and Religious Affairs ၏ လက်ထောက်ဝန်ကြီး M. K. A. D. S Gunawardena က ဆိုသည်။
“ဘယ်ဘာသာတရားကိုမှ စော်ကားတာကို အစိုးရက ခွင့်မပြုပါဘူး။ တစ်ခုခုဖြစ်လာမယ်ဆိုရင် ကျနော်တို့ ဥပဒေအတိုင်း ဆောင်ရွက်သွားပါမယ်။ ဘာသာတရားအားလုံးဟာ တူညီတဲ့အခွင့်အရေးတွေ ရှိကြပါတယ်။ ကော်မတီရဲ့ အကြံပြုချက်ကို အခြေခံပြီးတော့ ကျနော်တို့ ဒီကိစ္စကို ဆောင်ရွက်သွားမှာပါ။” ဟု The Sunday Leader သတင်းစာသို့ တနင်္လာနေ့က ပြောကြားခဲ့သည်။
သို့ရာတွင် United National Party မှ ပါလီမန်အမတ် Hashim ကမူ သဘောတူခြင်းမရှိပေ။
“အရင်ဦးဆုံး အစိုးရအနေနဲ့ ဒါတွေ(တိုက်ခိုက်မှု) ကို ရပ်တန့်ရပါမယ်။ အဲဒါ(ရပ်တန့်ဖို့) ကို လုပ်ဖို့ ပါလီမန်ကရွေးချယ်တဲ့ ကော်မတီမလိုပါဘူး။ အစိုးရက ပြဿနာကို ရင်ဆိုင်နေရာကနေ လမ်းကြာင်းပြောင်း သွားအောင် ကြိုးစားနေပုံရပါတယ်။” ဟု သူက ပြောကြားခဲ့သည်။
မူးရ်(Moors) ဟု အမည်ရသည့် သီရိလင်္ကာ မွတ်စလင်များမှာ နိုင်ငံလူဦးရေ ၇၀ ရာခိုင်နှုန်းရှိသည့် ဆင်ဟာလီလူမျိုးနှင့်၊ ၁၂.၅ ရာခိုင်နှုန်းရှိသည့် တမီလ်လူမျိုးများ၏နောက် တတိယအကြီးဆုံး လူမျိုးစုဖြစ်သည်။ လူမျိုးစုပြဿနာများဖြစ်သည့် အခါတိုင်း ဗုဒ္ဓဘာသာဝင် လူများစုအကြား ပါဝင်ရန် အစိုးရအဆက်ဆက် ဖိအားများရှိနေခဲ့သည်ဟု လေ့လာသူများက ဆိုသည်။
Ref:OnIslam

No comments:
Post a Comment